စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, January 23, 2016

ဥပါသကာ အရည်​အချင်းနှင့်​ပြည့်​စုံခြင်း

ဥပါသကာအရည်​အချင်းနှင့်​ပြည့်​စုံခြင်း
**************************
   ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါး ကို မြတ်​နိုးစွာ ဆည်းကပ်​ကိုးကွယ်​​သော လူပုဂ္ဂိုလ်​ကို "" ဥပါသကာ "" ဟု ​ခေါ်ဆိုသည်​။
ဥပါသကာ အဖြစ်​သို့ ​ရောက်​ပြီး​သော ဗုဒ္ဓဘာသာဝင်​ တစ်​​ယောက်​သည်​...

၁. သဒ္ဓါတရားနှင့်​ ပြည့်​စုံရမည်​။

၂. အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏။

၃. ​ကောတုဟလမင်္ဂလာ​ခေါ်... အထူးအဆန်းမင်္ဂလာကို ယုံကြည်​လက်​ခံခြင်း မပြုရ။

၎. ကံ ၊ ကံ၏ အကျိုးကို ယုံကြည်​ရ၏။

၅. အယူပျက်​သည့်​ သာသနာပ အလှူခံပုဂ္ဂိုလ်​တို့ကို အရိုအ​သေ မပြုရ။ မလှူဒါန်းရ​ပေ။
အဆိုပါ အင်္ဂါရပ်​နှင့်​ ပြည့်​စုံ​သော ပုဂ္ဂိုလ်​ကို ..
၁. ဥပါသကရတန
       နှစ်​သက်​ကြည်​ညိုဖွယ်​ ဥပါသကာဟူ၍လည်း​ကောင်း။

၂. ဥပါသကပဒုမ
          ပဒုမ္မာကြာနှင့်​တူ​သော ဥပါသကာဟူ၍လည်း​ကောင်း။

၃. ဥပါသကပုဏ္ဍရီက
          ကြာဖြူနှင့်​တူ​သော ဥပါသကာဟူ၍ လည်း​ကောင်း ​ခေါ်ဆိုထိုက်​သည်​။

No comments:

Post a Comment