၂၀၁၆ မင်္ဂလာရှိသော နှစ်သစ်
နေ့သစ်လေးရဲ့ မင်္ဂလာအပေါင်း ခညောင်းနေသော ဤနံနက်ခင်းလေးမှာ ရတနာသုံးပါး ဦးထိပ်ထား၍ ရာသက်ပန် သရဏဂုံဆောက်တည်ကြပါစို့..
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့..
ရာသက်ပန်သရဏဂုံတည်ဆောက်ပုံ
*******************************
❆ ဇီဝိတပရိယန္တံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အသက်ဆုံးသည့်တိုင်အောင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။
❆ဇီဝိတပရိယန္တံ
ဓမ္မံ သရဏံ ဂစ္ဆာမိ။
အသက်ဆုံးသည့်တိုင်အောင် တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။
❆ဇီဝိတပရိယန္တံ
သံဃံ သရဏံ ဂစ္ဆာမိ။
အသက်ဆုံးသည့်တိုင်အောင် သံဃာတော်အရှင်သူမြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏... အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံ စေတနာကြောင့် တပည့်တော် တပည့်တော်မတို့ အလိုရှိရာ တောင်းတအပ်သော မဂ်ဥာဏ်၊ ဖိုဥာဏ်၊ မြတ်နိဗ္ဗာန်ကို မလွဲဧကန် မျက်မောက်ပြုရပါလို၏ အရှင်ဘုရား။
_()_ _()_ _()_ _()_ _()_
သရဏဂုံတည်ခြင်းအကျိုးရှစ်မျိုး
*****************************
၁. ဖြစ်လေရာ ဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။
၂. ထက်မြက်သော ဥာဏ်ပညာရှိခြင်း။
၃. လူအများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
၎. အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
၅. ရွှေအဆင်းနှင့်တူသော ကိုယ်ကာယ ရှိခြင်း။
၆. အများနှစ်သက်ကြည်ညိုမှုကို ခံရခြင်း။
၇. မိတ်ဆွေ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ရခြင်း။
၈. ကျော်စော ထင်ရှားခြင်း။
**အပါဒါန်ပါဠိတော်နှင့် အဋ္ဌကထာ**
No comments:
Post a Comment