စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 9, 2026

ကံလမ်းနှင့်ဉာဏ်လမ်းကွာခြားပုံ

 ကံလမ်း နဲ့ ဥာဏ်လမ်း ကွာခြားပုံ  
🌸🌸🍃🌸🌸🍃🌸🌸

 အုန်းပင်ပေါ်က အုန်းသီးပေါ်မှာ
ငှက်လည်း နားနေတယ်။
အိမ်မြောင်လည်း နားနေတယ်။

 အုန်းသီးလည်း ကြွေရော
ငှက်က အတောင်ပံခတ် ပျံပြီး
နောက်တစ်ကိုင်းပေါ် နားနိုင်တယ်။

 အိမ်မြောင်ကတော့ 
အုန်းသီးနဲ့အတူပါသွားပြီး 
အောက်ကို ပြုတ်ကျ သေရသလိုပဲ 

 ဒါနနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။
သီလနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။
ဝိပဿနာနဲ့ ရောက်တဲ့ အရိယာနတ်တွေရှိတယ်။

 သက်တမ်းကုန်တော့ 
ဒါန သီလနဲ့ လာတဲ့နတ်တွေက 
အပါယ်ပြန်ကျကုန်တယ်။ ကံလမ်းကိုး။

 သောတာပန် အရိယာနတ်တွေကတော့ 
အောက်ကို မလာတော့ဘူး။
ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်ကြတယ်။

 ဥာဏ်လမ်းကွဲ့။ 
အနိမ့်ဆုံး သောတာပန်ဖြစ်ရင်ကို 
လောကမှာ နေပျော် သေပျော်ပြီ။
ပေါ့ပေါ့လေးနဲ့တော့ မရဘူး။
ဝေဒနာ ကျေးဇူးရှင်, ခန္ဓာနဲ့ရင်းမှ ရတယ်။

 တရားက အင်မတန် ချမ်းသာတာ။
တရားချမ်းသာထက် ချမ်းသာတာ
လောကမှာ မရှိဘူး။

 အင်မတန် အဖိုးတန်တဲ့ 
လူ့ဘဝကို ရနေကြတာနော်
လူတွေမသိကြလို့ မကျင့်ကြတာ။

 သေခါနီးမှ နောင်တရကြတယ်။
အင်မတန် သနားစရာကောင်းတယ်။

( ပြည် ဝိဇ္ဇောဒယ (သဲအင်း)
   ဆရာတော်ဘုရားကြီးဉီးသီရိဓမ္မ )
     🙏🙏🙏🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏 

#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
 🙏🙏🙏🙏🙏🙏🙏

No comments:

Post a Comment