စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 14, 2016

အနန္တ​မေတ္တာ

🙇 အနန္တ​မေတ္တာ 🙇
********************

   ❆ အလွန်​ကျယ်​ပြန့်​​သော အတိုင်းအဆမရှိ​သော စကြာဝဠာသည်​ မိဘ​မေတ္တာ​နှင့်​ နှိုင်းဆပါက အပ်​နဖား​လောက်​ ပမာဏသာရှိ​ပေသည်​။

   ★ ယူဇနာနှစ်​သိန်း​လေး​သောင်း အထုရှိ​သော မဟာပထ၀ီ​မြေကြီးသည်​ မိဘ​မေတ္တာ​နှင့်​ နှိုင်းဆပါက ၀ါးရွက်​ငယ်​တမျှသာ ရှိ​ပေသည်​။

   ❦ အလွန်​ကျယ်​၀န်း​လှသော မဟာသမုဒ္ဒရာသည်​ မိဘ​မေတ္တာ​နှင့်​ နှိုင်းဆပါက မိုး​ရေစက်​မျှသာ ရှိ​ပေသည်​။

   🌴ယူဇနာရှစ်​​သောင်း​လေး​ထောင်​ အမြင့်​​ဆောင်​​သော မြင်းမိုရ်​​တောင်​သည်​ မိဘ​မေတ္တာနှင့်​ နှိုင်းဆပါက နွားချိုပမာဏသာ ရှိ​ပေသည်​...
..............×××××××
             ဟု မာတု​ပေါသကသုတ်​တွင်​ မြတ်​စွာဘုရား ​ဟောကြားခဲ့ပါသည်​။

         🙇ပြာသိုလပြည့်​​နေ့တွင်​ ကျ​ရောက်​​သော အ​မေများ​နေ့ကို ဂုဏ်​ပြုလျှက်​...
                  
        ✏ နှင်းမွန်​သိမ့်
နှလုံးသားလှတဲ့ဥယျာဉ်​မှူးစာစုများ

No comments:

Post a Comment