စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 21, 2022

သဒ္ဓါတရားနှင့်ပြည့်စုံသူ၏အကျိုးငါးပါး

သဒ္ဓါတရားနှင့် ပြည့်စုံသူ၏ အကျိုးတရား ၅ ပါး
~~~~~~~~~~~~~~~~~~~~~~~~~

၁။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ သနား စောင့်ရှောက်ကြကုန်၏။
သဒ္ဓါတရားမရှိသူကို မစောင့်ရှောက်ကြကုန်။

၂။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ ချဉ်းကပ်ကြကုန်၏။
သဒ္ဓါတရားမရှိသူကို မချဉ်းကပ်ကြကုန်။

၃။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ အလှူခံကြကုန်၏။
သဒ္ဓါတရားမရှိသူကို အလှူမခံကြကုန်။

၄။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ တရားဟောကြကုန်၏။
သဒ္ဓါတရားမရှိသူကို တရားမဟောကြကုန်။

၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ ရောက်ကြကုန်၏။
သဒ္ဓါတရားမရှိသူသည် အပါယ်ဒုဂ္ဂတိသို့သာလျှင် လားကြကုန်၏။

ဆင်ခြင်ဖွယ်ရာကောင်းလှပေ၏

#သီတာရေစင်

Credit...

No comments:

Post a Comment