စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 9, 2026

ကိသာဂေါတမမီ

ကိသာဂေါတမီထေရီမလောင်းလျာဟာ သူဌေးအိမ်မှာ မွေးဖွားခဲ့ပေမဲ့ နောက်ပိုင်းမှာ မိသားစုစီးပွားရေး ပျက်စီးပြီး ဆင်းရဲသူဘဝ ရောက်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူဌေးသားတဦးနဲ့ အိမ်ထောင်ကျခဲ့ပေမဲ့ ပစ္စည်းဥစ္စာမရှိတဲ့အတွက် အိမ်ထောင်ဖက်ကလွဲရင် ကျန်တဲ့သူတွေရဲ့ နှိမ်ချခြင်း၊ မုန်းတီးခြင်းတွေကို ခံခဲ့ရတယ်။

သူ့ဘဝရဲ့ အလှည့်အပြောင်းကတော့ သားလေးတစ်ယောက် မွေးဖွားလာတဲ့အချိန်မှာ စတင်ခဲ့ပါတယ်။ အဲ့ဒီသားလေးကြောင့်ပဲ တအိမ်လုံးက သူ့အပေါ် ပြန်လည်ကြည်ဖြူလာကြပြီး မျက်နှာပွင့်လန်းခဲ့ရပါတယ်။ ဒါပေမဲ့ လူ့ကံကြမ္မာဆိုတာ ဒီလောက်နဲ့ မပြီးသေးပါဘူး။

သားလေး စကားပြောတတ်စ၊ အရမ်းချစ်ဖို့ကောင်းနေတဲ့ အချိန်လေးမှာပဲ ရောဂါဝေဒနာနဲ့ သေဆုံးသွားခဲ့ရပြန်ပါတယ်။ မိမိရဲ့ တဦးတည်းသော အားကိုးရာ၊ မိမိကို မျက်နှာပွင့်လန်းစေခဲ့တဲ့ သားလေး ဆုံးရှုံးသွားတဲ့အခါ ကိသာဂေါတမီရဲ့ ရင်ထဲမှာ ဘယ်လောက်တောင် ယူကြုံးမရ ဒုက္ခရောက်မလဲဆိုတာ စဉ်းစားကြည့်ရင်ပဲ သိနိုင်ပါတယ်။ ဒါဟာ ကံကြမ္မာရဲ့ ပြက်ရယ်ပြုမှုကို ခံလိုက်ရတာပါပဲ။

အဲ့ဒီအချိန်မှာ စိုးရိမ်စိတ်က သူ့ကိုအများကြီးနှိပ်စက်တယ်.. သိပ်ဒုက္ခရောက်တယ်. တငိုငိုနဲ့ သူပြန်ပြောပြတာက သားလေးရဲ့အလောင်းကောင်ကို ရင်ခွင်ပိုက်ပြီး တတမ်းတတနဲ့ သူဟာအရပ်ထဲလှည့်လည်ပြီးတော့ သွားလာနေတယ်..

သူ့သားသေတယ်ဆိုတာ ပြောလို့မရဘူး... မယုံကြည်နိုင်ဘူး... အဲ့ဒီအချိန်လေးမှာ ပြန်ပြီးတော့ဆေးကုရင် သူ့သားကပြန်ရှင်ရမယ်ဆိုတဲ့စိတ်နဲ့ မပစ်ရက်ပဲ သူ့သားလေးကိုဆေးကုပြီး ပြန်အသက်ရှင်နိုင်မဲ့နည်းကို လိုက်ရှာတယ်. လူတွေ့တိုင်း "သူ့သားလေးကို မကုနိုင်ဘူးလား. သူ့သားလေးမသေအောင် မလုပ်နိုင်ဘူးလား" ဆိုတာလေးပဲ (ပြောရင်း) အရူးသည်မဘဝရောက်သွားတယ်..

စဉ်းစားဉာဏ်ရှိတဲ့ လူတစ်ယောက်ကတွေ့တော့ "သူ့ခမျာ သောကဖြစ်နေရှာတာနေမယ်. သေသွားတာ ပြန်ရှင်တယ်လို့ ဘယ်ရှိမလဲ... သူ့ကိုနားလည်အောင် ပြောနိုင်မဲ့ပုဂ္ဂိုလ်ကတော့ ဂေါတမဗုဒ္ဓပဲရှိတယ်" ဆိုပြီး သူက လမ်းညွှန်လိုက်တာက ကံကောင်းသွားတယ်...ဘုရားကပဲ သူ့ရဲ့ သောကကို ကုစားနိုင်မှာ...

မြတ်စွာဘုရားသုံးတာ Psycho Therapist ပဲ.. စိတ်ကိုကုစားတာ... ဘိသက္က - သမားတော် .. မြတ်စွာဘုရားဟာ ရောဂါမျိုးစုံကို ပျောက်အောင်ကုနိုင်တဲ့ သမားတော်ကြီးဖြစ်တယ်လို့ ပြောလိုက်တော့ ဘုရားဆီရောက်သွားတယ်. "အရှင်ဘုရား တပည့်တော်မရဲ့ သားလေး ပြန်ရှင်ဖို့အတွက် ဆေးပေးပါ" လို့ ဘုရားဆီ ဆေးသွားတောင်းတယ်.. မြတ်စွာဘုရားက ဆေးမရှိဘူးလို့မပြောဘူး..

မုန်ညှင်းစေ့ လက်တစ်ခုပ်စာလောက်ရရင် မင်းရဲ့သား အသက်ရှင်ပါတယ်.. လူမသေဘူးတဲ့အမျိုးက မုန်ညှင်းစေ့ဖြစ်ရမယ်.. သူ့ကို အသိတရားပြန်ရစေအောင် ဘယ်တုန်းကမှ မသေဘူးတဲ့ အမျိုးအနွယ်ထဲကရှာခိုင်းတာ လူမသေဘူးသေးတဲ့အိမ်လို့ ဆိုလိုတာမဟုတ်ဘူ... မိသားစုထဲမှာ မသေဘူးတာ.. မိသားစုဆိုတာ ကြာလှပြီ.. အဖိုးအဖွားတို့ တဦးဦးတော့သေခဲ့မှာပေါ့... လူမသေဘူးတဲ့ မိသားစု မုန်ညှင်းစေ့ ရအောင်ရှာခဲ့လို့ မြတ်စွာဘုရားက မှာလိုက်တာ...

လူတယောက်ကို နားလည်သွားအောင် ဆုံးမနိုင်စွမ်းတဲ့ စွမ်းရည်သတ္တိရှိတဲ့ မြတ်စွာဘုရားက အဲ့ဒါရှာခိုင်းလိုက်တယ်... အကယ်၍သာ မြတ်စွာဘုရားက သေသွားတဲ့သူကို ဘယ်လိုလုပ်ဆေးကုလို့ရမှာလဲလို့ ပြောလိုက်ရင် သူကပိုတောင်ရူးချင်ရူးသွားနိုင်တယ်... မျှော်လင့်ချက်လေး ပေးလိုက်တာ... လူမသေဘူးတဲ့အမျိုးထဲက မိသားစုဆီက.. မုန်ညှင်းစေ့ရှာခဲ့လို့ ပြောလိုက်တော့.. ငါ့သားလေး ပြန်ရှင်တော့မှာပဲဆိုပြီး သူအားတက်သွားတယ်။ 

 သာဝတ္ထိတမြို့လုံးလှည့်ပြီး မုန်ညှင်းစေ့ လိုက်တောင်းတယ်.. မုန်ညှင်းစေ့တော့ပေးကြပေမဲ့.. လူမသေဘူးတဲ့အိမ်မရှိဘူး... အိမ်တိုင်း၊ အမျိုးတိုင်း လိုက်ကြည့်လိုက်ရင် လူမသေဘူးတဲ့ မိသားစုဆိုတာ ရှိမှမရှိတာ... အဖိုးအဖွားတွေက သေဆုံးခဲ့ကြတာတွေချည်းပဲ... အဲ့ဒီအချိန်မှာ သူသတိတရား ပြန်ရသွားတယ်... သူ့အသိစိတ်လေး ပြန်ဝင်လာတယ်... ဘဝရဲ့အဓိပ္ပာယ်ကို အဲ့ဒီအချိန်လေးမှာ စပြီးတော့သတိရလာတယ်။ 

ငါတယောက်ထဲ မဟုတ်ပါလား... သေတဲ့သူဆိုတာ ဘယ်တေ့ာမှ ပြန်မရှင်ဘူးဆိုတဲ့ အသိဉာဏ်လေး၊ သတိလေးရလာပြီး သူ့သားအလောင်းလေးကို သင်္ချိုင်းမှာမြုပ်ခဲ့ပြီး မြတ်စွာဘုရားဆီသွားတယ်။ စကားကို ချိုချိုသာသာနဲ့ နားဝင်ချိုအောင်ပြောတတ်တဲ့ မြတ်စွာဘုရားဟာ ခပ်လှမ်းလှမ်းကပဲ သူ့ကိုမြင်တဲ့အခါ သတိပေးလိုက်တယ်..

# သဘာ၀တရားရဲ့ ဖြစ်မှုပျက်မှုကို မသိတဲ့ပုဂ္ဂိုလ်တယောက်ဟာ မသိပဲနဲ့ အနှစ်တစ်ရာ အသက်ရှည်နေတာ တန်ဖိုးမရှိဘူး။ သဘာဝတရားရဲ့ ဖြစ်မှုပျက်မှုတွေ အခုလိုမင်းသိသွားတဲ့ ဒီနေ့တရက်ဟာ တန်ဖိုးအရှိဆုံးပဲ... ဒါကပိုမြတ်တယ်လို့ တရားဟောလိုက်တော့သူ့ဘဝဟာ အားတက်စရာကြီး ဖြစ်သွားတယ်။ 

အခုလို အမှန်သိသွားတဲ့ဘဝဟာ အားတက်စရာကောင်းတယ်လို့ တရားဟောလိုက်ပြီး ..ဘဝမှာ သေဆုံးတယ်ဆိုတာ ဒီရွာတရွာထဲနဲ့ သက်ဆိုင်တာမဟုတ်ဘူး... ဒီရွာတရွာထဲရဲ့ အနေအထားလည်း မဟုတ်ဘူး... ဒီနိဂုံးရွာကြီးတရွာရဲ့ သဘာဝလည်းမဟုတ်ဘူး.. မိသားစုတစုနဲ့တင်ဆိုင်တဲ့ သဘာဝလည်းမဟုတ်ဘူး... သေခြင်းဆိုတဲ့သဘာဝဟာ တရွာရဲ့ကိစ္စလည်းမဟုတ်ဘူး... တမြို့ရဲ့ကိစ္စလည်းမဟုတ်ဘူး..တနယ်ရဲ့ကိစ္စလည်းမဟုတ်ဘူး... မိသားစုတစုရဲ့ ကိစ္စလည်းမဟုတ်ဘူး... မွေးဖွားလာတဲ့နောက် သေဆုံးသွားတယ်... ဖြစ်လာပြီးတဲ့နောက် ပျောက်ကွယ်သွားတယ်ဆိုတဲ့ ထာဝရမမြဲတဲ့ သဘာဝတရားကြီးဟာ နတ်တွေ၊ ဗြဟ္မာတွေအပါအဝင် သတ္တလောကကြီးတခုလုံးရဲ့ သဘာဝတရားပါ။ 

သူ့ကို သဘာဝတရားနဲ့ မြတ်စွာဘုရားက ရှင်းပြလိုက်တယ်... ဖြစ်လာပြီးတဲ့နောက် ပျက်သွားတယ်ဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ဟာပါ... ဒါလေးနဲ့တွေးရင် ငါတယောက်ထဲ မဟုတ်ဘူး. ..ငါတို့မိသားစုတင် မဟုတ်ဘူး... လောကကြီးမှာ သေဆုံးနေတာတွေ အများကြီး.... မြို့ကြီးတွေမှာ သုဿာန်ကနေ စောင့်ကြည့်မယ်ဆိုရင် ..တနေ့တနေ့ ၁၀၀ လည်းဟုတ်တယ်... ၂၀၀ လည်းဟုတ်တယ်... တနိုင်ငံလုံးမှာ သုဿာန်ချတာတွေ စာရင်းလုပ်မယ်ဆိုရင် စာရင်းတောင်မှ ကြာရှည်လုပ်နိုင်မှာမဟုတ်ဘူး... ဒါဟာ တဦးတစ်ယောက်နဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး... လောကကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုတာ မြတ်စွာဘုရားက ဒီလိုရှင်းပြောလိုက်တော့ အဲ့ဒီမှာ အသိဉာဏ်ပွင့်သွားတယ်။ 

ဓမ္မပဒထဲမှာ အနာတပိဏ်သူဌေးရဲ့သား ကာလဝတ္ထုမှာဆိုရင် တရားကိုမှတ်မိအောင်နာမယ်လို့ စိတ်စိုက်နာတာတောင်မှပဲ တရားထူးတရားမြတ် ရနိုင်တယ်လို့ဟောတာ... မှတ်မှတ်သားသား နာမယ်ဆိုမှ. သဘာဝတရားကိုဆိုက်ထိအောင် နာမယ်ဆိုရင် ဒါတရားသိတာပဲ... တရားကျင့်နေတာပဲ... ဝိသာခါဆိုလည်း ဒီလိုပဲ တရားနာရင်းကနေ ဖြစ်သွားတာ... တရားနာရင်းက ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေက တရားသဘောနောက်လိုက်ပြီးတော့ အသိတရားရသွားတာပဲ... သူဟာလည်းပဲ ..အခုပြောတဲ့... ဖြစ်ပျက်မမြင်ရင် အနှစ်တစ်ရာ အသက်ရှင်လည်း အလကားပဲ... ဖြစ်တာပျက်တာမြင်ရင် တနေ့အသက်ရှင်တာကတောင် ပိုတန်ဖိုးရှိတယ်... ဒါသိသွားတော့ သူ့ကိုယ်သူ တန်ဖိုးတွက်တတ်သွားတယ်။ 

နောက် သေခြင်းဆိုတာ ငါနဲ့တင် ဆိုင်တာမဟုတ်ဘူး.. တရွာနဲ့တင် ဆိုင်တာမဟုတ်ဘူး... တမြို့နဲ့တင် ဆိုင်တာမဟုတ်ဘူး... တမိသားစုနဲ့တင် ဆိုင်တာမဟုတ်ဘူး... တလောကလုံးနဲ့ဆိုင်တယ်... မိသားစုအားလုံးနဲ့ ဆိုင်တယ်ဆိုတာလည်းသိလိုက်ရော သူဟာ သဘောပေါက်နားလည်သွားတယ်... သေခြင်းတရားကို အာရုံပြုပြီးတော့ လောကကြီးရဲ့ မတည်မြဲတဲ့ အခြေအနေတွေ အကုန်လုံး သဘောပေါက်သွားတော့ ဓမ္မစက္ခုံ ဝိသောဓယိံ .. သောတာပန် ဖြစ်သွားတယ်။ 

ဓမ္မစက္ခု .. ဓမ္မအမြင်ဆိုတာ ဘယ်ပုံဖြစ်တာတုန်းဆိုရင် ဓမ္မစကြာထဲမှာ ပါတဲ့အတိုင်းပဲ... ဖြစ်ခြင်းသဘောရှိတဲ့ တရားမှန်သမျှဟာ ချုပ်ပျောက်ကွယ်ဆုံးခြင်းသဘောရှိတယ်... ပေါ်ထွက်လာခြင်းသဘောရှိတဲ့ တရားမှန်သမျှ မြုပ်ကွယ်သွားခြင်းသဘောရှိတယ်... ဖြစ်လာတဲ့သဘောတရားမှန်သမျှ ပျက်ခြင်းမှာ အဆုံးသတ်တယ်... မွေးဖွားလာခြင်းသဘောရှိခြင်း သေခြင်းမှာပဲ အဆုံးသတ်တယ်... ဒီသဘာဝတရားကြီးကို ကျကျနနမြင်သွားတာကို ဓမ္မစက္ခုခေါ်တယ်။ 

မြင်ပုံမြင်နည်းက အဲ့ဒီလိုမြင်တာ.. ဘာနဲ့မြင်တာလဲဆိုတော့ အနည်းဆုံး သောတာပတ္တိမဂ်၊ သောတ္တာပတ္တိဖိုလ်.. သောတာပန်ဖြစ်သွားတာကို ဓမ္မစက္ခုလို့ခေါ်တယ်... သကဒါဂါမ်ဖြစ်သွားရင်လည်း ဓမ္မစက္ခုရတယ်... အနာဂါမ်ဖြစ်သွားရင်လည်း ဓမ္မစက္ခုရတယ်... တရားမျက်စိ - ဓမ္မကိုသိတဲ့၊ ဓမ္မကိုမြင်တဲ့ အသိဉာဏ်ဖြစ်တာကိုပြောတာ... လောကကြီးကို ကြည့်တတ်မြင်တတ်သွားပြီ... သဘာဝတရားတွေကို သိသွားပြီ. အဲ့ဒီကျတော့မှ သူဟာ ဒီတရားကိုသိပြီးတဲ့အခါ သာသနာဘောင် ဝင်ရောက်လိုက်တယ်. သာသနာဘောင်ဝင်ပြီး ဘိက္ခုနီဘဝမှာ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ကျင့်ကြံအားထုတ်တာ သိပ်မကြာလိုက်ပါဘူ.. ရဟန္တာမကြီးဖြစ်သွားတယ်။

ကျေးဇူး တော်ရှင် ပါချုပ် ဆရာတော်ဘုရား ကြီး နဲ့ကျေးဇူးတော်ရှင်ဆရာတော်အရှင်ပညာစက္ကတို့အားရိုသေစွာကန်တော့ပါ၏ဘုရား။

Crd..

No comments:

Post a Comment