မေတ္တာနှင့်အကောင်းမြင်ဝါဒ(၂)
***************************
ယောနိသော မနသိကာရ သင့်တင့်အောင်
(ကုသိုလ်ဖြစ်အောင်)နှလုံး သွင်းခြင်းဖြစ်တယ်။
အရပ်စကားနဲ့ပြောရင် အကောင်းမြင်ဝါဒပါ။
တကယ်တော့ ဒီအကောင်းမြင်ဝါဒဟာ မိမိအတွက်ပါပဲ။ သူတစ်ပါး အတွက်မဟုတ်ဘူး။ဒါပေမယ့် တစ်ချိုကမိမိမှာ အကျိုးရှိတယ်
ဆိုတာကို သေချာမသိကြဘူး။
မင်္ဂလသုတ်မှာ ဘုရားဟောတဲ့အတိုင်း သူတစ်ပါး ကို
အရိုအသေပြု ခြင်း ဂါရ၀ မင်္ဂလာ ကိုမသိတဲ့
သူတွေက သူတစ်ပါး အတွက် လို့ပဲထင်တယ်။
တကယ်တော့ မိမိအတွက်ပဲ သူတစ်ပါး ကို
အရိုအသေပေးလိုက်ရင်ပေးတဲ့သူမှာ
အသက်ရှည်ခြင်း အဆင်းလှခြင်း
ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်းဆိုတဲ့
အကျိုးတွေရရှိတယ်။
အရိုအသေပြုခံရတဲ့
ပုဂ္ဂိုလ်မှာတော့ဘာမှရမသွားဘူး။
အရိုအသေခံတဲ့သူက သီလ သမာဓိ ပညာ
မရှိဘူးဆိုရင်အပါယ်တောင်ကျသွားနိုင်တယ်။
အကောင်းမြင်ဝါဒက ဒီသဘောမျိုးပါပဲ
အကုသိုလ်ဖြစ်မယ့်ဟာ ကုသိုလ် ဖြစ်သွားရတယ်။မိတ်ပျက်မယ့်ဟာ မိတ်ဆက်သွားတယ်။စိတ်ချမ်းသာခြင်း
မချမ်းသာခြင်းမှာ ဝတ္ထု အကြောင်းအရာထက် နှလုံး သွင်းက ပိုပြီးအဓိကကျတယ်။
စိတ်ထားမပြည့်ဝသေးတဲ့သူဟာ
သူတစ်ပါး အပြစ် ကိုပဲမြင်တယ်။
စိတ်ထားတစ်ဝက်လောက်ပြည့်ဝတဲ့သူကျတော မိမိကိုပဲ အပြစ်မြင်တယ်။
စိတ်ထားလုံးဝ ပြည့်ဝ တဲ့သူကျတော့
ဘယ်သူ ကိုမှအပြစ်မမြင်တော့ဘူး။
ထိုကြောင့်ဘယ်အရာမဆိုအကောင်းမြင်ဝါဒ
ဖြစ် နှလုံးသွင်းနိုင်ကြပါစေ။
No comments:
Post a Comment