စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 14, 2016

အကျဉ်းဆုံးမှတ်​ရန်​ ၀ိပဿနာဂါထာ​တော်​များ

အနိစ္စလက္ခဏာ
***************
   သ​ဗ္ဗေ သင်္ခါရာ အနိစ္စာ"တိ  ယဒါ ပညာယ ပဿတိ။
   အထ နိ​ဗ္ဗိန္ဒတိ ဒု​က္ခေ၊
ဧသ မ​ဂ္ဂေါ ၀ိသုဒ္ဓိယာ ။

   အကြင်​အခါ (( ရုပ်​နာမ်​ဓမ္မ )) သင်္ခါရအားလုံးတို့သည်​ အမြဲမရှိကုန်​ "" ဟု ၀ိပဿနာ ပညာဖြင့်​ ရှုမြင်​နိုင်​၏။  ထိုအခါ ရုပ်​နာမ်​ဓမ္မသင်္ခါရတို့၌ ငြီး​ငွေ့၏။ ဤငြီး​ငွေ့ခြင်းသည်​ ကိ​လေသာစင်​ကြယ်​ရာ နိဗ္ဗာန်​၏ အ​ကြောင်းဖြစ်​၏။

အဓိပ္ပါယ်
°°°°°°°°°
   ရုပ်​နာမ်​ဓမ္မ သင်္ခါရအားလုံးကို အနိစ္စ ( မမြဲ ) ဟု သိမြင်​​အောင်​ ၀ိပဿနာ ရှုရမည်​။
   ထိုသို့ရှုလျှင်​ ရုပ်​နာမ်​ ဓမ္မ သင်္ခါရတို့၌ မတပ်​မက်​​တော့ဘဲ ငြီး​ငွေ့စက်​ဆုပ်​လာလိမ့်​မည်​။
   ဤသို့ ငြီး​ငွေ့စက်​ဆုပ်​လာပါက ကိ​လေသာ ကင်းစင်​၍ နိ​ဗ္ဗာန်​ကို သိမြင်​နိုင်​သည်​။

ဒုက္ခလက္ခဏာ
**************
  
   " သ​ဗ္ဗေ သင်္ခါရာ ဒုက္ခာ " တိ
ယဒါ ပညာယ ပဿတိ။
   အထ နိဗ္ဗိန္ဒတိ ဒု​က္ခေ၊
ဧသ မ​ဂ္ဂေါ ၀ိသုဒ္ဓိယာ ။

   အကြင်​အခါ (ရုပ်​နာမ်​ဓမ္မ ) သင်္ခါရအားလုံးတို့သည်​ ဆင်းရဲကုန်​၏ "" ဟု ၀ိပဿနာ ပညာဖြင့်​ ရှုမြင်​နိုင်​၏။ ထိုအခါ ရုပ်​နာမ်​ဓမ္မ သင်္ခါရတို့၌ ငြီး​ငွေ့၏၊   ဤငြီး​ငွေ့ခြင်းသည်​ ကိ​လေသာစင်​ကြယ်​ရာ နိဗ္ဗာန်​၏ အ​ကြောင်းဖြစ်​၏။

အဓိပ္ပါယ်
°°°°°°°°°
   ရုပ်​နာမ်​ဓမ္မ သင်္ခါရအားလုံးတို့ကို ဒုက္ခ ( ဆင်းရဲ )ဟု သိမြင်​​အောင်​ ၀ိပဿနာ ရှုရမည်။
ထိုသို့ရှုလျှင်​ ရုပ်​နာမ်​ဓမ္မ သင်္ခါရတို့၌ မတပ်​မက်​​တော့ဘဲ ငြီး​ငွေ့စက်​ဆုပ်​လာလိမ့်​မည်​။
   ဤသို့ ငြီး​ငွေ့စက်​ဆုပ်​လာပါက ကိ​လေသာကင်းစင်​၍ နိ​ဗ္ဗာန်​ကို သိမြင်​နိုင်​သည်​။

အနတ္တလက္ခဏာ
****************
   "" သ​ဗ္ဗေ ဓမ္မာ အနတ္တာ " တိ၊
ယဒါ ပညာယ ပဿတိ။
   အထ နိ​ဗ္ဗိန္ဒတိ ဒု​က္ခေ၊
ဧသ မ​ဂ္ဂေါ ၀ိသုဒ္ဓိယာ ။

   အကြင်​အခါ " သဘာဝတရားအားလုံးသည်​ အတ္တမဟုတ်​ကုန်​ " ဟု ၀ိပဿနာ ပညာဖြင့်​ ရှုမြင်​နိုင်​၏။
   ထိုအခါ ရုပ်​နာမ်​ဓမ္မ သင်္ခါရတို့၍ ငြီး​ငွေ့၏။
   ဤငြီး​ငွေ့ခြင်းသည်​ ကိ​လေသာစင်​ကြယ်​ရာ နိ​ဗ္ဗာန်​၏ အ​ကြောင်းဖြစ်​၏။

အဓိပ္ပါယ်​မှာ..
°°°°°°°°°°°°° ရုပ်​နာမ်​ ဓမ္မ သင်္ခါရအားလုံးကို အနတ္တ (အတ္တမဟုတ်​ ) ဟု သိမြင်​​အောင်​ ၀ိပဿနာ ရှုရမည်​။ ထိုသို့ရှုလျှင်​ ရုပ်​နာ်​မ်​ဓမ္မသင်္ခါရတို့၌ မတပ်​မက်​​တော့ဘဲ ငြီး​ငွေ့စက်​ဆုပ်​လာလိမ့်​မည်​။
   ဤသို့ ငြီး​ငွေးစက်​ဆုပ်​ပါက ကိ​လေသာကင်းစင်​၍ နိ​ဗ္ဗာန်​ကို သိမြင်​နိုင်​သည်​။

×××××××××××××××
ဖြစ်​ချုပ်​တရား
-----------------
   ယံ ကိဉ္စိ သမုဒယဓမ္မံ
သ​ဗ္ဗံ တံ နိ​ရောဓမ္မံ။

   ဖြစ်​ခြင်းသ​ဘောရှိ​သော တရားအားလုံးတို့သည်​ ချုပ်​ခြင်းသ​ဘောရှိ၏။

အဓိပ္ပါယ်​မှာ
°°°°°°°°°°°
    အရာအားလုံးသည်​ ဖြစ်​ခြင်းသ​ဘောရှိ​သလို ချုပ်​ခြင်းသ​ဘောလည်း ရှိ၏။
   ဖြစ်​​ပေါ်သည့်​တရားမှန်​သမျှ ချုက်​​ပျောက်​ရမည်​ဖြစ်​သည်​ ဟု ဆိုလိုပါသည်​။

××××××××××××××××

No comments:

Post a Comment