ဥပါသကာပျက်စီးခြင်း
****************
ဥပါသကာ ဖြစ်ပြီးသူသည်..
၁. သဒ္ဓါမရှိခြင်း။
၂. သီလမရှိခြင်း။
၃. အထူးအဆန်း မင်္ဂလာကိုယုံကြည်သက်ဝင်ခြင်း။
၎. ကံ၊ ကံ၏အကျိုးကို မယုံကြည်ခြင်း။
၅. အယူပျက်သော သာသနာပ တိတ္ထိတို့ကို ရှိခိုးခြင်း၊ အရိုအသေပေးခြင်း။
စသည့် အချက်များ ပြုလုပ်ပါက ရတနာသုံးပါး အပေါ် ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ် ပျက်ပြယ်သွားပါသည်။ အထက်ပါအချက် ၅ ချက်နှင့် ပြည့်စုံသူကို...
၁. ဥပါသကစဏ္ဍာလ
ဒွန်းစဏ္ဍား ဥပါသကာဟူ၍လည်းကောင်း..
၂. ဥပါသကမလ
မသန့်ရှင်သော ဥပါသကာဟူ၍လည်းကောင်း
၃. ဥပါသကပဋိကိဋ္ဌ
စက်ဆုပ်ရွံ့ရှာဖွယ် ဥပါသကာဟူ၍ လည်းကောင်း ခေါ်ဆိုရတော့၏။
No comments:
Post a Comment