စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, January 26, 2016
သောတာပန်​ဖြစ်​ချင်​​သော မဟတ္တမဂန္ဓီ
သောတာပန်​ဖြစ်​ချင်​​သော မဟတ္တမဂန္ဓီ
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
   သူ​တော်​စင်​ကြီး မဟတ္တမဂန္ဓီသည်​ ဗုဒ္ဓဘာသာမဟုတ်​​သော်​လည်း ​ဗုဒ္ဓဘာသာတို့ ​တောင့်​တ​သော ​သောတာပန်​ အဖြစ်​ကို အလိုရှိ​ကြောင်း ကိုယ်​တိုင်​​ရေး အတ္တုပ္ပတ္တိစာအုပ်​တွင်​ ​ရေးသားခဲ့သည်​။
   တစ်​ခါတွင်​ မဟတ္တမဂန္ဓီကြီးသည်​ ​တောင်​အာဖရိက​တွင်​ ​ရှေ့​နေလိုက်​​နေစဉ်​ကဖြစ်​၏။    ထာဝရဘုရားကို ကိုးကွယ်​​သော ဘာသာဝင်​တစ်​ဦးက မဟတ္တမဂန္ဓီကြီးကို သူတို့ဘာသာသို့ ဝင်​ရန်​ လာပြီးဆွဲ​ဆောင်​​သည်​မှာ ..
    `` ဂန္ဓီ ကျွန်​​တော်​တို့ ဘာသာထဲဝင်​ပါ။ ကျွန်​​တော်​တို့ ဘာသာဝင်​ ဖြစ်​သွားရင်​ အပြစ်​​တွေကို ဘယ်​​လောက်​ပင်​ လုပ်​လုပ်​ ကျွန်​​တော်​တို့ ဘုရားက ခံ​ပေးသည်​။ ကျွန်​​တော်​တို့က ဘာမှမခံရဘူး..´´ ဟု ​ပြောရာ မဟတ္တမဂန္ဓီကြီးက..
   ** ကျွန်​​တော်​က အပြစ်​​တွေလုပ်​ချင်​တိုင်း လုပ်​ပြီးမှ ​ကျေ​ပျောက်​​အောင်​ လုပ်​​ပေးတာကို သ​ဘောမကျဘူး..၊
    အဲ့ဒီအပြစ်​​တွေကို ကျူးလွန်​ချင်​တဲ့စိတ်​​တွေ ဖြစ်​မလာတာကိုဘဲ အလိုရှိတယ်​..**
ဟု ပြန်​​ဖြေလိုက်​၏။
   မည်​မျှ သူ​တော်​​ကောင်းဆန်​သည့်​ စကားပါနည်း။   ထိုစိတ်​ဓာတ်​မျိုးသည်​ ​သောတာပန်​အရိယာတို့၌သာ ဖြစ်​​နိုင်​ပါ၊။
     ✏ ​မေတ္တာရှင်​ ((​ရွှေပြည်​သာ))
No comments:
Post a Comment