စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, January 2, 2016

ဘုရားရှိခိုးခြင်း၏အကျိုး

( ၂ ) ဘုရားရှိခိုးခြင်း၏ အကျိုး
      ************************

   မြတ်​​ဗုဒ္ဓ ​ရွှေလက်​ထက်​​တော်​အခါက မဋ္ဌကုဏ္ဍလီ အမည်​ရှိ လူတစ်​ဦးသည်​ ​သေလုဆဲဆဲ အိပ်​ရာထဲ လဲ​နေ၏။    ထိုသူ​သေလျှင်​ ငရဲသို့ ကျ​ရောက်​မည်​ဖြစ်​​ကြောင်း မြတ်​​ဗုဒ္ဓက မြင်​​တော်​မူ၏။

   မြတ်​​ဗုဒ္ဓသည်​ ထိုသူအား ကယ်​တင်​လိုသဖြင့်​ ထိုသူ​နေထိုင်​ရာ အိမ်​​ရှေ့သို့ ကြွ​ရောက်​ရပ်​တန့်​ပြီး ​ရောင်​ခြည်​​တော်​တို့ကို လွှတ်​​တော်​မူသည်​။

   ထိုသူသည်​ ဘုရားရှင်​အား ဖူးမြင်​ခွင့်​ရသဖြင့်​ ကြည်​ညိုစိတ်​​ပေါ်လာပြီး အိပ်​လျက်​ပင်​ ရှိခိုး၏။ မကြာခင်​ ထိုသူ​သေလွန်​လျင်​ နတ်​ပြည်​၌ တစ်​ဆယ့်​နှစ်​ယူဇနာ ရှိ​သော ​ရွှေ​ဗိမာန်​ရှင်​ နတ်​သားဖြစ်​​လေသည်​။

   ထိုမျှရှိခိုး၍ အကျိုးရသည်​ကို ထားဘိဦး၊ သု​မေဓာဘုရားလက်​ထက်​​တော်​က ဥပါသကာတစ်​ဦးသည်​ သူတစ်​ပါးတို့အား ​စေတီ​တော်​ကို ရှိခိုးရန်​ တိုက်​တွန်းသဖြင့်​ ​သေလွန်​​သောအခါ တာဝတိ သာနတ်​ပြည်​၌ နတ်​သားဖြစ်​ရ​လေသည်​။

   ❆ ဗုဒ္ဓဘာသာ​ကောင်း တစ်​​ယောက်​စာအုပ်​မှ ​ကောက်​နှုတ်​​ဖော်​ပြပါသည်​။

No comments:

Post a Comment