စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, January 27, 2016
အရိယာသာဝကတစ်​​ယောက်​၏ပစ္စုပ္ပန်​ဘဝ
ကံကိ​လေသာ ​လေးပါးတို့ကိုပယ်​ပြီး ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ မ​ကောင်းမှု့ကို မပြုဘဲ စည်းစိမ်​ပျက်​စီး​ကြောင်း ​ခြောက်​ပါးတို့ကို မမှီဝဲ ၊ ​ရှောင်​ကြဉ်​​နေသည့်​ အရိယာသာဝက တစ်​​ယောက်​၏ ဤပစ္စုပ္ပန်​ဘဝ တမလွန်​ဘဝသည်​ ရန်​မျိုးငါးအင်​ ကင်းစင်​​သော​ကြောင့်​ နှစ်​သက်​မြတ်​နိုးအပ်​​သော ဘဝမည်​ပါသည်​။
ဆောင်​ပုဒ်
"""""""""""
သူသက်​သတ်​က၊
စသည့်​လိမ်းကျံ ကံကိ​လေသာ၊
လေးဖြာပယ်​ဘိ ၊
အဂတိဟု ၊
မပြု​လေးဖြာ၊
ဥစ္စာကုန်​​ပျောက်
သေ​သောက်​ခြင်းက
စသည့်​ ​ခြောက်​လီ
မမှီဝဲမှု
ဆယ့်​​လေးခုမှ
ပြုကြကင်းလက်
ခြောက်​ရက်​မျက်​နှာ ၊
ဖုံးလွှမ်းကာလျှင်​ ၊
သေခါ နတ်​ပြည်​ ​ရောက်​လိမ့်​မည်​။
No comments:
Post a Comment