( ၄ )ဆွမ်းကပ်လှူရခြင်းအကျိုး
************************
ရာဇဂြိုလ်မြို့၌ အာစာမ ဒါယိကာ အမျိုးသမီးသည် သူဌေးအိမ်မှ စားကြွင်းစားကျန် ထမင်းချိုးကို ရသဖြင့် အရှင်မဟာသဿပအား လှူဒါန်း၏။
ထိုကုသိုလ်ကြောင့် သေလွန်လျှင် နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ရလေသည်။
ဆွမ်းလှူသူများ ရရှိသော အခြားသာဓက၀တ္ထု များစွာ ရှိသေး၏။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား ( ၅ ) မျိုးကိုလည်း အဂုင်္တ္ထိရ်ပါဠိတော် ဘောဇနသုတ်တွင် ပြဆိုထားပါသည်။
ယင်းတို့မှာ......
၁. အသက်ရှည်ခြင်း
၂. အဆင်းလှခြင်း
၃. ကိုယ်စိတ်ချမ်းသာခြင်း
၎. ခွန်အားဗလကြီးမားခြင်း
၅. ဥာဏ်ပညာကြီးမားခြင်းတို့ ဖြစ်သည်။
No comments:
Post a Comment