🌺🌺... အလှူ ( ၈)မျိုးနှင့် အကျိုး (၈)ပါး🌺🌺
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရောက်လာ၍လှူ၊
ကြောက်၍လှူနှင့် ။
ပေးဖူး၍လှူ၊
ပေးလိမ့်လှူတည်း ။
ရှေးသူတို့ငြမ်း၊
မချက်စွမ်းနှင့် ။
ချီးမွှမ်းရလို၊
မဂ်ဖိုလ်လိုသည် ။
မိန့်ဆိုဒါန ရှစ်မျိုးတည်း။
{အလှူ ၈မျိုး}
___________
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်း၀တ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၄။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကိုပေးလှူသည်ရှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ဝိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။
ဆရာကြီးဦးသုခမှတ်စုမှ..
🍂🌿 အလှူပေးရကျိုး ၈ ပါး🍂🌿
၁။ ခတ္တိယ မဟာသာလ စသော လူ့စည်းစိမ်ကို တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၂။ စတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၃။ တာဝတိံသာနတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၄။ ယာမာနတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၅။ တုသိတာနတ်တို့၏ အပေါင်းအဖော် ဖြစ်ရန် တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၆။ နိမ္မာနရတိနတ်တို့၏ အပေါင်း အဖော်ဖြစ်ရန် တောင်းတ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၇။ ပရိနိမ္မိတဝသဝတ္တီ နတ်တို့၏ အပေါင်းအဖော်ဖြစ်ရန် တောင့်တ၍ လှူ၏၊ သီလရှိသူအား ပြည့်စုံခြင်း၊
၈။ ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်ရန် တောင်းတ၍ လှူ၏၊ သီလရှိသူအားပြည့်စုံခြင်း။
No comments:
Post a Comment