စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, January 6, 2016
ဗုဒ္ဓဘာသာဝင်​တစ်​ဦး၏ တစ်​​နေ့တာကာလ
ဗုဒ္ဓဘာသာဝင်​တစ်​ဦး၏ တစ်​​နေ့တာကာလ
*******************************
   ဗုဒ္ဓဘာသာဝင်​ တစ်​ဦးသည်​ အရုဏ်​ဦးအခါ ​မေတ္တာဖြင့်​ နိုးထ၍ သီလခံယူခြင်း ၊ ဘုရားရှိခိုးခြင်း စ​သော ကုသိုလ်​​ကောင်းမှု့တို့ကို ပြုလုပ်​ရမည်​။
    ယင်း​နောက်​စီးပွား​ရေး၊ လူမှု​ရေး၊ အမျိုးဘာသာ သာသနာ​ရေးတို့ကို ​ဆောင်​ရွက်​ကြရမည်​ ဖြစ်​​ပေသည်​။
   ဤသို့ဖြင့်​ တစ်​​နေ့တာကုန်​ဆုံး၍ ညအိပ်​ရာ ၀င်​​သောအခါ အရုဏ်​ဦးကာလကဲ့သို့ပင်​ သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်း စ​သော ကုသိုလ်​ ​ကောင်းမှု့တို့ကို
ပြုလုပ်​ရမည်​။
ဤသို့ ပြုလုပ်​ခြင်းဖြင့်​...
   ဥစ္စာ​ပေါမှု ၊  ကုသိုလ်​​ပေါမှု၊
   ပညာ​ပေါမှု၊   ​ပေါသုံးပါးကို
   မနားမ​နေ ကြိုးစား​လေ။
ဟူ​သော အဆုံးအမကို လိုက်​နာကျင့်​ကြံရာ ​ရောက်​​ပေသည်​။
   ထိုသူမျိုးသည်​ ​သောက်​စားရမ်းကားခြင်း စ​သော မ​ကောင်းမှု့မျိုးကို ပြုလုပ်​ရန်​ ​နေရာရှိမည်​မဟုတ်​။
   သို့ဖြစ်​၍ လူသား​လောက ငြိမ်းချမ်း​သာယာမှု ရ​စေရန်​အတွက်​ ​ဗုဒ္ဓဘာသာဝင်​များသည်​ ​ဗုဒ္ဓဘာသာဝင်​တို့ ​နေထိုင်​ကျင့်​ကြံနည်းဖြင့်​ တစ်​​နေ့တာကာလကို ကုန်​လွန်​​စေရမည်​ ဖြစ်​ပါသည်​။
No comments:
Post a Comment