စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, January 31, 2016
မေတ္တာနှင့်​အ​ကောင်းမြင်​နည်း ( ၂ )
မေတ္တာနှင့်အကောင်းမြင်ဝါဒ(၂)
***************************
ယောနိသော မနသိကာရ သင့်တင့်အောင်
(ကုသိုလ်ဖြစ်အောင်)နှလုံး သွင်းခြင်းဖြစ်တယ်။
အရပ်စကားနဲ့ပြောရင် အကောင်းမြင်ဝါဒပါ။
တကယ်တော့ ဒီအကောင်းမြင်ဝါဒဟာ မိမိအတွက်ပါပဲ။ သူတစ်ပါး အတွက်မဟုတ်ဘူး။ဒါပေမယ့် တစ်ချိုကမိမိမှာ အကျိုးရှိတယ်
ဆိုတာကို သေချာမသိကြဘူး။
မင်္ဂလသုတ်မှာ ဘုရားဟောတဲ့အတိုင်း သူတစ်ပါး ကို
အရိုအသေပြု ခြင်း ဂါရ၀ မင်္ဂလာ ကိုမသိတဲ့
သူတွေက သူတစ်ပါး အတွက် လို့ပဲထင်တယ်။
တကယ်တော့ မိမိအတွက်ပဲ သူတစ်ပါး ကို
အရိုအသေပေးလိုက်ရင်ပေးတဲ့သူမှာ
အသက်ရှည်ခြင်း အဆင်းလှခြင်း
ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်းဆိုတဲ့
အကျိုးတွေရရှိတယ်။
အရိုအသေပြုခံရတဲ့
ပုဂ္ဂိုလ်မှာတော့ဘာမှရမသွားဘူး။
အရိုအသေခံတဲ့သူက သီလ သမာဓိ ပညာ
မရှိဘူးဆိုရင်အပါယ်တောင်ကျသွားနိုင်တယ်။
အကောင်းမြင်ဝါဒက ဒီသဘောမျိုးပါပဲ
အကုသိုလ်ဖြစ်မယ့်ဟာ ကုသိုလ် ဖြစ်သွားရတယ်။မိတ်ပျက်မယ့်ဟာ မိတ်ဆက်သွားတယ်။စိတ်ချမ်းသာခြင်း
မချမ်းသာခြင်းမှာ ဝတ္ထု အကြောင်းအရာထက် နှလုံး သွင်းက ပိုပြီးအဓိကကျတယ်။
စိတ်ထားမပြည့်ဝသေးတဲ့သူဟာ
သူတစ်ပါး အပြစ် ကိုပဲမြင်တယ်။
စိတ်ထားတစ်ဝက်လောက်ပြည့်ဝတဲ့သူကျတော မိမိကိုပဲ အပြစ်မြင်တယ်။
စိတ်ထားလုံးဝ ပြည့်ဝ တဲ့သူကျတော့
ဘယ်သူ ကိုမှအပြစ်မမြင်တော့ဘူး။
ထိုကြောင့်ဘယ်အရာမဆိုအကောင်းမြင်ဝါဒ
ဖြစ် နှလုံးသွင်းနိုင်ကြပါစေ။
မေတ္တာနှင့်​အ​ကောင်းမြင်​နည်း( ၁ )
မေတ္တာ နှင့် အကောင်းမြင်ဝါဒ ( ၁ )
******************************
မေတ္တာ၏ လက္ခဏ ၊ ရသ ၊ ပစ္စုန်ပဌာန်
ပဒဋ္ဌာန်လေးပါးရှိသည်။
၁။ မေတ္တာ သည် သတ္တဝါ တို့၏ အကျိုးစီးပွားကိုကပ်၍ဆောင်သောအခြင်းအရာဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏။
၂။ သတ္တဝါ တို့ထံ အကျိုးစီးပွားကိုကပ်၍
ဆောင်ခြင်းကိစ္စရှိ၏။
၃။ အေးမြငြိမ်းချမ်းသော စိတ်သဘောထားလျှင်ဥာဏ်၌ ရှေးရှုထင်လာတက်သော အခြင်းအရာ ပစ္စုပဌာန်ရှိ၏။
၎။ သတ္တဝါတို့၏ နှစ်သစ် ဖွယ်ရာ ဂုဏ်ကိုသာ
ရှုမြင်တက်သော ယောနိသော မနသိကာရ
( အကောင်း မြင်ဝါဒ)လျှင် နီးစွာသောအကြောင်း ပဒဌာန်ရှိ ၏။ဤနေရာ၌ အဓိက သိစေချင်သောအချက်မှာ မေတ္တာ ကို တကယ်ပွားများလာနိုင်ပြီဆိုလျှင် အကောင်းမြင်ဝါဒ
အလိုလိုရှိလာခြင်းပင်ဖြစ်ပါသည်။
ကောင်းကွက် ကိုသာကြည့်မယ်ဆိုလျှင်
မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
မကောင်းကွက်ကိုသာကြည့်မယ်ဆိုလျှင်
ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။
လောကကို အကောင်းမြင်နိုင်ကြစေ။
Friday, January 29, 2016
ရုပ်​ခန္ဓာနုပျိုမှု့ဆိုတာ ဘယ်​မှာလဲ..
ငါ့ရုပ် ငါ့အလှ ငါ့နူပျိုမူ့ ဆိုတာ ဘယ်မှာလဲ ?
************************************
ကမ္ဘာလောကကြီးတစ်ခွင်လုံးသည်အိုမင်းခြင်းဇရာ
၏လွှမ်းမိုးခြင်းကိုခံကြရ၏ ။ အရာ အားလုံး အိုမင်း
ဆွေးမြေ့ကြရပေမည်။ထို့ကြောင့်ငါဟာရုပ်လှတယ်
ငါဟာခွန်အားရှိတယ် ငါဟာနူပျိုတယ်လို့ မာန်မာန
တွေမထားသင့်ပါဘူး ။ ထို အစွဲလမ်းတွေကို ပယ်မှ
သာလျှင်းငြိမ်းအေးမူ့ကိုရရှိနိုင်လိမ့်မည်။ငါ ငါ ဆိုတဲ့
အစွဲဟာ ဘေးဥပါဒ်ကို ဖြစ်စေပါတယ်။ ရောဂါမျိုးစုံ
နှိပ်စက်နေတဲ့ခန္ဓာကိုယ်ကြီးသည်ဘယ်သူ့အလိုကို
မှမလိုက်ပါ ။ သူ့သဘောအတိုင်းဖြစ်ပျက်နေတာပါ
ဒိလို သူ့သဘောသူဆောင်နေတဲ့ ခန္ဓာကိုယ်ကြီးကို
ငါ ခန္ဓာ ငါ့ အလှ ငါ့အဆင်း ဆိုပြီး ငါ ငါ လိုထင်နေ
ခြင်းသည် မှားလေ ၏။
ဤသို့ မေတ္တေယျ ရဟန်းသည် ဆုံးမတော်
ခဲ့ဖူးပါတယ်သူတော်ကောင်းအပေါင်းတို့။
Thursday, January 28, 2016
ဆားငန်​​ရေနှင့်​တူ​သောတရား..
သောက်လေ သောက်လေ ငတ်မပြေနိုင်ဘူး'
************************************
သေမင်း နှိပ်စက်ချိန်ရောက်မလာခင် ငြိမ်းချမ်း
မူကို သိအောင်ကြိုးစားပါလော့ ။ သေမင်းဟာ
ဒိလောကမှာဘယ်လိုအခြေနေရှိတဲ့လူမှန်သမျှ
သတ္တဝါမှန်သမျှကို သတ်ဖြတ်တယ်။ ဖျက်ဆီး
တယ်။ ညှင်းဆဲတယ်။ အိပ်မက်တစ်ခုလို ခဏ
တာလေသာ ဖြစ်ပြီး အနှစ်သာရ ဘာမှမရှိတဲ့
ကာမဂုဏ်တွေဆီသို့ ရောက်မသွားအောင်လို့
မိမိ ၏ စိတ်ကို တားမြစ်ပိတ်ပင်ပါလော့။ လေ
ပင့်ပေးနေတဲ့ မီးဟာ ဘယ်လောက်ပဲ လောင်
စာတွေ ထည့်ထည့် မတင်းတိမ်မရောင့် ရဲ ပါ
ဘူး။ ထို့အတူ စောင့်ထိမ်းခြင်း မရှိတဲ့စိတ်ဟာ
ကာမဂုဏ်တွေဘယ်လောက်ခံစားခံစားအလို
ပြည့်ဝသွားတယ်ရောင့်ရဲသွားတယ်လို့ မရှိနိုင်
ပါဘူး။
ဤကဲ့သို့ မြတ်ဗုဒ္ဓသည်ဆုံးမတော်မူခဲ့
ပါတယ်သူတော်ကောင်းအပေါင်းတို့။
စီးပွားရှာမှီးဗုဒ္ဓနည်း
စီးပွားရှာမှီးဗုဒ္ဓနည်း
_/\_•_/\_•_/\_
   ကြီးပွားပုံဟန်​၊ အ​ခြေခံကား၊ ကံဥာဏ်​​ထောက်​မ ၊ ဝီရိယနှင့်​ ၊ လုံ့လကြီးစွာ ၊ စီးပွားရှာ​သော်​၊ ရရာမလွဲ ၊ ဖြစ်​စမြဲတည်း။
   လုပ်​​သောအခါ ရဥစ္စာတွင်​ ​လေးဖြာပုံထား ၊ တစ်​ပုံစား၍၊ အခြားနှစ်​ပုံ ၊ ရင်းနှီးစုံထုတ်​၊ အလုပ်​လုပ်​​လော့ ။
   တစ်​ထုပ်​တစ်​ပုံ ၊ အ​ရေးကြုံက၊ သုံးကြ​စေရန်​ ၊ ဘဏ်​အပ်​နှံလျက်​၊ လှူရန်​တွက်​ကား ၊ စားဖို့ထားသည့်​ ​ရှေ့ဖျားပုံမှ ခွဲလှူကြဟု...
ဗုဒ္ဓညွှန်​ကြား မိန့်​မှာထားသည်​၊ ကြီးပွားလမ်းညွှန်​  လမ်းစဉ်​တည်း။
                       }} မဃ​ဒေဝ {{
နတ်​ပြည်​​ရောက်​ရန်​​ကြောင်းသုံးတန်
နတ်​ပြည်​​ရောက်​ရန်​ ​ကြောင်း ၃ တန်
^^^^^^^^^^^*******^^^^^^^^
၁. သစ္စာဝစနံ ၊ ဟုတ်​တိုင်းမှန်​ ၊ ​ချေငံ​ပြောဆိုပါ။
၂. ​ဒေါသခက်​ထန်​၊ အမျက်​မာန်​ ပယ်​ရန်​စိတ်​ထားပါ။
၃. လှူခံ​ရောက်​လာ ၊ နည်းများစွာ လှူပါကြည်​သဒ္ဓါ။
ဤ​ကြောင်းသုံးဖြာ ပြည့်​စုံပါ ဖြစ်​ရာနတ်​ပြည်​မှာ။
      }} ဓမ္မပဒ ၂ ၊ ၄ကိုမှီးသည်​။ {{
သစ်​ပင်​၏အကျိုးတရား
သစ်​ပင်​၏အကျိုးတရား
^^^^^^^^^^^^^^^^^
တော​တောင်​စိမ်းမှ  စမ်း​ရေရ၏။
ဥတုရာသီ  ​တောကို မှီ၏။
တောမဲ့​မြေသား ​ရေတိုက်​စား၏။
တော​တောင်​တင့်​တယ်​ စားကျက်​ကြွယ်​၏။
ကျေးငှက်​သားရဲ ​တောမှာမြဲ၏။
တော​တောင်​​ခြောက်​ခန်း လယ်​ယာနွမ်း၏။
တော​တောင်​စိမ်းစို သာယာပို၏။
ရွှေပင်​​ငွေခက်​ ​တောမှထွက်​၏။
           }} ​လောကဓမ္မတာသိပ္ပံ {{
လောကဓမ္မ
လောကဓမ္မ ​လောကဓမ်
******************
   ဘဝဟူသည်​ မညီချိုင့်​ဝှမ်း ၊ ဆူးများပြွမ်းသည်​၊ လမ်းကြမ်းချည်းပဲ မဟုတ်​ပါ။
   မျက်​ရည်​ဖုံးလွှမ်း၊ ​ဗျာပါတမ်း၍ ငိုခန်းသာကြုံ ​သောကဘုံလည်း မဟုတ်​ပါ။
              }} ​ရှေ့သို့မှ.. {{               
ဗုဒ္ဓ​ပေး​သောချမ်းသာ​အောင်​​နေနည်း
ဗုဒ္ဓပေးသောချမ်းသာအောင်နေနည်း
******************************
တဏှာနဲ့တူတဲ့ စီးဆင်းတတ်တဲ့ ဘယ်လို ရေအလျဉ်မျိုးမှ လောကမှာ မရှိပါဘူး။
ရာဂနဲ့တူတဲ့ ဘယ်လိုအပူမီး မျိုးမှ လောက မှာ မရှိပါဘူး။
ယင်းသုံးမျိုး မရှိသောသူသည် စင်စစ် ဧကန်ချမ်းသာသုခနှင့်ပြည့်စုံတဲ့လူ တစ်ယောက်ဖြစ်လာလိမ့်မယ် လို့ မြတ်ဗုဒ္ဓ ဆုံးမတော်မူခဲ့ပါသည်။
Wednesday, January 27, 2016
မိတ်​​ဆွေတု
မိတ်​​ဆွေတု
*********
   မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတု ​လေး​ယောက်​တို့မှာ..
၁. အညဒတ္ထုဟရ မိတ်​​ဆွေတု
၂. ဝစီပရမ မိတ်​​ဆွေတု
၃. အနုပ္ပိယဘာဏီ မိတ်​​ဆွေတု
၎. အပါယသဟာယ မိတ်​​ဆွေတု တို့ဖြစ်​၏။
( ၁ )အညဒတ္ထုဟရ မိတ်​​ဆွေတု
***********************
ယူသာယူတတ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေကို ​လေးပါး​သောအ​ကြောင်းတို့ဖြင့်​ သိအပ်​၏။
၁. ယူသာ ယူတတ်​၏။
၂. နည်း​သောဥစ္စာကို ​ပေးခြင်းဖြင့်​ များစွာ​သော ဥစ္စာကို အလိုရှိ၏။
၃. မိမိ​ဘေးဖြစ်​မှ ထိုသူ့ကိစ္စကို ပြုလုပ်​​ပေးတတ်​၏။
၎. အကျိုးစီးပွား ရလို​သော​ကြောင့်​ ဆည်းကပ်​၏။
    ဤ​လေးပါးသည်​ အ​ကြောင်းတို့ဖြင့်​ စင်​စစ်​ ယူသာယူတတ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့် မိတ်​​ဆွေတုကို သိအပ်​၏။
ဆောင်​ပုဒ်​..
•••••••••••
လက်​ချည်းလာ၍ ၊
ဥစ္စာ​ဆောင်​သယ်​၊
နည်းငယ်​ဖြင့်​သာ၊
များစွာလိုရှိ
ဘေးထိ​ရောက်​ခါ
ပြုပါတုံဘိ
မိမိအကျိုးငှါ
မှီလာ​ပေါင်းယှဉ်
လေး​ယောက်​စဉ်​ကား
အညဒတ္ထုဟရတည်း။
××××××××××××××××××
( ၂ ) ဝစီပရမ မိတ်​​ဆွေတု
  *******************
   နှုတ်​ဖြင့်​သာလျှင်​ ​ပေးတတ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတုကို ​လေးပါး​သောအ​ကြောင်းတို့ဖြင့်​ သိအပ်​၏။
၁. လွန်​ပြီး​သော အ​ကြောင်းအရာနှင့်​ ချီး​မြှောက်​၏။
၂. မဖြစ်​​သေး​သော အ​ကြောင်းအရာဖြင့် ချီး​မြှောက်​၏။
၃. အချည်းနှီး ​လောကွတ်​မျှဖြင့်​ ချီး​မြှောက်​၏။
၎. ဖြစ်​ဆဲကိစ္စတို့၌ ပျက်​စီးခြင်းကို ပြသ၏။
      ဤ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ နှုတ်​မျှဖြင့်​သာ ​ပေးတတ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတုကို သိအပ်​၏။
   ][[[ မနှစ်​က ခင်​​ဗျား မလာဘူး​ဗျာ၊ ကျုပ်​တို့မှာ အလုပ်​အကိုင်​ သိပ်​​ပြေလည်​တယ်​ စသည်​ဖြင့်​ လွန်​ပြီးသည့်​အ​ကြောင်းအရာဖြင့်​ ချီး​မြှောက်​၏။
  ကား​လေးတစ်​ခါ​လောက်​ကူညီပါဟု ​တောင်းခံလာ​သောအခါ .. " ကားပျက်​​နေတယ်​.."" ဟု ဖြစ်​ဆဲ ပစ္စုန်​ပ္ပန်​ကိစ္စတို့၌ ပျက်​စီးခြင်းကို ပြသ၏။ ]][[[
ဆောင်​ပုဒ်
•••••••••••
ရှေ့ဖြင့်​ ​စေ့စပ်
တထပ်​​နောက်​မှီး
ချည်းနှီးသဂြို ဟ်
ပေးလို စဟန်
ပစ္စုန်​ပ္ပန်​မှု
ပြညွန်​ပျက်​ပြား
ဤ​လေးပါးကား မှတ်​သား ဝစီပရမတည်း။
×××××××××××××××××
( ၃ ) အနုပ္ပိယဘာဏီ မိတ်​​ဆွေတု
   **********************
   အကြိုက်​ကို လိုက်​၍ ​ပြောဆိုတတ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတုကို ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ သိအပ်​၏။
၁. ထိုသူအား မ​ကောင်းမှုကိုလည်း ခွင့်​ပြု၏။
၂. ထိုသူအား ​ကောင်းမှုကိုလည်း ခွင့်​ပြု၏။
၃. ထိုသူ၏ မျက်​​မှောက်​၌ ချီးမွမ်းစကားကို ဆို၏။
၎. ထိုသူ၏ မျက်​ကွယ်​၌ ကဲ့ရဲ့စကားကို ဆို၏။
     ဤ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ အကြိုက်​ကိုလိုက်​၍ ​ပြောတတ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတုကို သိအပ်​၏။
ဆောင်​ပုဒ်
••••••••••
မ​ကောင်းခွင့်​ပြု
ကောင်းမှုကိုလျှင်
ဆင်​ခြင်​မရှု
ခွင့်​ပြုသည်​ပင်
ရှေ့တွင်​ချီးမွမ်း
ဖုံးလွှမ်းကွယ်​လျှင်
ကဲ့ရဲ့မြင်​သည်​........ ​လေးအင်​ ပိယဘာဏီတည်း။
××××××××××××××××××
( ၄ ) အပါယသဟာယ မိတ်​​ဆွေတု
       *********************
   ပျက်​စီး​ကြောင်း၌ အ​ပေါင်းအ​ဖော်​ဖြစ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတုကို ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ သိအပ်​၏။
၁. ​သေရည်​​သေရက်​ ​သောက်​ခြင်း၌ အ​ပေါင်းအ​ဖော်​ဖြစ်​၏။
၂. အခါမဲ့ခရီးသွားခြင်း၌ အ​ပေါင်းအ​ဖော်​ဖြစ်​၏။
၃. ပွဲလမ်းသဘင်​ ကြည့်​ရှုနား​ထောင်​ခြင်း၌ အ​ပေါင်းအ​ဖော်​ဖြစ်​၏။
၎. ​လောင်းကစားခြင်း၌ အ​ပေါင်းအ​ဖော်​ဖြစ်​၏။
     ဤ​လေးပါး​သောအ​ကြောင်းတို့ဖြင့်​ ပျက်​စီး​ကြောင်း၌ အ​ပေါင်းအ​ဖော်​ဖြစ်​​သော မိတ်​​ဆွေစစ်​မဟုတ်​သည့်​ မိတ်​​ဆွေတုကို သိအပ်​၏။
ဆောင်​ပုဒ်
•••••••••••
သောက်​ထုတ်​​သေရည်
ညဉ့်​နက်​လမ်းသွား
ရှုစားသဘင်
ပျော်​ရွှင်​အန်​စာ
လေးရပ်​မှာပင်
တကွထင်​သည်
လေးအင်​အပါယ်​သဟဲတည်း..။
          ✏ ဆရာ​တော်​ဦးဗုဓ်
အရိယာသာဝကတစ်​​ယောက်​၏ပစ္စုပ္ပန်​ဘဝ
ကံကိ​လေသာ ​လေးပါးတို့ကိုပယ်​ပြီး ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ မ​ကောင်းမှု့ကို မပြုဘဲ စည်းစိမ်​ပျက်​စီး​ကြောင်း ​ခြောက်​ပါးတို့ကို မမှီဝဲ ၊ ​ရှောင်​ကြဉ်​​နေသည့်​ အရိယာသာဝက တစ်​​ယောက်​၏ ဤပစ္စုပ္ပန်​ဘဝ တမလွန်​ဘဝသည်​ ရန်​မျိုးငါးအင်​ ကင်းစင်​​သော​ကြောင့်​ နှစ်​သက်​မြတ်​နိုးအပ်​​သော ဘဝမည်​ပါသည်​။
ဆောင်​ပုဒ်
"""""""""""
သူသက်​သတ်​က၊
စသည့်​လိမ်းကျံ ကံကိ​လေသာ၊
လေးဖြာပယ်​ဘိ ၊
အဂတိဟု ၊
မပြု​လေးဖြာ၊
ဥစ္စာကုန်​​ပျောက်
သေ​သောက်​ခြင်းက
စသည့်​ ​ခြောက်​လီ
မမှီဝဲမှု
ဆယ့်​​လေးခုမှ
ပြုကြကင်းလက်
ခြောက်​ရက်​မျက်​နှာ ၊
ဖုံးလွှမ်းကာလျှင်​ ၊
သေခါ နတ်​ပြည်​ ​ရောက်​လိမ့်​မည်​။
ဗုဒ္ဓ​ပေး​သောချမ်းသာ​အောင်​​နေနည်း
ဗုဒ္ဓပေးသောချမ်းသာအောင်နေနည်း
*******************************
တဏှာနဲ့တူတဲ့ စီးဆင်းတတ်တဲ့ ဘယ်လို ရေအလျဉ်မျိုးမှ လောကမှာ မရှိပါဘူး။
ရာဂနဲ့တူတဲ့ ဘယ်လိုအပူမီး မျိုးမှ လောက မှာ မရှိပါဘူး။
ယင်းသုံးမျိုး မရှိသောသူသည် စင်စစ် ဧကန်ချမ်းသာသုခနှင့်ပြည့်စုံတဲ့လူ တစ်ယောက်ဖြစ်လာလိမ့်မယ် လို့ မြတ်ဗုဒ္ဓ ဆုံးမတော်မူခဲ့ပါသည်။
မာန်​မတတ်​နဲ့
ရုပ်လှခြင်းခွန်အားကြီးခြင်းအပေါ်မာန်မတတ်မိပါစေနှင့်
ရုပ်လှခြင်း ခွန်အားဗလပြည့်စုံခြင်းအပေါ်
မာန်တတ် နေသော်နန္ဒအား အရှင်မေတ္တေယျ က
ဤသို့ဆုံးမခဲ့ပါတယ်သူတော်ကောင်းအပေါင်းတို့ ။
အို နန္ဒ.... ခွန်းအား၊ရုပ်ရည်၊အရွယ်တို့ကို
ကျွန်ုပ်သိသလိုသင်လဲသိ၏။သို့သော်ယင်းသုံးမျိုးက
အနိစ္စ သဘော ဖြစ်တယ်လို့ ကျွန်ုပ်သဘောပေါက်
သလိုသင်သဘော မပေါက်ဘူး။
ဒိခန္ဓာကိုယ်သည် အနာရောဂါများ၏အိမ်
ဂေဟာဖြစ်တယ်။ ဇရာလွှမ်းမိုးအုပ်စိုးခြင်းကိုခံနေ
ရတယ်။ မြစ်ကမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်လို
မရေရာပါဘူး ရေပွက်ပမာလိုတစ်ခဏသာခံတယ်။
ဒိသဘောတရားတွေကို သင်သဘော မပေါက်ဘူး။
ဒါကြောင့် မို့သားခွန်အား ဗလကို ထာဝစဉ်တည်မြဲ
နေလိမ့်မယ်လိုသင်ထင်မှတ်နေခြင်းဖြစ်ပေတယ်။
ညီတော်မင်းနန် စာအုပ်မှ ဦးဇင်း ထုက်နူတ်ရေး
သားခြင်းဖြစ်ပါသည်။
Tuesday, January 26, 2016
မြတ်​နိုးအပ်​​သောဘဝ
ကံကိ​လေသာ ​လေးပါးတို့ကိုပယ်​ပြီး ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ မ​ကောင်းမှု့ကို မပြုဘဲ စည်းစိမ်​ပျက်​စီး​ကြောင်း ​ခြောက်​ပါးတို့ကို မမှီဝဲ ၊ ​ရှောင်​ကြဉ်​​နေသည့်​ အရိယာသာဝက တစ်​​ယောက်​၏ ဤပစ္စုပ္ပန်​ဘဝ တမလွန်​ဘဝသည်​ ရန်​မျိုးငါးအင်​ ကင်းစင်​​သော​ကြောင့်​ နှစ်​သက်​မြတ်​နိုးအပ်​​သော ဘဝမည်​ပါသည်​။
ဆောင်​ပုဒ်
"""""""""""
သူသက်​သတ်​က၊
စသည့်​လိမ်းကျံ ကံကိ​လေသာ၊
လေးဖြာပယ်​ဘိ ၊
အဂတိဟု ၊
မပြု​လေးဖြာ၊
ဥစ္စာကုန်​​ပျောက်
သေ​သောက်​ခြင်းက
စသည့်​ ​ခြောက်​လီ
မမှီဝဲမှု
ဆယ့်​​လေးခုမှ
ပြုကြကင်းလက်
ခြောက်​ရက်​မျက်​နှာ ၊
ဖုံးလွှမ်းကာလျှင်​ ၊
သေခါ နတ်​ပြည်​ ​ရောက်​လိမ့်​မည်​။
       ✏ ဆရာ​တော်​ဦးဗုဗ်
သောတာပန်​ဖြစ်​ချင်​​သော မဟတ္တမဂန္ဓီ
သောတာပန်​ဖြစ်​ချင်​​သော မဟတ္တမဂန္ဓီ
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
   သူ​တော်​စင်​ကြီး မဟတ္တမဂန္ဓီသည်​ ဗုဒ္ဓဘာသာမဟုတ်​​သော်​လည်း ​ဗုဒ္ဓဘာသာတို့ ​တောင့်​တ​သော ​သောတာပန်​ အဖြစ်​ကို အလိုရှိ​ကြောင်း ကိုယ်​တိုင်​​ရေး အတ္တုပ္ပတ္တိစာအုပ်​တွင်​ ​ရေးသားခဲ့သည်​။
   တစ်​ခါတွင်​ မဟတ္တမဂန္ဓီကြီးသည်​ ​တောင်​အာဖရိက​တွင်​ ​ရှေ့​နေလိုက်​​နေစဉ်​ကဖြစ်​၏။    ထာဝရဘုရားကို ကိုးကွယ်​​သော ဘာသာဝင်​တစ်​ဦးက မဟတ္တမဂန္ဓီကြီးကို သူတို့ဘာသာသို့ ဝင်​ရန်​ လာပြီးဆွဲ​ဆောင်​​သည်​မှာ ..
    `` ဂန္ဓီ ကျွန်​​တော်​တို့ ဘာသာထဲဝင်​ပါ။ ကျွန်​​တော်​တို့ ဘာသာဝင်​ ဖြစ်​သွားရင်​ အပြစ်​​တွေကို ဘယ်​​လောက်​ပင်​ လုပ်​လုပ်​ ကျွန်​​တော်​တို့ ဘုရားက ခံ​ပေးသည်​။ ကျွန်​​တော်​တို့က ဘာမှမခံရဘူး..´´ ဟု ​ပြောရာ မဟတ္တမဂန္ဓီကြီးက..
   ** ကျွန်​​တော်​က အပြစ်​​တွေလုပ်​ချင်​တိုင်း လုပ်​ပြီးမှ ​ကျေ​ပျောက်​​အောင်​ လုပ်​​ပေးတာကို သ​ဘောမကျဘူး..၊
    အဲ့ဒီအပြစ်​​တွေကို ကျူးလွန်​ချင်​တဲ့စိတ်​​တွေ ဖြစ်​မလာတာကိုဘဲ အလိုရှိတယ်​..**
ဟု ပြန်​​ဖြေလိုက်​၏။
   မည်​မျှ သူ​တော်​​ကောင်းဆန်​သည့်​ စကားပါနည်း။   ထိုစိတ်​ဓာတ်​မျိုးသည်​ ​သောတာပန်​အရိယာတို့၌သာ ဖြစ်​​နိုင်​ပါ၊။
     ✏ ​မေတ္တာရှင်​ ((​ရွှေပြည်​သာ))
သောတာပန်​နှင့်​ငါးပါးသီလ
သောတာပန်​နှင့်​ငါးပါးသီလ
********************
   ကလျာဏသူ​တော်​​ကောင်းဖြစ်​​သော ပုထုဇဉ်​သည်​လည်း ငါးပါးသီလကို လုံခြုံ​အောင်​​စောင့်​သည်​။
အဘယ်​ကဲ့သို့ ထူးသနည်း။ ထူးပါသည်​။
   ကလျာဏပုထုဇဉ်​၏ ငါးပါးသီလ လုံခြုံ​အောင်​​စောင့်​ခြင်းသည်​ ယခုဘဝကဲ့ရဲ့ခံရမှာ ၊ အရှက်​ကွဲသိက္ခာကျမှာ ၊ သံသရာတွင်​ အပါယ်​ငရဲကျမှာ ​ကြောက်​​သော​ကြောင့်​ ​စောင့်​ခြင်းဖြစ်​သည်​။
   တစ်​နည်းအားဖြင့်​ ကျူးလွန်​ချင်​ရဲ့သားနဲ့ မကျူးလွန်​မိ​အောင်​ ​အောင့်​အီး​စောင့်​​နေရခြင်းဖြစ်​ပါ၏။   အကယ်​၍ သီလ​ဖောက်​ဖျက်​သည့်​အတွက်​ ပစ္စက္ခမှာလည်း ကဲ့ရဲ့ရှုတ်​ချ ၊ အပြစ်​​ပေးမည့်​သူ မရှိဘူးဆိုလျှင်​ ၊ သံသရာမှာလည်း အပါယ်​မကျဘူးဆိုလျှင်​ ဧကန်​မုချ ​ဖောက်​ဖျက်​မည်​သာဖြစ်​၏။
ကျူးလွန်​ချင်​ပါလျှက်​ ​အောင့်​အီးပြီး​နေရခြင်းမဟုတ်​၊
ငါးပါးသီလကို ​ဖောက်​ဖျက်​ချင်​​သော စိတ်​​စေတနာပင်​ ​ပေါ်မလာ​တော့ခြင်းဖြစ်​၏။   ရရှိထား​သော ​သောတာပတ္တိမဂ်​စိတ်​က သီလ​ဖောက်​ဖျက်​ချင်​​သော စိတ်​ဆိုး ၊ ​စေတနာဆိုးများကို ပယ်​သတ်​ပစ်​လိုက်​​သော​ကြောင့်​ ဖြစ်​သည်​။
   ✏ ​မေတ္တာရှင်​ (( ​ရွှေပြည်​သာ ))
Saturday, January 23, 2016
ဥပါသကာ ပျက်​စီးခြင်း
ဥပါသကာပျက်​စီးခြင်း
****************
ဥပါသကာ ဖြစ်​ပြီးသူသည်​..
၁. သဒ္ဓါမရှိခြင်း။
၂. သီလမရှိခြင်း။
၃. အထူးအဆန်း မင်္ဂလာကိုယုံကြည်​သက်​ဝင်​ခြင်း။
၎. ကံ၊ ကံ၏အကျိုးကို မယုံကြည်​ခြင်း။
၅. အယူပျက်​​သော သာသနာပ တိတ္ထိတို့ကို ရှိခိုးခြင်း၊ အရိုအ​သေ​ပေးခြင်း။
စသည့်​ အချက်​များ ပြုလုပ်​ပါက ရတနာသုံးပါး အ​ပေါ် ကိုးကွယ်​ဆည်းကပ်​​သော ဥပါသကာအဖြစ်​ ပျက်​ပြယ်​သွားပါသည်​။ ​အထက်​ပါအချက်​ ၅ ချက်​နှင့်​ ပြည့်​စုံသူကို...
၁. ဥပါသကစဏ္ဍာလ
          ဒွန်းစဏ္ဍား  ဥပါသကာဟူ၍လည်း​ကောင်း..
၂. ဥပါသကမလ
           မသန့်​ရှင်​​သော ​ဥပါသကာဟူ၍လည်း​ကောင်း
၃. ဥပါသကပဋိကိဋ္ဌ
            စက်​ဆုပ်​ရွံ့ရှာဖွယ်​ ဥပါသကာဟူ၍ လည်း​ကောင်း ​ခေါ်ဆိုရ​တော့၏။
ဥပါသကာ အရည်​အချင်းနှင့်​ပြည့်​စုံခြင်း
ဥပါသကာအရည်​အချင်းနှင့်​ပြည့်​စုံခြင်း
**************************
   ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါး ကို မြတ်​နိုးစွာ ဆည်းကပ်​ကိုးကွယ်​​သော လူပုဂ္ဂိုလ်​ကို "" ဥပါသကာ "" ဟု ​ခေါ်ဆိုသည်​။
ဥပါသကာ အဖြစ်​သို့ ​ရောက်​ပြီး​သော ဗုဒ္ဓဘာသာဝင်​ တစ်​​ယောက်​သည်​...
၁. သဒ္ဓါတရားနှင့်​ ပြည့်​စုံရမည်​။
၂. အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏။
၃. ​ကောတုဟလမင်္ဂလာ​ခေါ်... အထူးအဆန်းမင်္ဂလာကို ယုံကြည်​လက်​ခံခြင်း မပြုရ။
၎. ကံ ၊ ကံ၏ အကျိုးကို ယုံကြည်​ရ၏။
၅. အယူပျက်​သည့်​ သာသနာပ အလှူခံပုဂ္ဂိုလ်​တို့ကို အရိုအ​သေ မပြုရ။ မလှူဒါန်းရ​ပေ။
အဆိုပါ အင်္ဂါရပ်​နှင့်​ ပြည့်​စုံ​သော ပုဂ္ဂိုလ်​ကို ..
၁. ဥပါသကရတန
       နှစ်​သက်​ကြည်​ညိုဖွယ်​ ဥပါသကာဟူ၍လည်း​ကောင်း။
၂. ဥပါသကပဒုမ
          ပဒုမ္မာကြာနှင့်​တူ​သော ဥပါသကာဟူ၍လည်း​ကောင်း။
၃. ဥပါသကပုဏ္ဍရီက
          ကြာဖြူနှင့်​တူ​သော ဥပါသကာဟူ၍ လည်း​ကောင်း ​ခေါ်ဆိုထိုက်​သည်​။