ဘုရားရှင်တွေဟာ မကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို တစ်ကျောင်းတည်းမှာ နေကြပေမယ့် ကြည့်တော်မမူကြဘူး။
ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အဝေးအရပ်မှာ နေကြပေမယ့် ဘုရားရှင်တွေဟာ သွားပြီးချီးမြှောက်တော် မူကြတယ်။
❆ သုတ်မဟာဝါ၊ မဟာသမယသုတ်အဋ္ဌကထာ၊ ၂၇၅ ***
°°°°••••°°°°•••••°°°••••°°°°••••
ဒါကြောင့် ဦးဇင်းတို့.. သူတော်ကောင်းတို့အားလုံး ဘုရားအဆူဆူပွင့်သွားကြပေမယ့် ဒီနေ့အထိ ကျွတ်တန်းမ၀င်နိုင်သေးဘဲ သံသရာထဲမှာ ရှိနေသေးတာကို ပြန်တွေးသင့်တယ်..
ဘုရားအဆူဆူနဲ့ လွဲလောက်တဲ့အထိ ဘယ်အကုသိုလ်ကံ တွေနဲ့များ သံသရာထဲ ကျင်လည်ခဲ့ကြသလဲဆိုတာ..
ဒါကြောင့် မပေါ့ဆသင့်ပါဘူး
သူတော်ကောင်းတို့..
သံသရာမှာ မဖြစ်ဖူးတာ ဘာမှမရှိခဲ့ကြဘူး..
လူ နတ် တိရစ္ဆာန်.. .
သကြားမင်းတောင် ဖြစ်ခဲ့ကြဖူးမှာပါ..
မရဖူး.. မတွေ့ဖူး.. မသွားဖူးသေးတဲ့ နေရာ ရချင် ရောက်ချင်တယ် ဆိုရင် .....
သေချာတယ် နိဗ္ဗာန်ဆိုတာ မရောက်ဖူးသေးဘူး..
ဒါကြောင့် သံသရာထဲမှာ ဘာမှမဖြစ်ချင် နဲ့တော့..
သံသရာမှ ထွက်မြောက်ငြိမ်းချမ်းရာ #နိဗ္ဗာန်ရွှေပြည်တော်သို့သာ အရောက်လှမ်းကြပါစို့...
❆ ဆရာတော်အရှင်သောမ
ထားဝယ်
No comments:
Post a Comment