တူရာ တူရာပေါ့
************
ဓာတ်တူရင်း ပေါင်းစုံမိတတ်တယ်
************************
သောကများတဲ့သူနဲ့ နေရင်
သောကပွားတယ်..
ဒေါသများတဲ့သူနဲ့အတူနေရင်
ဒေါသပွားတယ်..
မေတ္တာများတဲ့သူနဲ့အတူနေရင်
မေတ္တာ ပွားတယ်..
မနာလိုဝန်တိုစိတ်များတဲ့သူနဲ့ အတူနေရင်
မနာလိုဝန်တိုစိတ်
ပွားတယ်..
ရောဂါများတဲ့သူနဲ့အတူနေရင်
ရောဂါပွားတယ်..
အညင်းအခုံများတဲ့သူနဲ့အတူနေရင်
အညင်းအခုံပွားတယ်..
တရားဓမ္မများတဲ့သူနဲ့ အတူနေရင်
တရားဓမ္မတွေ ပွားလာတယ်..
အပူများတဲ့သူနဲ့ စကားပြောရင်
အပူတိုးတယ်..
အအေးဓာတ် အငြိမ်းဓာတ်များတဲ့သူနဲ့ စကားပြောရင်အအေးဓာတ် အငြိမ်း
ဓာတ်တိုးတယ်..
ကဲ....
သင် ဘာဖြစ်ချင်လဲ?
ဘယ်လိုနေချင်လဲ?
အေးချင်လား ပူချင်လား..?
ရောဂါကင်းချင်လား..?
ကိုယ်ကြိုက်တာကိုယ်လုပ်
ကိုယ်လုပ်တာကိုယ်ရမှာပဲလေ..
တစ်ယောက်ထဲနေတစ်စိတ်ထဲထားနိုင်
အောင် ကြိုးစားပါ..
တစ်ယောက်ထဲနေတဲ့အခါ အတွေးတွေကို သတိထား..
အများနဲ့နေတဲ့အခါ အပြောတွေကို သတိထား..
သတိနဲ့ နေ .မေတ္တာနဲ့ နေ
တရားဓမ္မနဲ့နေပါ..
အဲ့လို နေရင်..
ပူနေတဲ့လောကကြီးထဲအေးချမ်းသူစာရင်းထဲမှာသင့်နာမည်ကထိပ်ဆုံးကပါလာလိမ့်မယ်..
Credit.
No comments:
Post a Comment