ရှင်ဥပဂုတ်မထေရ် အကြောင်း'
💥💥💥💥💥💥💥
.အားလုံးသောဓမ္မမိတ်ဆွေအပေါင်းကျန်းမာ
ရွှင်လန်း ကြပါစေ။ဦးဇင်း ရှင်ဥပဂုတ် မထေရ်
မြတ် ဇာတ်လမ်းကို အပိုင်း ခွဲပြီး ရေးတင်ပေး
ပါမယ်။ ဇာတ်လမ်း ပြီးဆုံး သွားရင် ထေရဝါဒ
ကျမ်းဂန်များနှင့်ကိုက်ညီမူရှိ မရှိကိုဆရာတော်
ကြီးများဆုံးဖြတ်ထားသောအဆုံးဖြတ်များကို
ပါ ထည့်သွင်းပြီးရေးသားပေးပါမယ် သူတော်
ကောင်းအပေါင်းတို့။
သိရီဓမ္မာသောကမင်းကြီးသည်ရာဇဂြိုလ်
ပြည်ကပင့်ဆောင်လာတဲ့ဓာတ်တော်များကို
ဌာပနာ ပြု၍အတိုင်းတိုင်းသောဌာနတို့ တွင်
စေတီပေါင်း ရှစ်သောင်းလေး ထောင်တည်
တော်မူပါတယ်။ပါဋလိပုတ်ပြည်မှာတော့ကြီး
ကျယ် အခန်းနားဆုံး ဖြစ်အောင်မဟာစေတီ
ကြီးကိုတည်တော်မူပါတယ်။
.
မဟာစေတီကြီးပြီးတဲ့အခါမှာရှစ်သောင်း
လေးထောင်သော စေတီတော်မြတ်တို့ကို
တစ်ပြိုင် ထဲ ရေစက်ချ အခန်းနားကြီး ကို
ခုနစ်နှစ် ၊ခုနစ်လ၊ခုနစ်ရက်တို့လုံးကျင်းပဖို့
အတွက်ကြံစည်တော်မူပါတယ်။
xxxxxxxxxxxxxxxxxxxxxx
. ။အမတ်ကြီးများ ငါကိုယ်တော်မြတ် ရေစက်ချ
အလှူကြီး ပြုတော်မူမယ်ကွဲ့။
. ။မှန်လှပါ သင့်မြတ်တော်မူ ကြောင်းပါဘုရား။
.
. ။သို့ပင်မဲ့ မောင်မင်းများ ငါကိုယ်တော် မြတ်စိုးရိမ်
တော်မူတာ တစ်ခုရှိသကွဲ့။
. ။ဘာများ လဲ အရှင်မင်းမြတ်ဘုရား။
။ဘာရှိရမလဲမောင်မင်းများကိုယ်တော်တို့ကိုးကွယ်
တော်မူတဲ့ မြတ်ဗုဒ္ဓကိုတောင်မာရ်နတ်ကဖျက်ခဲ့တယ်
မဟုက်လားကွဲ့။
။မှန်လှပါဘုရား အမျိုးမျိုးဖျက်တော်မူခဲ့ ကြောင်းပါ ။
.
။အေးကွယ်အတုမရှိ မြတ်စွာဘုရားမို့သူရန်ကိုအောင်
တော်မူတာ ငါ ကိုယ်တော်ရဲ့ ရှေ့ကမဖြစ်ဖူး ထူးကဲတဲ့
အလှူကြီးကိုမာရ်နတ်သာလာ အန္တရာယ် ပြုရင်မခက်
ဘူးလားမောင်မင်းများ။
.
။စိုးရိမ်တော်မမူပါနဲ့ ဘုရား မြတ်စွာဘုရားမရှိပင်မဲ့ သူ
ရဲ့သားတော် မထေရ်မြတ်များ ရှိပါတယ်ဘုရား ။
.။အေးကွယ်သတိဆိုတာပိုတယ်မရှိဘူးမောင်မင်းများ
လိုရမယ်ရ ခု ကတည်း မာရ်နတ်ကိုနှိမ်နှင်းနိုင်စွမ်းရှိ
တဲ့ ရဟန်းတော်တစ်ပါးလောက်တော့ ရှာထားမှ ကွဲ့။
။မင်လှပါ သံဃာ့ မထေရ်ကြီးနှင့်တိုင်ပင်ပြီး ပြုတော်
မူပါ့ ဘုရား။
.
xxxxxxxxxxxxxxxxxxxxx
သိရီဓမ္မာသောကမင်း ကြီး ပရိတ်သတ်နှင့်တကွ
ုသံဃာ့မထေရ် ကြီးထံ ကျောင်းသို့ ကြွရောက်လာပြီး
မထေရ်ကြီးကို ရှိခိုးပြီး စတင်လျှောက်ပါတယ်။
။ အရှင်ဘုရား အရှင်ဘုရားနှင့်တကွသောမြတ်စွာဘု
ရား ၏ သားတော်အပေါင်းတို့ သည် ဘုန်းတန်ခိုးနှင့်
ပြည့်စုံတော်မူကြပါတယ် ဘုရား။
။တပည်တော်လျှောက်ထားလိုသည်မှာဘုရားတပည့်
တော် ၏ ကြီးကျယ် ခန်းနားတဲ့အလှူကြီးကိုအကယ်
၍မာရ်နတ်အန္တရာယ် ပြုလာခဲ့ရင်မာရ်နတ်၏ရန်ကို ခု
ခံနိုင်ရန် ရဟန်းတစ်ပါး သတ်မှတ်ပေးစေ လိုပါတယ်
အရှင်မြတ်ဘုရား။
ဓမ္မာသောက မင်းကြီးသည် မိမိ ဆရာအရင်း
ဖြစ်တဲ့ သံဃာမထေရ်ကြီး ကိုပွင့်ပွင့် လင်းလင်းပဲ ဦး
တိုက်လျှောက်ထားလိုက် ပါတော့တယ်။
.
. မာရ်နတ်ကို လွယ်လွယ်ကူကူနှိမ်နင်းနိုင်မယ်
လို့မင်းကြီးကထင်နေရှာပါတယ်။ မာန်နတ်ကိုတန်ခိုး
အင်မတန် ကြီးတဲ့ နတ်ဆိုတာ မေ့နေတာထင်ပါရဲ့။
.
. သံဃာ့ မထေရ်ကြီး ကတော့ မင်းကြီးစိတ်ချမ်း
သာစေရန် ကောင်းပြီးဒကာတော်ဟုသာဆိုတော်မူ
ရှာပါတယ်။ဒိကိစ္စကိုဘယ်လိုစီစဉ်ရမလဲလို့အတွေး
များစွာနဲ့ ပေါ့။
.
. သိရီဓမ္မာသောကမင်းကြီး ကတော့လိုတာရ
သွားတဲ့ ကလေးငယ်တစ်ဦးပမာ မထေရ်ကြီးကို
ဦးတိုက်ပြီး ပျော်ရွှင်စွာကျောင်းတော်ထဲမှ ထွက်ခွါ
သွာပါပြီ။
.
. သိရီဓမ္မာသောက မင်းကြီးရဲ့ကျောပြင်ကို
ကြည့်နေရင်း လေးပင်စွာ ချလိုက်တဲ့ မထေရ်
မြတ်ကြီးရဲ့ပြင်းချသံ ကို မင်းကြီး မသိရှာ ပြီပေါ့။
xxxxxxxxxxxxxxxxxxxxxxxx
သံဃာတော် အရှင်မြတ်များ အရေးပေါ်
အစည်းဝေးကြီးကျင်းပနေကြပါတယ်။ဒိနေ့အပါဝင်
ဆို သုံးရက်တောင် ရှိခဲ့ပါပြီ ။ ဒါပင်မဲ့အစည်းဝေးက
မပြီးဆုံး နိုင်သေးပါဘူး။
.
. တန်ခိုးကြီးသော ရဟန်း သာမဏေတွေ
အားလုံး ခေါင်းချင်းဆိုင်ပြီးအဖြေရှာနေကြပါတယ်။
.
. ဘာပြဿနာလဲ ဆိုတော့ ဘုရင်ကြီးတောင်း
ထားတဲ့ မာရ်နတ်ကို နိုင်တဲ့ရဟန်းတစ်ပါးရရှိရေးပါ။
သံဃာတွေ ဘုန်းတန်းခိုး ကြီးတာမှန်ပင်မဲ့မာရ်နတ်
ကို နှိမ်းနင်း နိုင်ဖို့ အရေး တော့ ဘယ်သူမှဝန်မခံ
ရဲကြ ရှာပါဘူး။ မာရ်နတ်ဆို တာ တန်းခိုးအလွန်
ကြီးတဲ့နတ်တစ်ပါး ဖြစ်တာ ကို။
.
. သံဃာ ပရိတ်သတ်ကြီးကို လာရောက်ပြီး
ဝိဇ္ဇာဇော်ဂျီ နဂါးတွေလဲအသီးသီးလာဖူးကြပါတယ်။
ခုအချိန် က တန်ခိုး ကြီးတဲ့ရဟန်းတွေဆုံမိကြတဲ့
အချိန်ဖြစ်နေတာကို။
xxxxxxxxxxxxxxxxxxxx
ဟောကောင်းကင်မှာ ဂဠုန်တစ်ကောင် အဟုန်
နဲ့ ပြေးလာပါပြီ။ ဘာကြောင့်များ ပါလိမ့်။
အလိုသံဃာ့အစည်းဝေးကို လာပြီး သံဃာတွေ
ဖူးနေတဲ့ နဂါးတစ်ကောင်ကို သုတ်ဖို့ ပါလား။
.
. သံဃာတွေကို ဖူးမျှော်နေတုန် ရန်အပြုခံရလို့
ဘယ်သင့်တော်ပါ့မလဲ။ သံဃာတွေလဲ နဂါးကို
ကယ်ဖို့ တန်တွေ အသီးသီးထုက် ပြီးကြိုးစားရှာ
ကြပင်မဲ့ ဂဠုန်ရန်ကမကာကွယ်ပေးနိုင်ကြပါဘူး။
.
. ဂဠုန်ကြီးက နဂါးကို သုတ်ဖို့ အရမ်း နစ်လံ
လောက်ပဲ လိုပါတော့တယ်။
.
. အို သတ္တဝါတစ်ခုကံတစ်ခု ဘယ်တတ်နိုင်ပါ့မ
လဲ ဟုသာနှလုံးသွင်းရုံရှိတော့တာပေါ့။
။ဘုရား ဘုရား။
ရဟန်းတွေ အားလုံး လက်မှိုင်ချပြီးဂဠုန်ကြီးကို
ကြည့်နေရရှာပါတယ်။
.
. အဲဒိ အချိန်မှာ အံသြဖွယ်မြင်ကွင်းတစ်ခုကို
အားလုံး တွေ့မြင်လိုက်ကြရပါတယ် ။
. နဂါးကို ထိုးသုတ်ဖို့ တစ်လှမ်းလောက်
အကွာလေးမှာ ပဲ ဂဠုန်ကြီးကျောက်ရုပ်ဖြစ်သွား
ပါတယ်။
.
အလိုထူးကဲလှပါပေတယ်။ ကိုရင်လေးတစ်ပါးက
စတုတ္ထဈာန်ကိုဝင်စားပြီး ဂဠုန်ကြီးကိုကျောက်ရုပ်
ဖြစ်သွားအောင် အဓိဋ္ဌာန်ပြုလိုက်တာပါ။
.
. ဆရာတော်ကြီးတွေ အရမ်းအံသြသွားပါတယ်။
ပြီးတော့ မာရ်နတ်ဖျက်စီးမဲ့ ရန်ကို နှိမ်နင်းမဲ့သူကို
တွေ့ရလို့ ဝမ်းသာသွားကြပါတယ်။
.
. အော် တန်းခိုး ဣဒ္ဓိပါဒ် ပြည့်စုံ ပါပေ့ ကိုရင်။
ငယ်သာငယ်ပင်မဲ့တန်းခိုးကြွယ်တဲ့သာမဏေပါ့လား၊
.
. ရဟန်း ရှင် လူ အပေါင်းတို့ရဲ့ လေးစားကြည်
ညိုကြတဲ့အကြည့်တွေအားလုံးကကိုရင်ငယ်ထံသို့
စုပြုံပြီးရောက်သွားကြပါ့ပြီပေါ့။
xxxxxxxxxxxxxxxxxxxxx
. သံဃာ့မထေရ်ကြီး ရှေ့မှောက်မှာ သာမဏေ
လက်အုပ်ချီပြီးခေါင်းကို ငုံ့ထားပါတယ်။မထေရ်ကြီး
၏စကားသံတွေကတည်ငြိမ်အေးဆေးစွာထွက်ပေါ်
လာပြီ။
.
။ကိုရင်ငယ်သင့်တန်းခိုးကအံသြဖွယ်ရှိပါပေတယ်။
အသင်မာရ်နတ်ရန်ကို ကာကွယ်နိုင် ပါသလော?။
.
။ဆရာတော်ဘုရား တပည့်တော်မာရ်နတ်မင်းရန်
ကိုကာကွယ်နိုင်စွမ်း မရှိပါဘုရား ။ ဒါပင်မဲ့ အကြံ
တစ်ခုတော့ ပေးခွင့်ပြုပါဘုရား။
.
။ ဘာများလဲ ကိုရင်လေးရဲ့ပြော ပါကွဲ့ ။
။မှန်လှပါ ဘုရားတပည့်တော်ထက်တန်ခိုး အရာ
မနိုင်း သာအောင်ကြီးတဲ့ရဟန်းတော်တစ်ပါးရှိပါ
တယ်ဘုရား။
.
။အော် ကိုရင်ထက်တန်းခိုးကြိးတဲ့ သူဆိုရင်တော့
မာန်နတ်မင်းကို ကြိမ်းသေနူိုင်လိမ့် မယ်ကွဲ့။
.
။မှန်လှပါဆရာတော်ဘုရားခုအချိန်မှာထိုအရှင်က
လွဲလို့ မာရ်နတ်ကြီးရန်ကို တားဆီးနိုင်မဲ့ သူ
မရှိနိုင်ပါ ဘုရား။
.
။အေးကွယ်ကြားရတာ ဝမ်းသာ တယ် ကွဲ့ ။
တပည့်တော်တို့ အစည်းဝေး က ဒိနေ့ ဆို
သုံးရက်တောင် မြောက်ခဲ့ပြီလေ။ ဒါပင်မဲ့
မာရ်နတ်ကို တားနိုင်တဲ့ သူက မတွေ့ သေး
ဘူး မဟုက်ပေလား?။အော်ဒါ နဲ့ အဲဒိအရှင်
ဘွဲ့ ကိုပြောပါအုံး ကိုရင်။
.
။မှန်လှပါဘုရား.... တောင်သမုဒ္ဒရာ ရေပြင်ကို
နှစ်ခြမ်းခွဲပြီးကြီးကျယ်ခန်းနားသော ပြဿဒ်ကြီး
ဖန်ဆင်း ၍ နေတော်မူတဲ့ ရှင် ဥပဂုတ်
မထေရ်မြတ်ကြီးပါဘုရား။
.
။အလို ရှင်ဥပကုတ်တဲ့လား!။
သံဃာ့မထေရ်ကြိးတီးတိုးရွတ်ဆိုလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxx
ဆက်ရန်....
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, January 2, 2016
ရှင်ဥပဂုတ်မထေရ်အကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment