ရှင်ဥပဂုတ်နှင့် ထေရ၀ါဒရှင်းလင်းချက်
*******************************
ယ္ခုတဖန် ရှင် ဥပဂုတ်မထေရ် သည် ထေရဝါဒနှင့် ကိုက်ညီမူ ရှိမရှိ ကိုရေးသားတော့မှာဖြစ်
ပါတယ် ။ ရှင် ဥပဂုတ်မထေရ် ကို ထေရဝါဒနှင့်ကိုက် ညီမူ ရှိ မရှိ ကို ဦးဇင်း ရဲ့ ကိုယ် ပိုင်ဉာဏ်
နဲ့ လုံဝ ဝေဖန်ခြင်း မပြု ပါဘူး ရှေ့ က ရဟန်း ပညာ ရှိကြီး များ လူ ပညာ ရှိကြီးများ ၏ ဝေဖန်ထားသည်များကို တင် ပြပေး ပါမယ်။ မိမိ တို့
ကြိုက် သလို သာ ယူ ကြပါကုန်။
"ရှင်လေးပါး၊သေလေးပါး" မှာမည်သည့်ပိဋကတ်
ကျမ်းဂန်များ မှာမှ မလာဘဲ ရှေးခေတ်ကပေါ်ခဲ့ဖူး
သောဘုရားရှိခိုးအမျိုးမျိုးစာအုပ်တွင် တွေ့ရဖူး၏။
မည်သူစတင်တီထွင်လိုက်သည်ဟု လက်သည်အတိအကျမရှိဘဲမြန်မာဗုဒ္ဓဘာသာဝင်များအတွင်းသို့အယူအဆတစ်မျိုးရောက်နေသည်မှာ
ဝမ်းနည်းဖွယ်ရာ ကောင်းလှ၏။
ရဟန္တာပုဂ္ဂိုလ်များ ၏ဂုဏ်တော်၊ ဗုဒ္ဓ၏တရားတော်ကိုမျှ မထောက်ဘဲ ထင်ရာကို ဖန်တီး
ကြသည်မှာဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းသောလက္ခဏာကားမဟုတ် ချေ။
(ရှင်ရာဟုလာ"ပိဋကတ်လာစိတ်တန်ခိုးနှင့်
အကြားအမြင်"၊ စာ-၂၆/၂၇)
လောကထွတ်ထား "သဗ္ဗညုဘုရားရှင်" သော်
မှ ဣဒ္ဓိပါဒ် တန်ခိုးသုံးပြီးအသက်တော် (၁၀၀) ကျော်မျှသာနေနိုင်တယ်ဆိုတော့ "ရှင်ဥပဂုတ်"ဟာ ယခုတိုင်အောင်ဘယ်နည်းဖြင့်အသက်ရှင်နေနိုင်ပါ့မလဲ။
အသက်စောင့်တဲ့ "အာယုပါလကဖလ သမာပတ်" ကိုထပ်ကာထပ်ကာ ၀င်စားပြီးနေတယ်လို့ဖြေသော် "ရဟန္တာ" ဆိုပါလျက်ဘာအကျိုး
မျှော်ကိုးပြီးအသက်ရှည်ချင်ရတာလဲ။
(ထီးချိုင့်မြို့၊ တည်တော်ဆရာတော်၊[နိုင်ငံ
တော်သြ၀ါဒစရိယ၊မြန်မာစာသြ၀ါဒစရိယ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ]
"ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ"၊
အမှတ်စဉ်-၅၊ စာ-၉၀)
"သေသူလေးအင်၊သူရှင်လေးပါး" စကား
သည် "သင်္ဂါယနာ သုံးတန်" တင် "ကျမ်းဂန်
ပါဠိအဋ္ဌကထာဋီကာ"တို့တွင်မလာမရှိကြောင်း
"၀စနပရံပရ"စကားအဆက်ဆက်ပြောဆိုခြင်း
မျှသာ။
(လုံးတော် ဆရာတော်၊ "ပကိဏ္ဏက၀ိသဇ္ဇနာ"
၊ ပထမတွဲ၊ စာ-၄၇၁)
"အရှင်ဥပဂုတ်" ဟူသည် ခိုင်ခံ့သော "ထေရာ
ပဒါန်၊ထေရဂါထာ" နှင့် "ဗုဒ္ဓ၀င်" စသည် တို့
တွင် ပါဝင်ခြင်း မရှိပါ။
ထိုသို့ မရှိသဖြင့် "ထေရ၀ါဒ သာသနာ"နှင့်သက်ဆိုင်သည်ဟု မဆိုနိုင်ပါ။
"မြောက်ပိုင်းဗုဒ္ဓဘာသာ ကျမ်းစာများ"ဖြစ်သော
"ဒိဗျာဝဒါန၊ လောကညတ္တိ" စသည်တို့တွင်သာ
ပါရှိသည်ဟု သိရပါသည်။
ယခု အချိန်အထိ ရှိ-မရှိ ပြဿနာမှာလည်း
အသက်တစ်ရာ တမ်း တွင် အသက် ထောင်ကျော်သည့်တိုင်ရှိနိုင်စရာ မဟုတ်သဖြင့်စဉ်းစားစရာပင် မလိုပါ။
၎င်း တို့နှင့်ဆိုင်သော "ရှင်လေးပါး၊သေလေးပါး"
စကားတို့ကို "ထေရ၀ါဒ"ကျမ်းကြီးကျမ်းခိုင်လာ
သောစကားမဟုတ်၊ နောက်ရေး ကျမ်းငယ်၊စာငယ်များမှာသာရှိသဖြင့် အခိုင်အမာ မမှတ်သား
အပ် ဟူ၍ ဆရာအစဉ် အဆက်ဆက် က ဆိုထားခဲ့ကြသည်။
(ဘဒ္ဒန္တ တိလောကသာရ ၊ [အဂ္ဂမဟာသဒ္ဓမ္မ
ဇောတိကဓဇ]၊ "ဘာသာရေးပြဿနာများ" ၊
မြတ်မင်္ဂလာစာစောင်၊ အတွဲ-၁၅၊ အမှတ်-၆၊
စာ-၃၆)
စင်စစ် "ရဟန္တာ အရှင်မြတ်"ဟုဆိုပါလျက် သပိ
တ်ကို တင်ပျဉ်ပေါ်၊ရင်ခွင်ပေါ် တင်၍ ဣနြေ္ဒ
မရ ဘဲ "နေ"ကိုကြည့်၍ "ဆွမ်းဘုန်းပေးသည်"
ဟု ပြောဆို ယူဆယုံကြည် နေသူမှာ "သာသနာတော် ကို ဂုဏ် မတက်စေဘဲ သာသနာတော်ကို
ဂုဏ်ပျက်စေသော အယူအဆမှားကြီးတစ်ခု"
ဟုသာ မှတ်ယူထားပါဘုရား။
(ဓမ္မဒူတ အရှင်ပညာဇောတ၊ "ဓမ္မပြဿနာများ"
-(၇) ၊ စာ-၂၇၅)
စင်စစ် "ရှင်ဥပဂုတ်" သည် သာသနာစောင့်
မထေရ်ကြီးများ အဆက်ဆက်အလေးမူသော
ကျမ်းဂန်များတွင်မလာ၊ မရှိ။သာသနာနှင့်ဆန့်
ကျင်သောအယူဝါဒများပါဝင်နေသဖြင့် ပါဠိလို ရေးထားသော်လည်း ဆရာစဉ်ဆက် အလေး
မမူသော"လောက ပညတ္တိကျမ်း" တွင်လာရှိ
သည်။
မြန်မာပြည်ထေရ၀ါဒသာသနာဝင်တို့ လောက၌ အလှူမဏ္ဍပ်ထိုးရာမှ အစ "ရှင်ဥပဂုတ်" သည် ကန်တော့ပွဲ တစ်ပွဲ ရတော်မူလေ၏။ သီး
ခြားကျောင်းဆောင်နှင့် ရေကန်နှင့် သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်ထု ထုလုပ် ကိုးကွယ်
ကြလေ၏။
(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၊ "သီဟိုဠ်ခေတ်
စံတော်ဝင် အရိယာများ" ၊ ပ-ကြိမ်၊ စာ-၃၅၉)
"သေလေးပါး၊ရှင်လေးပါး" မှာ "သဗ္ဗေ သင်္ခါရာ
အနိစ္စာ" ဟု ခံယူထားသော "ထေရ၀ါဒဗုဒ္ဓသာ
သနာ" နှင့်မကိုက်ညီကြောင်း၊ "နိဗ္ဗာန်စံသူများ
သည် သုခ၀တီဘုံ ၌ ထာဝရစံပျော်နေရသည်"
ဟုယူဆသော "မဟာယန" နှင့်နီးစပ်လျက်ရှိ
ကြောင်း ထေရ၀ါဒီ သုတေသီများ က မှတ်ချက်ပြုသည်။
(နန္ဒသိန်းဇံ၊ "ထေရ၀ါဒနှင့်ပတ်သက်သောမှတ်
ချက်များ"၊ စာ-၂၀၆)
ဤ အချက်လက် များကို (ကိုညီညီတင်
nyinyitindrums@gmail.com မှ ကူးယူ ပြီး
ပြန်လည် ရေးသား ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရှင်ဥပဂုတ်နှင့် ပတ်သတ်ပြီး ဆန်းစစ်ပြထားတဲ့
အောင်ကျော်ခိုင် (ပုသိမ်)www.aungkyaw.net
၏ ရေးသားချက် များ မှာ သဘာဝ ကြသည့်
အတွက် အချို့ ကို စာရှည်မှာ စိုးလို့ ချန်လှပ် ပြီး
ထိမိသော အချက်များ ကိုရွေးချယ် ကူးယူ ပြီး
ပြပါအုံးမည်။
ရှင်ဥပဂုတ်ရှိမရှိ ဆန်းစစ်ကြမယ်
=================
အများက ရှင်ဥပဂုတ်ကို ရဟန္တာလို့သမုတ်ခဲ့ရင် ရဟန္တာရဲ့ ဂုဏ်သိက္ခာပုဒ်တွေရှိပါတယ်
ရဟန္တာမဆိုထားနဲ့ သောတာပန်အဆင့်လောက်
ဆိုရင်တောင် မြတ်စွာဘုရားရှင် ပညတ်တော်မူ
တဲ့သိက္ခာပုဒ်တွေကိုအသက်ဟူသောအကြောင်းကြောင့်တောင်မှ မချိုးဖောက်ကြတော့ပါဘူး။
စူဠ၀ဂ္ဂပါဠိတော်ခုဒ္ဒက၀တ္ထုက္ခန္ဓကမှာ
အရှင်ပိဏ္ဍောလဘာဇဒွါရမထေရ်ကိုအကြောင်းပြုပြီးတော့ (န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ
ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ အာပတ္တိဒုက္ကဋာ) လို့ ဘုရားရှင်က ပညတ်တော်မူ
ခဲ့တယ်။
(လူတွေကို တန်းခိုးမပြရ၊ ပြလျှင် ဒုက္ကဋ်အာပတ်သင့်၏)
ဒီနေရာမှာပိုပြီးနားလည်သပေါက်အောင်လို့
ဣဒ္ဓိသုံးမျိုးရှီတယ်ဆိုတာကို ရှင်းပြချင်သေးတယ်။
အဓိဋ္ဌာနိဒ္ဓိဝိကုဗ္ဗနိဒ္ဓိ
မနောမယိဒ္ဓိဆိုပြီး ဣဒ္ဓိသုံးမျိုးရှိတယ်။
တစ်ယောက်ကို အများဖြစ်အောင် အများကိုတစ်ယောက်ဖြစ်အောင်လုပ်ခြင်း၊ကိုယ်ယောင်ဖျေက်
ခြင်းစတဲ့ အရာတွေကို အဓိဋ္ဌာနိဒ္ဓိလို့ ခေါ်တယ်။
မိမိရဲ့ ပင်ကိုယ်မူလအသွင်သဏ္ဍာန်ကို ဖျောက်ပြီး
တော့ ကျားယောင်ဖန်ဆင်းပြတာ ဘီလူးအသွင်
ဖန်ဆင်းပြတာ စတဲ့ သူတစ်ပါးရဲ့ အသွင်အမျိုးမျိုး
ဖန်ဆင်းပြတာတွေကို ၀ိကုဗ္ဗနိဒ္ဓိလို့ခေါ်တယ်။
ပကတိခန္ဓာကိုယ်အတွင်း၌အလားတူခန္ဓာကိုယ်
တစ်ခု ရှိနေအောင်ဖန်ဆင်းပြတာကိုမနောမယိဒ္ဓိ
လို့ခေါ်တယ်။
ဒီဣဒ္ဓိသုံးမျိုးထဲက ၀ိကုဗ္ဗနိဒ္ဓိကို လူတို့အား
ပြရင်သာ ဒုက္ကဋ်အာပတ်သင့်တယ်လို့
အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။
ရှင်ဥပဂုတ်တန်ခိုးပြခန်းကို ပြန်လည်စဉ်းစား
ကြည့်လိုက်ပါ။ ကျားအဖြစ်ဖန်ဆင်းတာ ဘီလူး
အဖြစ်ဖန်ဆင်းတာ ဂဠုန်အဖြစ်ဖန်ဆင်းတာတွေ
ကို တွေ့ရပါလိမ့်မယ်။
ရဟန္တာဆိုတာ ဘုရားရှင် ဒီသိက္ခာပုဒ်ကို
ပညတ်ထားတယ်ဆိုတာ မသိရင်သာ ကျူးလွန်
မိချင် ကျူးလွန်မိမယ်။ ပညတ်ထားတယ်လို့ သိ
ရင် ဘယ်တော့မှ မချိုးဖောက်ဘူး။ အသက်သေမယ်ဆိုရင်တောင် မချိုးဖောက်ဘူး။
ရှင်ဥပဂုတ်ဟာ ဒီသိက္ခာပုဒ် ပညတ်ထားတာကို
မသိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းမယ်ဆိုရင်တော့ မိုးကြိုးပစ်တာကို ထန်းလက်ခြောက်နဲ့ ကာလိုက်တာနဲ့ အတူတူပဲလို့ ဆိုချင်တယ်။
ရှင်ဥပဂုတ်ရှိတာ မရှိတာ အပထား ဇာတ်လမ်းအရဆိုရင် ဘုရားပရိနိဗ္ဗာန်စံပြီးမှ သူပေါ်ခဲ့တာ
လေ။ မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဒါဆိုရင် အရှင်မဟာမောဂ္ဂလာန်ကြီး ၀ိကုဗ္ဗနိဒ္ဓိပြတာကျတော့ ဘာပြောမလဲ
(အောင်ခြင်းရှစ်ပါးက နန္ဒောပနန္ဒ နဂါးကို အောင်
တော်မူခြင်း ကိုဆိုလိုတာပါ)
ပညတ်တော်ကိုစဉ်းစားကြည့်လိုက်ပါ။ သေချာပြန်ပြီးတော့လေ..။
ပညတ်တော်မှာ “လူပုဂ္ဂိုလ်တို့ကို မပြရ”လို့ ပါတယ်
လေ။ဒါကြောင့် အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြ
ချိန်တုန်းက လူဝတ်ကြောင်တစ်ယောက်မှ အနား
မှာ မရှိဘူး။ အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြတာကို ဘယ်လူဝတ်ကြောင်မှလဲမမြင်တွေ့နိုင်
ပါဘူး။ ဒါကြောင့် အရှင်မဟာမောဂ္ဂလာန်ဟာ ဒီ
ပညတ်တော်ကို ချိုးဖောက်ရာမရောက်ပါဘူး။
နောက်တစ်ခုစဉ်းစားစရာရှိတာက အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက ဒီပညတ်တော်ကို ဘုရားရှင် မပညတ်ရသေးတာလဲ ဖြစ်နိုင်တယ်။
ရှင်ဥပဂုတ် ၀ိကုဗ္ဗနိဒ္ဓိပြချိန်က “မပြရ”လို့ ဘုရားရှင်
က ပညတ်ပြီးဖြစ်သလို သူ ၀ိကုဗ္ဗနိဒ္ဓိပြတာလဲ လူ
တွေ အုံနဲ့ကျင်းနဲ့ကို တွေ့မြင်ကြတာပါ။ (ဇာတ်အလမ်းရပြောတာနော်)
ရှင်ဥပဂုတ်ဟာ ယနေ့တိုင် အသက်ရှင်လျှက်ရှိ
ကာသမုဒ္ဒရာအတွင်း သီတင်းသုံးနေသည်ဟု
ပြော နေကြသောအကြောင်းလေးကို နည်းနည်းရှင်းပြပါရစေ ။
ရဟန္တာဖြစ်ပြီဆိုကတည်းက
ခန္ဓာကို စက်ဆုပ်ရွံရှာနေပါပြီ ဒီခန္ဓာကိုယ်ကြီး
အမြန်ဆုံး ပျက်ဆီးချင်နေပါတယ် ဒီခန္ဓာကိုယ်ကြီးရှိနေတာကိုက အပုပ်ကောင်တွေ တွယ်ကပ်
နေသည့်အလား ရွံရှာနေပါတယ်။
ဒါဆို ရှင်ဥပဂုတ်ဟာ ရဟန္တာဖြစ်ပြီး ယနေ့ အချိန်ထိတိုင် ဘာကြောင့်များအသက်ရှင်နေပြီး သတင်းသုံးနေရပါလဲ?
နေကိုကြည့်၍ဆွမ်စားခြင်းဆိုသောအရာမှလည်းမှားယွင်းသောအယူတစ်ခုပါ ။ ပုတုဇဉ်သာမဏေတောင် ဆွမ်းစားတဲ့အခါသပိတ်အမှတ်နဲ့စားရပါတယ် ။ ဒီလိုမထေရ်မြတ်ကနေကိုကြည့်၍ ဘာ
ကြောင့် ဆွမ်းစားရတာလဲ ?
xxxxxxxxxxxxxxxxxxxxxxx
ခုလောက်ဆိုတော်တော်ပြည့်စုံပြီ ဟုထင်ပါ
သည် ဦးဇင်းလက်လှမ်းမိသမျှကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။ စာချစ်သူ အနေ နဲ့ အမြင်ရှင်း
လောက်ပါပြီ။ ဦးဇင်း အနေ နဲ့ ထပ်ဆောင်းပြီးဝေ
ဖန်ပြရင် မလို လောက်တော့ ဘူး ဟုထင် မိပါသည် ။
ဆက်လက် ပြီး ကိုယ် ကွယ် ခြင်း မကိုးကွယ် ခြင်း ကတော့ စာချစ်သူ ကိုယ်ပိုင်ဆုံးဖြတ်
ရမဲ့ အပိုင်း သာဖြစ်ပါသည်။
တကယ် မရှိသော ရှင်ဥပဂုတ် ကို ရဟန်း တစ်ပါး အမှတ်နဲ့ ကိုးကွယ် ရင် အကျိုး မယုက်နိုင်ဘူးလို့ တစ်ချို့ ကလဲ ပြောကြပါသေးသည်။
မိရိုးဖလာ အယူ အဆ ဆိုတာ စွန့် နိုင်ဖို့ ခဲရင်းပါသည် ။
ဒါကြောင့် မိမိ ၏ ကိုယ်ပိုင် ဉာဏ်
ဖြင့် ကိုယ်ပိုင် ဆုံး ဖြတ်ကြပါလို့ ပဲ တိုက်တွန်းလိုက်ပါသည်။
ဦဇင်း အထင်းကတော့ မသေခြာတဲ့ အရာကို လှူဒါန်းခြင်းထက် သေခြာတဲ့ စာချ စာသင် သံဃာတော် အရှင်မြတ်များကို လှူဒါန်းခြင်း
သည် မိမိ အတွက်ရော သာသနာတော် ၏
အတွက်ပါပို၍ကောင်းသည် ဟုမြင်မိပါသည်။
xxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment