ငါ့ဘ၀ရဲ့အားအင်
****************
အရိုင်းကံကြမ္မာနဲ့
နုံချာလှတဲ့ငါ့ဘ၀ကို
ငွေဂုဏ်ဓန မွဲပြာကျလို့
ဖဲခွာကြတဲ့ အပေါင်းသင်းများ
ပညာမတတ်လို့ အဖက်မလုပ်
စက်ဆုတ်ကြတဲ့ ယောင်းရင်းများ
ရုပ်ရည်မလှလို့ အရာမ၀င်
ရှောက်ကြဉ်ကြတဲ့ ကညာခင်တွေ
လုပ်ကိုင်သမျှအဆင်မပြေလို့
အပြစ်မြင်ကြတဲ့ပတ်ဝန်းကျင်
အဲ့ဒီလူတွေနဲ့တော့ သူဆန့်ကျင်
ငါ့ကိုအမြဲတမ်း အကောင်းမြင်
အပြစ်တင် အပြစ်မြင်ချင်တဲ့
စာရင်းထဲမှာတော့ သူမပါ
ငါ့ဘ၀မှာ သူဟာ
အကြီးမားဆုံး အင်အား
အဲ့ဒါ ငါ့ရဲ့ မွေးသမိခင် ကျေးဇူ့ရှင်။
✏ ခွန်ဆာလောဝ်
( မြောက် ပိုင်း သား )
နှလုံးသားလှတဲ့ ဥယျာဉ်မှူးစာစုများမှ...
No comments:
Post a Comment