❝ ဗုဒ္ဓလမ်းစဉ်မှာ မရှိ ❞
🌷🌷🌷🌷🌷🌷🌷🌷🌷
"ဘုရားက အပြစ်ပေးလိမ့်မယ်တို့"
"ဘုရားက ဒဏ်ခတ်လိမ့်မယ်တို့" ဆိုတာ
ဗုဒ္ဓလမ်းစဉ်မှာ မရှိဘူးနော်။
အေး...အပြစ်ပေးတာတို့ဒဏ်ခတ်တာတို့ဆိုတာ...
ဘုရားနဲ့ မသက်ဆိုင်ဘူး။အစိုးရနဲ့သာ သက်ဆိုင်တယ်။အစိုးရကသာ
အပြစ်ပေး ဒဏ်ခတ်လိမ့်မယ်။
ဘုရားက ဘယ်သူ့ကိုမှလည်း အပြစ်ပေးတာ မရှိသလို၊ဘယ်သူ့ကိုမှလည်းဥုံဖွ လုပ်ပြီး သွားကယ်တာမရှိဘူး။
ဒဏ်ခတ်တယ်ဆိုတာ...ကိုယ့်ရဲ့မကောင်းတဲ့စိတ်က ကိုယ့်ကို ဒဏ်ခတ်တာ...ဘုရားနဲ့ မသက်ဆိုင်ဘူးနော်။
တချို့ရှိတယ်မလား...မိုးခြိမ်းတာတို့၊ မိုးကြိုးပစ်တာတို့၊ လေပြင်းတိုက်တာတို့၊ ငလျင်လှုပ်တာတို့၊ရေကြီးတာတို့ ကြုံလာတဲ့အခါ
ကြောက်လန့်ပြီး...ဣတိပိသော နဲ့ ဖိနေကြတာလေ။
သဘာဝဘေးအန္တရာယ်ဆိုတာ...
သဘာဝအကြောင်းတရားတွေကြောင့်ပဲ
ဖောက်ပြန် ပျက်စီးရတာ။မဖြစ်နဲ့လို့ တားလို့ မရဘူး၊ထိန်းချုပ်လို့ မရဘူး။
အဲ့ဒါ ဘုရားနဲ့ ဘာဆိုင်လဲ...ဘုရားလုပ်တာမှ မဟုတ်တာ။ဘုရားလည်း သဘာဝတရားကို
လွန်ဆန်လို့မှ မရတာ။
ကြောက်လို့ ဘုရားကိုးကွယ်တာ မဖြစ်စေနဲ့။
ကိုးကွယ်ထိုက်သူဖြစ်လို့
ကိုးကွယ်တာဘဲ ဖြစ်စေချင်တယ်...
သဘောတရားချင်း မတူဘူးနော်...
သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ
ဘေးကင်းရာ ဘေးလွတ်ရာကို
ရှောင်ရှားတတ်ဖို့ကသာ အဓိက။
“ငါ့ကိုကယ်ပါ” “ငါ့ကိုကယ်ပါ” လို့ အော်ပြီး
ကိုယ်တိုင်က ဘေးကင်းရာကို မရွှေ့မပြောင်းရင်...အသက်ပါ ဆုံးရှုံးသွားနိုင်တယ်ပေါ့နော်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
" ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးမြတ် သိဉာဏ်ရည်ထက်၏ ”
No comments:
Post a Comment