ဘုရားဂုဏ်တော်ပွားများရခြင်းအကျိုး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘုရားဂုဏ်တော်ကိုစွဲမြဲစွာ ဆင်ခြင်ပွားများသည် ရှိသော် အောက်ပါအကျိုးကျေးဇူ့များကို မုချမသွေ ရရှိနိုင်ပါသည်။
၁. မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ် အမြဲရှိလာခြင်း။
၂. ယုံကြည်မှု လေးနက်လာခြင်း။
၃. သတိ ပို၍ ကောင်းလာခြင်း။
၎. ပညာဥာဏ် ထက်မြတ်လာခြင်း။
၅. ကောင်းမှုတိုးပွားလာခြင်း။
၆. စိတ်ညစ်မှုကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း။
၇. ကြောက်ရွံ့ထိတ်လန့်ဖွယ် ကြုံရလျှင် မကြောက်မလန့် စိတ်တည်တံ့ခြင်း။
၈. မတော်တဆ ဆင်းရဲဒုက္ခ တွေ့ရလျှင် သည်းခံနိုင်ရည် ရှိခြင်း။
၉. မြတ်စွာဘုရားနှင့် အတူ နေရဘိသကဲ့သို့ စိတ်တွင် ထင်မှတ်လျက် ရှိခြင်း။
၁၀. ဗုဒ္ဓါနုဿတိဘာဝနာ အစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတပါးတို့၏ ပူဇော်မှု ချီးမြှောက်မှုကို ကောင်းစွာ ခံယူနိုင်ခြင်း။
၁၁. မိမိစိတ်သည် သမ္မာသမ္ဗောဓိဥာဏ် ၌ ကိုင်းညွတ်လာခြင်း။
၁၂. မကောင်းမှုကို ကျူးလွန်ရန် ပက်ပင်းကြုံရသောအခါမျိုးတွင် မိမိကိုယ်ကို ကောင်းစွာ စောင့်စည်းထိန်းသိမ်းနိုင်ခြင်း။
၁၃. သေလျှင် အပါယ်လေးပါးမှ ကင်၍ လူ့ပြည် နတ်ရပ် ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိခြင်း စသည်တို့ ဖြစ်လေသည်။
အမှန်စင်စစ် မြတ်စွာဘုရားသည် အစိန္တေယျ ဖြစ်သည့်နည်းတူ အစိန္တေယျ မြတ်စွာဘုရား၌ ကိုးစားကြည်ညိုသူများ ရရှိနိုင်သည့် ကောင်းကျိုးသည်လည်း အစိန္တေယျ ပင်ဖြစ်ပေသတည်း။
No comments:
Post a Comment