စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 27, 2016

မာန်​မတတ်​နဲ့


ရုပ်လှခြင်းခွန်အားကြီးခြင်းအပေါ်မာန်မတတ်မိပါစေနှင့်

ရုပ်လှခြင်း ခွန်အားဗလပြည့်စုံခြင်းအပေါ်
မာန်တတ် နေသော်နန္ဒအား အရှင်မေတ္တေယျ က
ဤသို့ဆုံးမခဲ့ပါတယ်သူတော်ကောင်းအပေါင်းတို့ ။

အို နန္ဒ.... ခွန်းအား၊ရုပ်ရည်၊အရွယ်တို့ကို
ကျွန်ုပ်သိသလိုသင်လဲသိ၏။သို့သော်ယင်းသုံးမျိုးက
အနိစ္စ သဘော ဖြစ်တယ်လို့ ကျွန်ုပ်သဘောပေါက်
သလိုသင်သဘော မပေါက်ဘူး။

ဒိခန္ဓာကိုယ်သည် အနာရောဂါများ၏အိမ်
ဂေဟာဖြစ်တယ်။ ဇရာလွှမ်းမိုးအုပ်စိုးခြင်းကိုခံနေ
ရတယ်။ မြစ်ကမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်လို
မရေရာပါဘူး ရေပွက်ပမာလိုတစ်ခဏသာခံတယ်။
ဒိသဘောတရားတွေကို သင်သဘော မပေါက်ဘူး။
ဒါကြောင့် မို့သားခွန်အား ဗလကို ထာဝစဉ်တည်မြဲ
နေလိမ့်မယ်လိုသင်ထင်မှတ်နေခြင်းဖြစ်ပေတယ်။

ညီတော်မင်းနန် စာအုပ်မှ ဦးဇင်း ထုက်နူတ်ရေး
သားခြင်းဖြစ်ပါသည်။

No comments:

Post a Comment