စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, January 31, 2016

မေတ္တာနှင့်​အ​ကောင်းမြင်​နည်း( ၁ )

မေတ္တာ နှင့် အကောင်းမြင်ဝါဒ ( ၁ )
******************************
မေတ္တာ၏ လက္ခဏ ၊ ရသ ၊ ပစ္စုန်ပဌာန်
ပဒဋ္ဌာန်လေးပါးရှိသည်။
၁။ မေတ္တာ သည် သတ္တဝါ တို့၏ အကျိုးစီးပွားကိုကပ်၍ဆောင်သောအခြင်းအရာဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏။

၂။ သတ္တဝါ တို့ထံ အကျိုးစီးပွားကိုကပ်၍
ဆောင်ခြင်းကိစ္စရှိ၏။

၃။ အေးမြငြိမ်းချမ်းသော စိတ်သဘောထားလျှင်ဥာဏ်၌ ရှေးရှုထင်လာတက်သော အခြင်းအရာ ပစ္စုပဌာန်ရှိ၏။

၎။ သတ္တဝါတို့၏ နှစ်သစ် ဖွယ်ရာ ဂုဏ်ကိုသာ
ရှုမြင်တက်သော ယောနိသော မနသိကာရ
( အကောင်း မြင်ဝါဒ)လျှင် နီးစွာသောအကြောင်း ပဒဌာန်ရှိ ၏။ဤနေရာ၌ အဓိက သိစေချင်သောအချက်မှာ မေတ္တာ ကို တကယ်ပွားများလာနိုင်ပြီဆိုလျှင် အကောင်းမြင်ဝါဒ
အလိုလိုရှိလာခြင်းပင်ဖြစ်ပါသည်။

ကောင်းကွက် ကိုသာကြည့်မယ်ဆိုလျှင်
မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
မကောင်းကွက်ကိုသာကြည့်မယ်ဆိုလျှင်
ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။
လောကကို အကောင်းမြင်နိုင်ကြစေ။

No comments:

Post a Comment