စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, January 2, 2016

မာန်​နတ်​ကိုဆုံးမခန်း..

ရှင်ဥပဂုတ် မာရ်နတ်ကြီးကို ဆုံးမလေပြီ'
xxxxxxxxxxxxxxxxxxxxxxxx

ရှင်ဥပဂုတ် မထေရ် ကောင်းကင်
ပြင်သို့ ဈာန်ဖြင့်ကြွသွားတော်မူပြီ။
ဘယ်လက်ကိုဆန့်တန်းတော်မူ
လိုက်ပါတယ်။
မထေရ်မြတ်၏ လက်ဝါးတော်ဖြင့်
မာရ်နတ်တိုက်ခိုက်သောလေပြင်းမှုန်တိုင်း
များကိုတားတော်မူပါတယ်။
။အလို ငါဖန်ဆင်းလိုက်တဲ့ မှုန်းတိုင်း
တွေဘယ်ရောက်ကုန်ပါလိမ့်။
။အော် လက်စသတ်တော့ ဟို
ရဟန်းက တားလိုက်တာကို ။
။တွေ့ကြသေးတာပေါ့ ငါလို
မာရ်နတ်ကို ဒင်းးက ဘာထင်ပါလိမ့်။
ရှင်ဥပဂုတ်မထေရ် သည်
အဖျက်မှုန်တိုင်းတွေကို တားဆီးလိုက်မှန်း
မာရ်နတ်ကြီးသိသွားပါပြီ။
။ငါလိုမာရ်နတ်ကို တားဆီးတဲ့
ကိုယ်တော် လွှင့်ပေတော့ လာ ပြီ ကွ
လက်နတ်မိုးတွေ ဟေ့။
မာရ်နတ်ကြီးလက်နတ်မိုးတွေ နဲ့
မထေရ်မြတ်ကို တိုက်ခိုက်ပါတော့တယ်။
ရှင်ဥပဂုတ်မထေရ် မြတ်သည်
တည်ငြိမ်စွာမာရ်နတ်ကြီး ပစ်လွှတ်လိုက်တဲ့လက်နတ်မိုးတွေကို ညာလက်ဖြင့်သိမ်းယူ
တော်မူပြီး စကြာဝဠာ ၏အပြင်သို့
ရောက်အောင်ပြစ်လွှတ်တော်မူလိုက်ပါ
တယ်။
တယ် ဒိကိုယ်တော်က ငါပြစ်တဲ့
လက်နတ်မိုးတွေ ကို ဖျက်စီးပြစ်လိုက်ပါ့
လား ဒိတစ်ခါတော့မီးကျီးမိုးနဲ့
ဒင်းတွေ့ပြီးပေါ့ ။
မာရ်နတ်ကြီး မီးကျီးမိုးတွေ နဲ့
အရှင်မြတ်ကိုပစ်ပါတော့တယ်။
။ရှင်ဥပဂုတ်မထေရ်သည်ဘယ်
လက်ဖြင့် မီးကျီးမိုးများကို တစ်ဖန်သိမ်း
တော်မူပြီစကြာဝဠာ အပြင်ဘက်သို့
ပစ်လွှက်လိုက်ပါတယ်။
အလို ဒိကိုယ်တော်က
တန်ခိုးကြီး လိုက်တာ ငါပြစ်လွှတ်တဲ့
လက်နတ်တွေ အရာမထင်ပါ့လား။
ကဲလေ ဒင်းကို လက်နတ်နဲ့
မရ ရင် ရတာနဲ့သတ်ရတော့မှာပေါ့။
ကောင်းကင်ပြင် တွင်ရှင်ဥပဂုတ်မထေရ်
မြတ်ကြိး မတ်တပ်ရပ်တော်မူပြီး မာရ်နတ်ရန်ကိုကာကွယ်တော် မူသည်ကို
တိုင်းသူပြည် မြင်ရသူ အပေါင်း
အံသြမှုများနှင့် မျက်တောင်မခတ် ငေး
မောနေကြပါတယ်။
xxxxxxxxxxxxxxxxxxxxxxxx
မာနတ်မင်းသည်မိမိ ကိုယ်ကို
နွားလားဥဿဘရောင်း ဖန်ဆင်းပြီး အလှူပွဲသို့ ပြေးလာပါတယ်။
ရှင် ဥပဂုတ်မထေရ် က ချက်ချင်း
ကျားယောင်ဖန် ဆင်းပြိး မာန်နတ်ကြီး ကိုလိုက်ပါတော့ တယ် ။

နွားလားဥဿဘလဲ ကျားကို တွေ့တော့
ထွက်ပြေးပါတယ်။
တဖန်မာနတ် သည် ထွက်ပြေးရင်းနဲ့
မိမိကိုယ်ကို ခေါင်း ၇ လုံးရှိတဲ့ နဂါးအသွင်ဖန်
ဆင်းပြိး ကျားကို ပြန်လိုက်ပါတယ်။
ဒိအခါမှာ ရှင်ဥပဂုတ်မထေရ် မြတ်ကြီး
က ကျား အသွင် မှ ဂဠုန် အသွင်းကို ပြောင်းလဲ ဖန်ဆင်းတော်မူ ပြီး နဂါးကြီးကိုပြန်လိုက်
ပါတယ် ။ နဂါး ကြိးလဲ ဂဠုန်ကိုတွေ့တဲ့ အခါမှာ ထန်ပင်မျှလောက်ရှိတဲ့တင်းလှံတံကြီးကိုကိုင်ထားတဲ့ ဘီလူးကြီးအသွင်ဖန်ဆင်းလိုက်ပါတယ်။

ဘီလူးကြီး အသွင်ဖန်ဆင်းထားတဲ့
မာန်နတ်က ဂဠုန်ကြီးကို လှံတံ နဲ့
ရိုက်သတ်ဖို့ ပြေးလာပါတယ်။
ရှင်ဥပဂုတ် မထေမြတ်သည် မာနတ်
အကြံကို သိတော်မူသဖြင့် အနားရောက်
မှ မိမိ ကိုယ်ကို မာနတ်ဖန် ဆင်းထားတဲ့ဘီးလူးကြီး ထက် နှစ်ဆကြီးအောင်ဖန်
ဆင်း တော်မူ ပြီး မာနတ်ကို လှံကြီးနှစ်ချောင်းနဲ့ရိုက်ဖို့ရွယ်တော်မူလိုက်ပါတယ်။

အရှင် မြတ် မရိုက်ပါနဲ့ ကြောက်ပါ
ပြီ ကြောက်ပါပြီ ။
မာရ်နတ်ကြီး မလွန်ကြောက်ရွံ
သွားတာကြောင့် ဘီးလူးကြီးရှေ့မှာ လူ
အသွင်ဖန် ဆင်းလိုက်ပါတယ်။
ရှင်ဥပဂုတ်မထေရ် မြတ်သည်
အပုပ်နံလှိုင်နေတဲ့ ခွေးသေကောင်ပုပ်
ကြီး ဖန်ဆင်းပြီးမာရ်နတ်လည်ပင်းမှာ
စွပ်ပေးလိုက်ပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxx
မာရ်နတ် ကြီးခဗျာ ခွေးသေ
ကောင်ပုပ်ကြီး လည်ပင်မှာ ဆွဲပြိး
စတုလောကပါလ နတ်သားထံသို့
သွားပါတယ်။
။ အလို မာန်နတ်မင်း သင့်လည်
ပင်က ခွေးသေကောင် ပုပ်ကြီး ကလဲ
နံလိုက်တာ ဆွဲစရာ ရှားလို့ ဒါကြီးဘာ
လို့ ဆွဲပြိး ကျွန်ုပ် ဗိမာန်ကိုလာတာတုံး။
။ မဟုက်ရပါ အဆွေလောကပါလ
နတ်သား ။ သင်တင်းမက ဘူး ကျွန်ူပ်လဲနံလှလို့သေလုမတတ်ခံစားနေရပါတယ်။
အဲဒါများ မာရ်နတ်မင်း ရယ် ချွတ်လိုက်
ပြိးတာပဲ နံ နံ ကြိး ဆွဲမထားပါနဲ့ သင်နဲ့ စကားပြောရင်းတောင်း နံ လှပါပြီ။
အဲဒါအကူ ညိတောင်းဖို့လာတာပါ
နတ်မင်း ရယ် ကျွနူ်ပ် ချွတ်မရလို့ သင်ရရင်
ချွတ်ပေးပါ ကျေးဇူးမမေ့ ပါဘူး ။
ကဲဒါဆိုလဲ ချွတ်ပေးမယ် ။
လောကပါလ နတ်မင်း လဲ ချွတ်ပေး
ဖို့ အတွက် မာရ်နတ်ရဲ့ အနားကို နှာခေါင်း
ပိတ်ပြိး သွာ ပါတယ် ။ ချွတ်ပေးဖို့ လက်နဲ့ဟန်ပြင် ရင်းမေးလိုက်ပါတယ်။
ဒါနဲ့ ခွေးသေးကောင်ပုပ်က ဘယ်လို
လုပ် ပြီး သင့် လည်ပင်း မှာရောက်နေရတာ
တုန်း မာရ်နတ်မင်း ရဲ့။
ရှင် ဥပဂုတ်ဆို တဲ့ ရဟန်း ဆွဲ ပေးလိုက်တာပါ နတ်မင်း။
လောကပါလနတ်မင်း ချက်ချင်း
မိမိလက်ကို ရုတ်လိုက်ပါတယ်။
အလို အဆွေတော က ရှင်ဥပဂုတ်
မထေရ် မြတ်ကြိး ကို စော်ကားလို့် ဖြစ်လိမ့်မယ် မထေရ်မြတ်ကြီးက ဘယ်သူကိုမှ သက်သက် မလုပ်ပါဘူး ။ မထေရ်မြတ်
ကြီး ဆွဲပေးတာဆို ကျွန်ူပ်မဖြုတ်ရဲဘူး။
ဘယ်သူမှ ဖြုတ်လဲ ရမှာ မဟုတ်ဘူး
ဒါကြောင့်မထေရ်မြတ်ကိုပြန်တောင်းပန်
လိုက်ပါ အဆွေမာရ်နတ်မင်း။
။ကဲ အသင် နတ်မကူညီချင်လဲနေ
ငါ့ဟာသာအခြားနတ်တွေအကူညီတောင်း
မယ် ။
။ဘယ်နယ် တစ်ခါလေး အကူညီ
တောင်းပါတယ်တောင်ပြောမြောက်ပြောနဲ့ ။
မာရ်နတ်မင်း စိတ်ဆိုးပြီ လောကပါလ
နတ်မင်း၏ ထံမှ ထွက်ခွါသွားပါတယ်။
xxxxxxxxxxxxxxxxxxxxxxx
အဆွေသိကြာမင်း အဆွေသိကြားမင်း။
သိကြားမင်း ထွက်လာပါတယ် အလို
မာရ်နတ် မင်းအသံ ပါလား ။
ဟာ နံလိုက်တာ ပုပ်စော်ကြီး ။
သိကြားမင်းကြီး ပုပ်စော်နံလို့ နှာခေါင်း
ကိုပိတ်လိုက်ပါတယ်။
။ မာန်နတ်မင်း ဘယ်လို ဖြစ်လို့
ခွေးသေကောင်ပုပ်ကြီး ကျူပ် ဗိမာန်
ယူလာရတာတုန်း ။
သိကြားမင်းရယ် ဒါ ကြီးအရင်
ဖြုတ်ပေးပါဗျာ ။
။ကိုယ်ဖာသာ ဖြုတ်လိုက်လေ
မာရ်နတ်မင်းရဲ ဘာခက်တာမှတ်လို့။
နံလိုက်တာ ဝေါ့ ဝေါ့။
ကျုပ်ကိုယ်တိုင် ဖြုတ်မရလို့
သင် သိကြားမင်းထံ အကူညီလာ
တောင်းတာပေါ့ ။
။ဟေ သင်ကိုယ်တိုင်ဘာလို့
ဖြုတ်မရတာ တုန်း မာရ်နတ်မင်းရဲ့
ဘယ်လို ဖြစ်ပြီး ဒိခွေသေကောင်ပုပ်
က သင့်လည်ပင်း ရောက်နေရတာ
တုန်း နည်းနည်းလောက်ပြောပါအုံး။
ရှင် ဥပဂုတ် ဆိုတဲ့ ကိုယ်တော်
တစ်ပါးပေါ့ ဗျာ ။ ကျုပ် လည်ပင်း ဆွဲ
ပေးလိုက်တာ။
အလို အလို ရှင် ဥပဂုတ်မထေရ်
မြတ်ကြီး ဆွဲပေးလိုက်တာ ဆို ကျုပ်လဲ
မဖြုတ်ပေးရဲ ဘူး ။ အရှင် မြတ်တန်ခိုး
နဲ့ ကျုပ် တန် ခိုး က နိုင်းယှဉ်လို့ မရဘူး
အဆွေ ။ အရှင်မြတ်ထံ ပြန်ပြီး ခုချက်
ချင်းတောင်းပန်လိုက်ပါ။
ဟူး အကူညီတောင်းပါတယ် ငါ့
ပြန်နှင်လွှတ်နေတယ်။ ဒိသိကြားမင်း လဲ
အသုံးကို မကျပါဘူး။
မာရ်နတ်ကြီး စိတ်ဆိုးမာန်ဆိုးနဲ့
သိကြားမင်း ဗိမာန် ကနေ ချက်ချင်းထွက်
သွားပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxx
မာရ်နတ်ကြိး ခင်ဗျာ သုယာမ နတ်
သန္တုဿိတ နတ် ၊ ဝဿဝတ္တီ နတ် နောက်
ဆုံး ဗြဟ္မာမင်း အထိ အကူညီ လိုက်တောင်း
ပင်မဲ့ ဘယ်သူမှ မကူညီနိုင်ကြဘူး။
နောက်ဆုံး မှာတော့ ရှင်ဥပဂုတ်မထေရ်
ထံ ပြန်သွားပြီး မထေရ်မြတ်ကို တောင်ပန်း
ပါတော့တယ်။
။အရှင်မြတ် တပည့်တော် အရှုံပေးပါ
ပြီ ဘုရား အရှင် ဘုရား နိုင်ပါတယ်။ တပည့်
တော်ကို ခွေးသေကောင် ပုပ်ကြိးပြန် ချွတ်
ပေးတော်မူပါ ဘုရား။
မာရ်နတ်ကြီး အရှင်မြတ်ထံ အသနား
ခံပါတော့တယ်။
မထေရ်မြတ်သည် မာရ်နတ်မင်း ကို
ခလေး တစ်ယောက်ကဲ့သို့ ကြည့်တော်မူပြီ
တစ်လုံးချင်းမိန့် ဟ တော်မူပါတယ်။
အသင်မာရ်နတ်မင်း သင့် အား ပြန်
ဖြုတ်ပေးပါမယ် ဒါပင် မဲ့ သင့် ကို ငါ ဖမ်း
တော့ထားရအုံး မယ် အလှူပွဲ ပြီးတဲ့
အထိပေါ့။
အရှင်မြတ်သည် မာရ်နတ်လည်ပင်းမှ
ခွေး သေကောင်ပုပ်ကို ပြန်ဖြုတ်တော်မူ၍
မိမိ၏ ခါးပန်းကြိုးကို ရှည်အောင်ဖန်ဆင်းပြီး
တောင် တစ်လုံး မှာ မာရ်နတ်ကို ချည်ထား
လိုက်ပါတော့တယ်။
အသင် မာရ်နတ်မင်း အသောက
မင်းကြီး ၏ အလှူ ပြီး သည့်တိုင် အောင်သင် ဘယ်မှ မသွား နဲ့ အလှူ ပြီး မှ ငါ
ကိုယ်တိုင် သင့် အားပြန်ဖြုတ်ပေးမယ်။
အရှင် မြတ်သည် မာနတ်အား
တောင်ခါးတွင်ကြိုးဖြင့်ချည်ထားခဲ့ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxx
            (( ပြီးပါပြီ ))

No comments:

Post a Comment