စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, January 26, 2016
သောတာပန်​နှင့်​ငါးပါးသီလ
သောတာပန်​နှင့်​ငါးပါးသီလ
********************
   ကလျာဏသူ​တော်​​ကောင်းဖြစ်​​သော ပုထုဇဉ်​သည်​လည်း ငါးပါးသီလကို လုံခြုံ​အောင်​​စောင့်​သည်​။
အဘယ်​ကဲ့သို့ ထူးသနည်း။ ထူးပါသည်​။
   ကလျာဏပုထုဇဉ်​၏ ငါးပါးသီလ လုံခြုံ​အောင်​​စောင့်​ခြင်းသည်​ ယခုဘဝကဲ့ရဲ့ခံရမှာ ၊ အရှက်​ကွဲသိက္ခာကျမှာ ၊ သံသရာတွင်​ အပါယ်​ငရဲကျမှာ ​ကြောက်​​သော​ကြောင့်​ ​စောင့်​ခြင်းဖြစ်​သည်​။
   တစ်​နည်းအားဖြင့်​ ကျူးလွန်​ချင်​ရဲ့သားနဲ့ မကျူးလွန်​မိ​အောင်​ ​အောင့်​အီး​စောင့်​​နေရခြင်းဖြစ်​ပါ၏။   အကယ်​၍ သီလ​ဖောက်​ဖျက်​သည့်​အတွက်​ ပစ္စက္ခမှာလည်း ကဲ့ရဲ့ရှုတ်​ချ ၊ အပြစ်​​ပေးမည့်​သူ မရှိဘူးဆိုလျှင်​ ၊ သံသရာမှာလည်း အပါယ်​မကျဘူးဆိုလျှင်​ ဧကန်​မုချ ​ဖောက်​ဖျက်​မည်​သာဖြစ်​၏။
ကျူးလွန်​ချင်​ပါလျှက်​ ​အောင့်​အီးပြီး​နေရခြင်းမဟုတ်​၊
ငါးပါးသီလကို ​ဖောက်​ဖျက်​ချင်​​သော စိတ်​​စေတနာပင်​ ​ပေါ်မလာ​တော့ခြင်းဖြစ်​၏။   ရရှိထား​သော ​သောတာပတ္တိမဂ်​စိတ်​က သီလ​ဖောက်​ဖျက်​ချင်​​သော စိတ်​ဆိုး ၊ ​စေတနာဆိုးများကို ပယ်​သတ်​ပစ်​လိုက်​​သော​ကြောင့်​ ဖြစ်​သည်​။
   ✏ ​မေတ္တာရှင်​ (( ​ရွှေပြည်​သာ ))
No comments:
Post a Comment