စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, January 5, 2026

အိုကံ

"အိုကံ"
=====

စည်းစိမ်ဥစ္စာတွေ အခြွေအရံတွေဆိုတာ 
ကံရဲ့ အကျိုးပေးတွေဗျ။ ကံတွေ မဟုတ်ဘူး။

ကံဆိုတာ ကိုယ်အားထုတ်တဲ့ ဒါန သီလ ဘာ၀နာတွေကို ခေါ်တာ။

(နတ်မောက်မြို့နယ် 
ဥယျဉ်တောင်ကျောင်းဆရာတော်)
  

ငယ်ငယ်တုန်းက မိမိတို့နေတဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး နှစ်ယောက်ရှိတယ်။ ဦးဖိုးငယ်နဲ့ ဦးသာမှတ် တဲ့။

ဦးဖိုးငယ်က မျက်စိမမြင်တဲ့ ဒုက္ခိတကြီး။ ဦးသာမှတ်ကတော့ အသက်အရွယ်အလျောက် အိုမင်းတာကလွဲလို့ အားလုံး အင်္ဂါစုံလင်ပါတယ်။

အသက်ကြီးလာတော့ ရွာထဲမှာ ဆူဆူညံညံ မနေလိုတာနဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ အဖြစ်လာနေတာ။ 

သူက ရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ 
ဦးသာမြတ်ရဲ့ အစ်ကိုအရင်းပါ။

ဒါပေမယ့် ညီအစ်ကိုချင်း တယ်ပြီး သဘောထားမတိုက်ဆိုင်ကြဘူး။

မခေါ်မပြောရယ်လို့တော့ မဟုတ်ပါဘူး။
စရိုက်ချင်း မတူညီကြတော့ ဖာသိဖာသာပဲ နေကြတာပါ။

သူတို့ ညီအစ်ကိုဟာ မိဘမျိုးရိုးကတော့ 
မရှိမရှား ဆိုတဲ့ အတန်းအစားထဲကပါပဲ။

နောက်တော့ ခေတ်ကာလအလျောက် 
ရှာတတ် ဖွေတတ် ကြံဖန်တတ်တဲ့ ဦးသာမြတ် 
က တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သွားပြီး ဦးသာမှတ် ကတော့ သာမန်အဆင့်ပဲ။ 

အိုလာတော့လည်း သားသမီးတွေ သူ့အိုး
သူ့အိမ် ခွဲသွားကြတာ အဘိုးကြီး အမယ်ကြီးနဲ့ မိတဆိုးမြေးကလေးတွေနဲ့ နည်းနည်းတော့ ကသီလင်တ ရှိတာပေါ့။ 

မြေးကလေးတွေ ရှင်လူထွက်ပြီး တောင်သူ လုပ်ကိုင်နိုင်ကြတော့သူက အိမ်မှာမနေတော့ဘဲ ဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်နေတာ။

ကပ္ပိယကြီးနှစ်ယောက်မှာ မျက်စိမမြင်တဲ့ ဦးဖိုးငယ်က အသက်နည်းနည်း ငယ်တယ်။ 
(၇၀) ကျော်ကျော်လေးပေါ့။ 

သူက မကြျစိသာမမွငျတယျ။ကြောငျးဝိုငျးထဲမှာ ပေါင်းမြက်ရှင်းတဲ့အလုပ်ကျတော့ အတော်ကို သေသပ်တယ်။ 

လက်တစ်ဖက်ကိုင် တူရွှင်းပြားအရိုးတိုလေးနဲ့ မြက်တွေကို ထိုးထိုးပြီးလက်နဲ့ စမ်းစမ်း ပုံထား တာ။ အကွက်ကို စေ့လို့။ 

အကွက်ကျော်ပြီး ပေါင်းမြက်တွေ ကွက်ကြားကျန်ရစ်တယ်လို့ကို မရှိဘူး။ 

ထိုးပြီးသား မြက်ပင်တွေကိုလည်း လက်က လေးနဲ့ သဲ့သဲ့ပြီး သပ်သပ်ရပ်ရပ်ပုံထားတာ ညီနေတာပဲ။ 

အမှိုက်စွန့်တဲ့အခါတော့ ကျောင်းသား
ကိုရင်တွေ စွန့်ပေးကြတယ်။ 

အငယ်ကတည်းက ဒီဘုန်းကြီးကျောင်းမှာပဲ နေခဲ့တာဆိုတော့ ကြောငျးဝိုငျးတဈဝိုငျးလုံး ဘယ်နားမှာ ဘာရှိတယ်ဆိုတာ အကုန်မှတ်မိ နေတော့ 

အိမ်သာတို့ ရေချိုးကန်တို့ကိုလည်း ဘယ်သူမှ လိုက်ပို့စရာမလိုဘူး။ တောင်ဝှေးကလေးနဲ့
ထောက်စမ်းပြီး သူဟာသူ သွားတာပဲ။

မနက် အရုဏ်တက်ခါနီး ကျောင်းသား ကိုရင် တွေဆို ကပ္ပိယကြီးတွေနိုးကြပြီး 

ကျောင်းသား ကိုရင်တွေ ဘုရား၀တ်တက်ဖို့နဲ့ ရွာထဲကို ဆွမ်းချက်နိုးဖို့ ကုလားတက် တုံးခေါက် တာ၊ ရေနွေးကျိုတာ စတဲ့ ဗာဟိရ အလုပ်တွေကို

ကပ္ပိယကြီးနှစ်ယောက်က လုပ်ကိုင်ပေးကြတာ ဆိုတော့ ကျောင်းသား ကိုရင်တွေကလည်း ကြည်ဖြူ စောင့်ရှောက်ကြတယ်။ 

လသာတဲ့ ညတွေမှာဆို ကပ္ပိယကြီးတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပုံပြင်တွေ ပြောပြ တာကို ဝိုငျးပွီးနားထောငျကွ မေးမြန်းစပ်စုကြနဲ့

တစ်ခါတလေ ဆရာတော် ညအိပ်ညဥ့်နေ အဝေးကြွတဲ့နေ့တွေဆို သန်းခေါင်လွဲအထိ မအိပ်ကြဘူး။

ကျောင်းမှာ အမြဲနေကြတော့ အလှူအတန်း ကြွတဲ့ ဆရာတော်ကြီးများနဲ့လည်းရင်းနှီး ကျွမ်း၀င်ကြတယ်။ 

ဆရာတော်တွေ နောက်ပါလာတတ်တဲ့ လှည်း မောင်း ကပ္ပိယတွေနဲ့လည်း တရင်းတနီး အ ကြောင်းသိ အပေါင်းအသင်းတွေလို ဖြစ်နေကြ တာပေါ့။

တစ်ခါတော့ အလှူတစ်ခုမှာ 
ဆရာတော်ကြီးတွေ အတော်စုံတယ်။ 

နံနက်စော အရုဏ်တက် ရနှေေးကွမျးဝိုငျးမှာ ဆရာတော်ကြီးများနဲ့ကပ္ပိယများ စကားစမြည် ပြောကြရင်း 

ကံ,ကံံရဲ့ အကျိုးနဲ့ ပတ်သက်ပြီး ပြောကြရာက အာဂန္တုလှည်းမောင်း ကပ္ပိယကြီး တစ်ဦးက ကံအကျိုးပေးကွာခြားပုံနဲ့ ပတ်သက်ပြီး ဦးသာမှတ်တို့ ညီအစ်ကိုကို နမူနာထိုးပြတယ်။

ညီအစ်ကိုချင်းဖြစ်ပေမယ့် ဦးသာမြတ်က အိုကံကောင်းပုံ ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံနဲ့ သိုက်သိုက်၀န်း၀န်းနေထိုင်ရပုံ

ဦးသာမှတ်ကတော့ ကသိလင်တနဲ့ ဘုန်းကြီး ကျောင်းမှာ ကပ္ပိယဖြစ်နေရပုံတို့ကို နှိုင်းယှဉ် ပြန်ပြောနေပါတယ်။ 

အဲဒီအချိန်မှာ ကျောင်းခံက ကပ္ပိယတွေကတော့ သူ့အလုပ်နဲ့သူ မအားလို့ စကားဝိုငျးမှာ မပါနိုင် ကြဘူး။

ကပ္ပိယကြီးရဲ့ စကားကိုကြားတော့ ရွာကျောင်းဆရာတော်က 

ကပ္ပိယကြီးရဲ့ ဘုန်းကြီးပြောတာ ခဏနားထောင် ပြီးသေသေချာချာစဉ်းစားကြဦး။ ဘုန်းကြီးပြောပြ မယ်။ 

အခု ကပ္ပိယတို့ ပြောနေတာ 
အိုကံကောင်းပုံကို ပြောနေတာနော်။ 

ကံကောင်းတာနဲ့ ကံရဲ့ အကျိုးကောင်းတာ ကွဲကွဲပြားပြားမဖြစ်ဘဲ လုံးထွေးနေတယ်။

ဘုန်းကြီးရဲ့ ကပ္ပိယကြီး ဦးသာမှတ်က အခုဆို 
" မြန်မာအို ကျောင်းကြိုကျောင်းကြား ဆိုသလို ကျောင်းမှာ ကပ္ပိယလုပ်နေရတယ်။ 

သူ့့ညီ ဦးသာမြတ်က ရွာထဲမှာပဲ စည်းစိမ်ဥစ္စာအပြည့်အစုံနဲ့ နေရတယ်။ 

ဒါကြောင့် ဦးသာမှတ်က အိုကံ မကောင်းဘူး။ ဦးသာမြတ်က အိုကံကောင်းတယ် ပြောနေကြ တာ မဟုတ်လား။ 

အဲဒါ ကပ္ပိယတို့က ကံနဲ့ ကံရဲ့အကျိုး 
မကွဲပြားဘဲ လုံးထွေးပြီး အသိမှားကြတာ။

စည်းစိမ်ဥစ္စာတို့ အခြွေအရံတို့ဆိုတာ 
ကံတွေ မဟုတ်။ ကံရဲ့ အကျိုးတွေဗျ။ 

ကံဆိုတာ ကိုယ်အားထုတ်ထားတဲ့ ဒါန သီလ ဘာသနာအလုပ်တွေကို ခေါ်တာ။ 

အဲဒါဆို ကွဲကွဲပြားပြားသိပြီဆိုရင် 
ကပ္ပိယတို့ စဉ်းစားကြည့်စမ်း။

ဒကာကြီး ဦးသာမြတ်က ရွာထဲမှာ စည်းစိမ် ဥစ္စာတွေ သားသမီး မြေးမြစ်တွေနဲ့ သိုက်သိုက် ၀နျး၀နျးနတော မှန်တယ်။ 

သူ့မှာ အတိုးအငှားကိစ္စတွေ ပင်ထောင်ပေးထား တဲ့ ကိစ္စတွေနဲ့ အသစ်ပေးရတာရော အဟောင်း တောင်းရတာ စာရင်းမှတ်ရတာနဲ့ လုံးချာကို လိုက်လို့။ 

အခါကြီးရက်ကြီးတွေမှာတောင် ဥပုသ်
သီတင်း မှန်မှန် မစောင့်နိုင်ရှာဘူး။ 

အိုးအိမ်ခွဲသွားတဲ့ သားသမီးတွေကို အမွေခွဲပေး တာ မသင့်မျှနိုင်လို့ ပူညံပူညံလည်း ခဏခဏ ဖြစ်ရသေးတယ်နော်။ 

ဒီကြားထဲ အတိုးအရင်း ပေးထားတဲ့ လူတွေနဲ့ တရားတပေါင် တွေ့ရတာလည်း ရှိသေးတယ်။

အခုတောင် အပေါင်ခံထားတဲ့ ယာမြေတွေ 
ဟိုပိုင်ရှင်က လာရွေးတာ၊ အရွေးမခံလို့ဆိုပြီး တိုင်ကြ တောကြလို့ 

ကြီးတောင့်ကြီးမားနဲ့ မြိုံကို ရုံးချိန်းသွားနေရလို့ ရွာမှာ မကပ်နိုင်သေးဘူးတဲ့။ အဲဒါ ကပ္ပိယတို့ လည်း ကြားတယ်မဟုတ်လား။

ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး ဦးးသာမှတ်ကို ကြည့်လိုက်စမ်း။ 

မနက်စော အရုဏ်တက်လို့ နိုးပြီဆိုတာနဲ့ ဗုဒ္ဓဝေယျာ၀စ္စ သံဃာ့ဝေယျာ၀စ္စတွေလုပ်လို့။

နေ့ခင်း ကျောင်းသားကိုရင်တွေ စာသင်ချိန်မှာ သူတို့က သူတို့ဇရပ်မှာ တရားအားထုတ်လို့ ဘာစာရင်းမှလည်း မရှုပ်ဘူး။ 

ဘယ်သူနဲ့မှလည်း တရားတပေါင်တွေ ရတာ မရှိဘူး။ ရစရာကော ပေးစရာကော ဘာမျှ အထူးအထွေ မရှိလို့ လောဘ ဒေါသတွေလည်း ပွားစရာမရှိဘူး။ 

အဲ အတိတ်ကံရဲ့ အကျိုးအရ စည်းစိမ်ဥစ္စာတွေ မပိုင်ဆိုင်ကြပေမယ့် တကယ့် အိုကံအစစ် ဖြစ်တဲ့

ဒါန သီလ ဘာ၀နာတွေကတော့ဖြင့် ညီအစ်ကို ချင်း ကွာချင်တိုင်း ကွာမနေပေဘူးလား။ 

ကဲစဉ်းစားကြည့်ကြစမ်း။ 
ဘယ်သူက အိုကံကောင်းသူ အစစ်လဲ။
ကပ္ပိယတို့ သေသေချာချာ စဉ်းစားကြ။

မြတ်စွာဘုရား သာသနာအတွင်းမှာ လူဖြစ်ကြ ရတုန်း ဘုရားတပည့်သား ပျော်နည်း ပျော်တတ် ရတယ်။ 

ငါးပျော် ပျော်မနေရဘူး။ ဒါကိုကော သဘော ပေါက်ကြရဲ့လား။ ဘုရားတပည့်သား ဆိုတာ တရားနဲ့ ပျော်ရတာမျိုးနော်။ 

ဟိုရေကန်ထဲမှာ ငါးတွေအကြောင်း သတိထား မိရဲ့လား။ ကန်ထဲမှာ ရေတွေများနေတုန်းတော့ တစ်ကောင်နဲ့ တစ်ကောင်၊ တစ်အုပ်နဲ့ တစ်အုပ် တယ်ပြီး မစုမိကြသေးဘူးနော်။

အဲ ကန်မှာ ရေတွေနည်းလာပြီဆိုတော့ ကျန်တဲ့ ရေကွက် ကျဉ်းကျဉ်းလေးထဲမှာ
ငါးတွေ စုမိလာကြပြီး 

အဲဒီအချိန်မှ ဘဝတူတွေ တိုးကြလုကြနဲ့ သူဘဝ
နဲ့သူတော့ ပျော်နေကြတာပဲ မဟုတ်လား။ 

သူတို့က ငါးတွေမို့လို့ ဘာမျှ မစဉ်းစားတတ်ကြ ပေမယ့် လူတွေအနေနဲ့သေချာစဉ်းစားကြည့်စမ်း။

ဒီလို စုဝေးမိကြတယ်ဆို တာရေခန်းချိန် ရောက်လာလို့ဗျ၊ မဟုတ်လား။ 

မကြာခင်ရေတွေ အကုန်ခမ်းသွားပြီဆိုရင် 
သူတို့ ဘာဖြစ်ကြမှာလဲ။ 

ဒါကို သူတို့ သတိပြုရမှန်းမသိပေမယ့် 
လူတွေက သတိပြုရမယ်။

ကဲ လူလောကမှာလည်း စဉ်းစားကြည့်။

သားတွေ သမီးတွေသာမကမြေးတွေ မြစ်တွေ အထိ တစ်စုတစ်ဝေးကြီးဖြစ်ချိန်ဆိုတာ ဘယ်လို အချိန်မျိုးမှာ ဖြစ်တာလဲ။ 

ဘဝ ရေခန်းချိန်ရောက်လို့ ဖြစ်တာဗျ။ 

ဒါကို သတိမထားဘဲ ပျော်နေကြတုန်းဆိုရင် ဘာပျော်နည်း ပျော်တာလဲ။ 

ရှင်းရှင်းပြောရရင် လူပျော်လား၊ ငါးပျော်လား ဆိုပြီး ဆရာတော်က စကားကို ခဏရပ်လိုက် တော့ ကပ္ပိယကြီးတွေ ငြိမ်လို့။

ခဏနေတော့မှ ကပ္ပိယကြီးတစ်ဦးက 

 ဆရာတော်ကသာ ကြားကောင်းအောင် ငါးပျော်,ပျော်တယ်လို့ဆိုပေမယ့် အမှန်ကတော့ ငါးဆိုတာ တိရစ္ဆာန်ပဲဘုရား။ 

လက်စသတ်တော့ တပည့်တော်တို့တစ်တွေဟာ ကိုယ်တိုင်လည်း တိရစ္ဆာန်ပျော်နည်းနဲ့ ပျော်ချင် နေကြပြီး 

သူများတွေ တိရစ္ဆာန်ပျော် ပျော်နိုင်ကြတာကို အဟုတ်ကြီးမှတ်ပြီး အားကျမိနေကြတာကိုး ဘုရား လို့ လျောက်ထားပါတယ်။

အေး ပြုခဲ့တဲ့ ကံဟောင်း အထောက်အပံ ကောင်းလို့ စည်းစိမ်ဥစ္စာတွေ အခြွေအရံတွေ ဘယ်လောက်ပဲ ပေါများနေနေ အိုလာပြီ ဆိုမှ တော့ ခံစားနိုင်စွမ်းလည်း မရှိကြတော့ပါဘူး။ 

ဒါတွေကို အဟုတ်မှတ်ပြီး သာယာစွဲလမ်းနေ ကြမယ်ဆိုရင်လည်း အိုကံဆိုးတွေ အဖြစ်နဲ့ နောက်ဆုံးမှာ "သေကံဆိုးတွေ" ဖြစ်ကြရမှာပဲ။

ရှေးက မြန်မာကြီးတွေ နာနာကြည်းကြည်း ဆဲကြတဲ့ စကားတစ်ခုမှာ 

သေခြင်းဆိုးဆိုတာ ရှိတယ် မဟုတ်လား။ 
အဲဒါ ဒီလိုလူမျိုးတွေကို ပြောတာပဲ။

အလောင်းတော်ကြီးတွေ အသက်အရွယ် ကြီးရင့် လာကြတဲ့အခါ ထီးနန်းစည်းစိမ်တွေကို စွန့်ပြီး တရားနဲ့ မွေ့လျော်ကြတယ်။

တောထွက်ကြတယ်ဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ လောကစည်းစိမ်တွေထဲမှာ ဘုရင်စည်းစိမ်ထက် ဘယ်ဟာ သာနိုင်ဦးမှာလဲ။

ဒါတွေကို သာယာနေရင် အိုကံဆိုးတွေ သေခြင်း ဆိုးတွေအဖြစ်နဲ့ နိဂုံးချုပ်ကြရမှာစိုးလို့။

ဒါတွေကို စွန့်ပြီး အိုကံကောင်းသူ အစစ်ဖြစ် အောင် တရားနဲ့ မွေ့လျော်သွားကြတာပေါ့လို့ အကျယ်တ၀င့် မိန့်ကြားတော်မူပါတယ်။

ခေါင်းရင်းပိုင်းမှာထိုင်နေတဲ့ ဆရာတော်ကြီး တစ်ပါးကလည်း 

ကဲ ကပ္ပိယတို့ ဒီနေ့ စကားဝိုငျးကဖွင့ျ တို့တစ် တွေ သတိမထားမိတဲ့အချက်တွေကို အရေး တကြီး သတိပေးလိုက်တာပဲ။

 ဥယျာဉ်ဆရာတော် ပြောတာ မှန်တယ်။

" ပုဗ္ဗဏှသုတ်" မှာ မြတ်စွာဘုရား ဟောထားတဲ့ "သုနက္ခတ္တံ" စတဲ့ ဂါထာမှာ ဆိုထားတာရှိတယ်။

သုစရိုက်တရားများ အားထုတ်နေသူဟာ အမြဲ တမ်း နက္ခတ်(ဇာတာ စန်းလဂ်) ကောင်းနေသူ မင်္ဂလာအပေါင်း အမြဲတမ်းခညောင်းနေသူ ဖြစ်ရုံ မျှမက အချိန်တိုင်း ခဏတိုင်း မကောင်းမရှိ အကောင်းအတိသာ ဖြစ်တယ်၊ 

သုစရိုက်ပွားပြီး တရားနဲ့ မွေ့လျော်သူမှန်သမျှ အိုကံ သာမကဘူး။ 

နာကံတွေ သေကံတွေ ဘ၀ကူးကံတွေ ကစပြီး နိဗ္ဗာန်ရသည်အထိ ကံကောင်းကြသူတွေ ဖြစ်မှာ မလွဲဘူး။ 

အဲ တို့တစ်တွေ သာသနာကြုံတုန်း လူဖြစ်တုန်း မှာ အိုခြင်းဆိုး နားခြင်းဆိုး သေခြင်းဆိုးတွေ မဖြစ်ကြဘဲ 

တစ်သံသရာလုံး ကံကောင်းသူတွေ ဖြစ်အောင် ကြိုးစားကြဖို့သာ မမေ့မလျော့ကြနဲ့ လို့ မိန့်ကြား လိုက်တဲ့အခါ တစ်ကျောင်းလုံး သာဓုသံတွေ လွှမ်းသွားပါတော့တယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(စာရှည်ရှည်လေးဖတ်ချင်တယ်ဆိုသူများအတွက်
မထေရ်မြတ်တို့စကားဝိုင်းထဲက)

No comments:

Post a Comment