🙇 ၀န္ဒာမိပါအမေ 🙇
••••••••••••••
** လူဖြစ်အောင်မွေးခဲ့ပ
အနန္တမေတ္တာရှင်
အို... မာတာမိခင်။
** သည်လိုနေ သည်ကိုစား
သည်လိုသွား သည်လိုလာ
ပညာလည်းသင်စေ
ပဲ့ပြင်လည်းဆုံးမ
သားလေး...လူအရေးလှအောင်
ပြုစုပျိုးထောင်
ဟိမ၀န္တာတောင်
မဟာမြင့်မိုရ်တောင်
အဲ့ဒီတောင်တွေထက်မြင့်မား
ဘုရားကိုလည်းချစ်တဲ့အမေ
သားကိုလည်းချစ်တဲ့အမေဟာ
သင်္ခါဓမ္မစက်မှာ
လျောင်းလျက်ပြီလေ။
** အမေရှိစဉ်
မပြုစုခဲ့တဲ့သား
ဝတ္တရားမကျေပွန်ခဲ့တဲ့သား
အမှားမြင်မှ သံဝေဂရ
နောက်ကျခဲ့ပါပြီအမေ။
** အမေရယ်
သည်းခံခြင်းတရား
မဟာဗုဒ္ဓမိန့်ကြား
မဟတ္တမဂန္တီမှာကြား
သားကိုခွင့်လွှတ်နိုင်ပါစေအမေ။
** တဏှာဥပါဒါန်ကမ္မဘဝ
မတောင့်တလည်းရနေကျ၊
ဇာတိဇရာမရဏ
မလိုချင်လည်းရနေကျ၊
ဒါန သီလ ဘာဝနာ
ကျင့်ကြံအားထုတ်ရမှာ
ဝမ်းသာစွာ သာဓုခေါ်နိုင်ပါစေ အမေ။
★ အမေများနေ့ကို ဂုဏ်ပြုလျှက်
မောင်ဆွေမွန်
📔နှလုံးသားလှတဲ့ဥယျာဉ်မှူးစာစုများ
No comments:
Post a Comment