စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, January 4, 2016
(၆)ပန်းလှူရ​သောအကျိုး
( ၆ )ပန်းလှူရခြင်းအကျိုး
    ********************
   ကဿပမြတ်​စွာဘုရား လက်​ထက်​​တော်​က အမျိုးသမီး ​လေး​ယောက်​သည်​ ရဟန်းတစ်​ပါးအား ပန်းတို့ကို လှူဒါန်းကြ၏။
   ဤသို့ဖြင့်​ ထိုနတ်​ပြည်​မှာ ဆက်​ကာဆက်​ကာ ဖြရပြီး ဤဘုရားလက်​ထက်​​တွင်​ နတ်​သမီးဘ၀ဖြင့်​ တရားနာကြရကာ ​သောတာပန်​ ဖြစ်​ကြ​လေသည်​။
   ပန်းလှူသဖြင့်​ ရရှိ​သော အခြား အကျိုးများလည်း ရှိ​သေး၏။ ယင်းတို့ကား....
၁. ရုပ်​ရည်​လှပခြင်း၊
၂. ကိုယ်​ခန္ဓာသန့်​ရှင်းခြင်း၊
၃. ခံတွင်း​မွှေးကြိုင်​ခြင်းတို့ ဖြစ်​သည်​ ။
📚 ၀ိမာန၊ဋ္ဌ။
ပန်းလှူ​သော နတ်​သမီး​လေး​ယောက်​ ၀တ္ထု။
No comments:
Post a Comment