စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, January 21, 2016
သင်​ လူတစ်​​ယောက်​ဖြစ်​ပြီလား
သင်​ လူတစ်​​ယောက်​ဖြစ်​ပြီလား
*********************
   သာသနာ​တော်​သက္ကရာဇ်​ ၃၈၁ ခုနှစ်​ခန့်​က ဒုဌဂါမဏိမင်းကြီးသည်​ ​ဗုဒ္ဓသာသနာ​တော်​ကို ဖျက်​ဆီး​နေကြ​သော ​ကြေးကုလားမင်း​ပေါင်း ( ၃၂ )ဦး ၊ ​နောက်​လိုက်​စစ်​သည်​​ပေါင်း ၂၁၈၇၀၀ ​ကျော်​တို့ကို တိုက်​ပွဲကြီး ၂၉ ကြိမ်​ ဆင်​နွှဲပြီး ၂နှစ်​​ကျော်​ကြာ​အောင်​ ရှင်းလင်းခဲ့ရသည်​။
   သာသနာ့ရန်​သူများ ရှင်းလင်းပြီးဖြစ်​​သော်​လည်း ဒုဌဂါမဏိမင်းကြီးသည်​ မင်းစည်းစိမ်​ကို ချမ်းသာစွာ မခံစားနိုင်​ဘဲ မအိပ်​နိုင်​ မစားနိုင်​ဖြစ်​ကာ စိတ်​အဆင်းရဲကြီး ဆင်းရဲ​နေရရှာသည်​။
   အ​ကြောင်းကား ​ကြေးကုလားများကို သိန်းနှငိ့ချီပြီးသတ်​ခဲ့ရ​သော အကုသိုလ်​များကို ​တွေးမိ​နေ​သော​ကြောင့်​ပါတည်း။
   ထိုအခါ ပီယဂုင်္ကျွန်းတွင်​ သီတင်းသုံး​နေထိုင်​​သော ရဟန္တာ ရှစ်​ပါးကြွလာပြီး...
   သဂ္ဂမဂ္ဂန္တရာ​ယောစ
   နတ္ထိ​တေ ​တေန ကမ္မုနာ
   ဒီယဍ္ဎ မနုဇာ ​ဝေတ္ထ၊
   ဃာတီတာ မနုဇာဓိပ။
   ဒကာ​တော်​မင်းကြီး ​ကြေးကုလားတို့ကို သတ်​ခဲ့​သော အကုသိုလ်​သည်​ သင်​မင်းကြီးအား နတ်​ပြည်​မ​ရောက်​​အောင်​ မဂ်​ဖိုလ်​မရ​အောင်​ မတားနိုင်​ပါ။
   သရ​ဏေသုဋ္ဌိ​တော ဧ​ကော
   ပဉ္စသီ​လေပိ စာပ​ရော။
   မိစ္ဆာဒိဋ္ဌိစ ဒုဿီလာ၊
အဘယ်​​ကြောင့်​ဆို​သော သရဏဂုံသုံးပါးတည်​သူတစ်​​ယောက်​ ပါသွား​သော​ကြောင့်​ လူတစ်​ခြမ်းကိုသာ သတ်​ရာ​ရောက်​သည်​။
   သရဏဂုံ သုံးပါးနှင့်​ ငါးပါးသီလနှစ်​မျိုးလုံးပြည့်​စုံသူ တစ်​​ယောက်​ ပါသွား​သော​ကြောင့်​ လူတစ်​​ယောက်​ကို သတ်​ရာ​ရောက်​သည်​။
   ထိုနှစ်​ဦးမှ တစ်​ပါး ကြွင်း​သော လူတို့သည်​ကား အယူမှားသည့်​ မိစ္ဆာဒိဋ္ဌိများ သီလမရှိ​သော ဒုဿီလများ ဖြစ်​ကြ​သော​ကြောင့်​ နွားကျွဲ ဆိတ်​ သိုး စ​သော တိရစ္ဆာန်​ အဆင့်​သာရှိ​သောသူများ ဖြစ်​ကြသည်​။
   ထိုသို့ ​ဖြေရှင်း​ပေးလိုက်​​သော​ကြောင့်​ ယုံမှားသံသယနှင့်​ ကုက္ကုစ္စများ ကင်းသွားကာ ကျန်းမာချမ်းသာစွာနှင့်​ သာသနာပြုသွားခဲ့ပါသည်​။
   သက်​တန်း​စေ့၍ နတ်​ရွာစံ​သော်​ အရိ​မေ​တ္တေယျဘုရားအ​လောင်း နတ်​သား ရှိ​သည့်​ တုသိတာနတ်​ဘုံသို့ ​ရောက်​ခဲ့ရသည်​။
   ထိုနတ်​ဘုံသည်​ လူသက်​နှင့်​ တွက်​လျှင်​ ငါးဆယ့်​ခုနှစ်​ကု​ဋေနှင့်​ အနှစ်​​ခြောက်​သန်း အသက်​ရှည်​​ပေသည်​။
            ★ ★ မဟာဝင်​ကျမ်း
အနှစ်​ချုပ်​သက်​ခန်းစာ
°°°°°°°°°°°°°°°°°°°
   ဤသာဓကကို ​ထောက်​ဆ​သောအားဖြင့်​ သရဏဂုံတည်​ရုံ ​ဗုဒ္ဓဘာသာဖြစ်​ရုံနှင့်​ လူတစ်​​ယောက်​ဟု မ​ခေါ်နိုင်​​သေး..
သရဏဂုံနှင့်​ ငါးပါးသီလနှစ်​မျိုးလုံးပြည့်​စုံမှ လူတစ်​​ယောက်​ဖြစ်​​ကြောင်း သိရ​ပေသည်​။
   ထို့​ကြောင့်​ သရဏဂုံတည်​ရရုံနှင့်​ အားရတင်းတိမ်​မ​နေဘဲ ငါးပါးသီလကိုပါ ​စောင့်​ထိန်းသင့်​​ကြောင်း သတိပြု​စေချင်​ပါသည်​။
         (( ​မေတ္တာရှင်​ .. ​ရွှေပြည်​သာ ))
No comments:
Post a Comment