စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 19, 2022

ဖြစ်သမျှ ပျက်သမျှ ရေတပွက်ပါပဲ

"ဖြစ်သမျှပျက်သမျှ ရေတစ်ပွက်ပါပဲ"
~~~~~~~~~~~~~~~~~~~~

ဆင်းရဲရင်လည်း နှစ်တစ်ရာပဲ
ချမ်းသာရင်လည်း နှစ်တစ်ရာပဲ...။

ဘယ်လိုနိဒါန်း စ,စ လမ်းဆုံးအတူတူပါ
ထာဝစဉ်ထာဝရတော့မရှိပါဘူး...။

ကံကြမ္မာရယ်လမ်းပြလို့
ရှေ့ကခေါ်မယ်
ဘယ်လိုဘယ်နည်းနဲ့ ခေါင်းခါမလဲ ?

သွားပေါ့လာပေါ့ လူ့ခရီးကို 
ဆင်းလိုက်တက်လိုက်တဒင်္ဂမှာပဲ
တမလွန်ဟာအားလုံးအတွက်
တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ
မပြောနိုင်ဘူး ...။

အရာရာဟာ အနိစ္စရဲ့ ဖဝါးအောက်မှာပါ ၊
ရောင်နီဟာတစ်ချိန်တော့ ဆည်းဆာပဲ...။ 

လင်းလိုက်မှောင်လိုက်တဒင်္ဂမှာ
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ...။
        
ဆရာတော်အရှင်ရာဇိန္ဒ
ရဝေနွယ်(အင်းမ)

🙏🙏🙏🙏🙏🙏🙏🙏🙏
credit...

No comments:

Post a Comment