သေနည်းသင်တန်းတက်ထားပါ
******************************
ဘ၀သံသရာမှာ မျောပါနေကြတဲ့ သူသူငါငါ သတ္တ၀ါ တွေအတွက် သေနည်းသင်တန်း တက်ထားဖို့လိုတယ်။
လူတိုင်း တစ်နေ့မှာ သေရမှာ မလွဲဘူး။ ကြောက်ဖို့ မလိုဘူး။ ကြောက်နေလို့လဲမရဘူး။
ဒါကြောင့် ကြိုတင်ပြင်ဆင်ထားရအောင်။
၁. သေနည်းသုံးမျိုးပြောမယ်။
ငါတော့ ဒီတောင်က မကျော်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့်..။
မိမိတစ်သက်တာအတွင်း ပြုလုပ်ခဲ့ဘူးတဲ့ အလှူတွေကို စဉ်းစားကြည့်ပါ။
ဒါနကို လူတိုင်း လုပ်ဖူးကြတာချည်းမို့ မိမိ စိတ်အကြည်လင်ဆုံး အကျေနပ်ဆုံး အလှူတစ်ခုကိုပဲ ဆင်ခြင်နေပါ။
၂. ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာတစ်ခုခုကို နှလုံးသွင်းနေ၊ ဒါမှမဟုတ်လည်း......
၃. ရောဂါပြင်းထန်နေလို့ ဆေးတွေလွန်နေလို့ သတိမရတစ်ချက် ရတစ်ချက် ကယောင်ကတန်း ဖြစ်နေတယ်ပဲထား ၊ သတိရလာတာနဲ့...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ .. ... လို့ ရွတ်နေပါ။
ဒါ လူတိုင်းရပြီးသား ဒီနည်းသုံးနည်း .. တစ်နည်းနည်းနဲ့ သေရင် အနည်းဆုံး နတ်ပြည် ရောက်မှာ သေချာပါတယ် ။
_()_ ကျေးဇူ့တော်ရှင်
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ
No comments:
Post a Comment