ရှင်ဥပဂုတ် မထေရ်မြတ် မာရ်နတ်ကိုတားဖို့ကြွလာပြီ'
💥💥💥💥💥💥💥💥
. လေပြင်း မှုန်တိုင်းများကို တာဆီးပေးတော်မူ
တဲ့ ရှင်ဥပဂုတ် မထေရ် ဇာတ်လမ်း ဒုတိယပိုင်းကို
ရေးသားပေးပါတော့မယ်။ အကယ်၍ ပထမပိုင်းကို
မဖတ်ရသေးပါက ဦးဇင်း wall ထဲမှာ ဝင်ရောက်ပြီး
ဖတ်နိုင်ပါတယ်။ ဇာတ်လမ်းပြီးဆုံး သွားရင် ဒိဇာတ်
လမ်းကြီးသည်ထေရဝါဒနှင့်ကိုက်ညီမူရှိမရှိကိုကျမ်း
အထောက်ထားများ ဆရာတော်ဘုရားကြီးများ ၏
အဆုံးဖြတ်များနှင့်ရေးသားပြပါမယ်သူတော်ကောင်း
အပေါင်းတို့။
xxxxxxxxxxxxxxxxxxxxxxx
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
ရာဇဂြိုလ်ပြည်သို့ဆွမ်းခံဝင်စဉ်ခုနစ်နှစ်သားအရွယ်
ပိယဒဿီ သူဌေးသားလေး သည်။ မြတ်စွာဘုရား
ရှင်အားကြည်ညိုသောစိတ်ဖြင့်မြေမှုန့်တွေကိုလက်
နှစ်ဖက်နှင့်ယူပြီး ဆွမ်းအမှတ်ဖြင့် သပိတ်ထဲ ထည့်
ပြီးလှူဒါန်းပါတယ်။ အဲဒိကလေးငယ်လေးရဲ့ အလှူ
ကို ဘုရားရှင်ကိုယ်တော်မြတ်ကြိး လက်ခံတော်မူ
ပြီး ပြုံတော်မူပါတယ်။
.
. မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြုံး
တော်မူအဖြင့် ဘုရားရှင်နောက်တော်မှာ အမြဲပါတဲ့
အရှင် အာနန္ဒာမထေရ်က ဘုရားရှင်အား လျှောက်
တင်ပါတယ်။
.
။ဘုန်းတော်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား
အဘယ်အချင်းအရာကို မြင်တော်မူသောကြောင့်ပြုံး
တော်မူပါ သနည်း ဘုရား?တပည့်တော်အား သနား
သောအားဖြင့်ဖြေကြားတော်မူပါဘုရား။
.
။ချစ်သား အာနန္ဒ...ဤသတို့သားငယ်သည် ကြည်
ညိုသောစိတ်ဖြင့် ငါဘုရား ရှင်အား မြေမှုန့် လှူဒါန်း
သော အကျိုး ကြောင့် နတ်ပြည်၌ ကြိမ်ဖန်များစွာခံ
စားပြီး ငါဘုရားသာသနာ အနှစ် ၂၁၈နှစ်သို့ရောက်
သောအခါ ပါဋလိပုတ်ပြည်ဝယ်အသောကဓမ္မရာဇာ
အမည်ဖြင့် ဘုန်းတန်ခိုးကြီးသောဘုရင်ဖြစ်လတ္တံ့။
.
။ထို ဘုရင်မင်းသည် ဥပဂုတ္တတိဿမထေရ် ကိုအမှီ
ရပြီး ကြီးကျယ်သော ကောင်းမူကြီးကို ပြုလိမ့်မယ်။
ထို ဥပဂုတ္တတိဿမထေရ် ၏တန်းခိုးအာနူဘော်ဖြင့်
မိမိကိုယ်ကို ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် တိုင်တိုင်
ဝါဂွမ်းတို့ ဖြင့် ပတ်ပြီး မီးပူဇော် လတ္တံ့ ။ လို့ဗျာဒိတ်
စကား မိန့်ကြားတော်မူပါတယ်။
xxxxxxxxxxxxxxxxxxxxxx
.
. ယ္ခု အချိန်မှာ မြတ်စွာဘုရားရှင် ၏ ဗျာဒိတ်
တော် ဖြစ်တော်မူလာပြီ။ ကိုရင်လေး ၏ ညွန်ပြချက်
ဖြင့်ရှင်ဥပဂုတ်ကိုခေါ်တော်မူရန်တောင်သမုဒ္ဒရာသို့
လွှတ်ဖို့ရဟန်းနှစ်ပါးကိုသံဃာ့မထေရ်ကြီးခေါ်တော်
ပါပြီ။
။ငါ့ရှင်နှစ်ပါး သင်တို့ ခုချက်ချင်း တောင်သမုဒ္ဒရာသို့
သွားကြကုန်လော့။ တောင် သမုဒ္ဒရာ `၌ ရှင်ဥပဂုတ်
မထေရ်ကို တွေလျှင် သံဃာ တော်များ အရှင်ဘုရား
အား အလိုရှိတော် မူတယ် ယခုချက်ချင်းကြွတော်မူ
ပါဟု ပင့်ဆောင်လာခဲ့ချေလော့ ။
. သံဃာ့ မထေရ်ကြီး ၏စကားအဆုံးတွင်ရဟန်း
သည်ကောင်းပါပြီး ဘုရား ဟုဝန်ခံ ကြပြီး ချက်ချင်း
ကောင်ကင်ခရီးဖြင့်တောင်သမုဒ္ဒရာသို့ ကြွသွားကြ
ပါတယ်။
.
. မာရ်နတ်မင်း ၏ ရန်ကို ကာကွယ်ဖို့ အတွက်
တန်ခိုး အလွန်ကြီးတဲ့ ရှင်ဥပဂုတ် မထေရ်မြတ်ကြီး
ကို သွာပင့်ဆောင်ကြပြီလေ။
xxxxxxxxxxxxxxxxxxxxx
. အလို့ ငါ့ထံသို့ ရဟန်းနှစ်ပါးကြွလာ ပါ့လား။
.
။အရှင်မြတ်တို့ ဘုရား ဘယ်အရပ်က နေ အဘယ်
ကိစ္စကြောင့်ကြွလာပါ သနည်း ဘုရား ။ ဤနေရာ
မှာထိုင်တော်မူကြပါဘုရား။
.
. ရှင်ဥပဂုတ်မထေရ်မြတ်ကြီး နေရာမှ ထပြီး
ကြိုဆိုနူတ်ခွန်းဆက်ပါတယ်။
.
။မှန်လှပါဘုရား တပည့်တော်တို့ အရှင်ဘုရားထံသို့
သီးသန့် လာရောက်ခြင်း ဖြစ်ပါတယ် ဘုရား။
.
။ တပည့် တော်ထံ သို့ ဘယ်လိုကိစ္စများကြောင့် လာ
ရခြင်းဖြစ်ပါ သနည်း ဘုရား။
.
။ မှန်လှပါ ဘုရားသံဃာတော်များသည်အရှင်ဘုရား
အရေးကြီးကိစ္စရှိသောကြောင့်ပင့်ဆောင်ခိုင်း ၍လာ
ရခြင်းဖြစ်ပါတယ် ဘုရား ။ သံဃာတော်များ အရှင်
ဘုရား အားစောင့်နေကြပါသည် ဘုရား။
.
။တပည့်တော်ကို သံဃာတွေက ခုစောင့်နေတာ
လားဘုရား။
.
။မှန်ပါ့ စောင့်နေကြပါသည်ဘုရား။
.
။ကောင်းပါပြီဘုရား တပည့်ခုချက်ခြင်းလိုက်ခဲ့ပါ
မယ်ဘုရား။.................
.
. တောင်သမုဒ္ဒရာ ပြင် ကောင်းကင်ထက်
ဝယ်သင်္ကန်း တလူလူဖြင့်ရဟန်း သုံး ပါး ကြွတော်
မူနေကြတာ ကောင်းကင်ပြင် က တိမ်တွေနဲ့ ပဏာ
သင့်လို့ပေါ့။
xxxxxxxxxxxxxxxxxxxx
.
. သံဃာမထေရ်ကြီးရှေ့တော်မှောက်မှာ ရဟန်း
တစ်ပါးလက်အုပ် ချီပြီး မျက်လွှာချထားပါတယ်။
.
. မထေရ်ကြီး ၏ နူတ်မှ မေတ္တာတို့ ဖြင့်လွှမ်းထုံ
ထားသော စကားသံတွေတစ်လုံးချင်းထွက်ပေါ်လာ
ပါပြီ။
။ ငါရှင် သင်သည် မိမိ ချမ်းသားကို ရှေ့ရှုလေ၏။
တစ်ပါးတည်း ဈာန်သမာပါတ်များ ခံစားပြီးနေလေ
၏။ လပြည့် လကွယ် သံဃာ့ ဥပုသ်ကံ ကို မပြု့ပေ၊
သံဃာ အပေါင်းကို ညိညွတ်ရမည် မည်သူမှာခဲ့ပါ
သနည်း?။
.
။မှန်လှပါ ဘုရား တပည့်တော်တို့ ၏ ကျေးဇူးရှင်
မြတ်ဗုဒ္ဓမှာ ကြားခဲ့ပါသည်ဘုရား။
.
။မှန်ပေ၏ငါ့ရှင် ညီညွတ်သောအဖွဲ့စည်းသည်အောင်
မြင်၏။ညီညွတ်သောမြို့ရွှာသည်ကြီးပွား၏။ ညီညွတ်
နိုင်ငံသည်တိုးတတ်ပေ၏။ ထို့ကြောင့်သံဃာသည်
ညီညွတ်ကြရပေမည် ။ ငါ့ရှင်သည် သံဃာ အစည်း
ဝေးသို့ မလာ။ ညီညွတ်ခြင်းအကျိုးငှာမလာသင့်၏။
ထို့ကြောင့် ငါ့ရှင် အား ဒဏ်ထားသင့်သည်မဟုက်
လော?။
.
။ မှန်လှပါ့ ဆရာတော်ဘုရား တပည့်တော်မှာ အပြစ်
ရှိပါတယ်ဘုရား တပည့်တော်အား သနားသောအား
ဖြင့်ထိုက်သင့်သောအပြစ်ဒဏ်ကိုပေးတော်မူပါအရှင်
မြတ်ဘုရား။
.
ကောင်းပြီ ငါ့ရှင် မနက်ဖန်မှစ၍ ခုနစ်နှစ် ၊ ခုနှစ်လ
ခုနစ်ရက် တိုင် သိရီ ဓမ္မသောက မင်းကြီး လှူကြီး
ပေးလိမ့် မည် ။ ထိုလှူကို မာရ်နတ် မဖျက်စီးနိုင်ရ
အောင် ငါ့ရှင် ကာကွယ် ပေးရမည်။ ဤတာဝန်ကို
ထမ်းဆောင်ရန်ငါ့ရှင်အား ဒဏ်ထားပြီ။
.
။မှန်လှပါ အရှင်သူမြတ်ကြီး ဘုရား တပည့်တော်
သံဃာတော် အရှင်မြတ်တို့ သတ်မှတ်သောဒဏ်
ကို ထမ်းဆောင်ပါ့မယ်ဘုရား။ အပြစ်ရှိ ဒဏ်ရှိနေ
တဲ့ ဘုရားတပည့်တော် အား သံဃာတော်အရှင်
မြတ်များ သနားသောအားဖြင့် ပြစ်ဒဏ်ခတ်ခြင်း
ကိုလဲ ဝမ်းမြောက်လှပါတယ် သံဃာတော် အရှင်
သူမြတ်တို့ ဘုရား။
.
. အရှင် ဥပဂုတ် မထေရ် သည်သံဃာတော်
များ ဖက်သို့ လှည့်ပြီး လက်အုပ်ချီ လိုက်ပါသည်။
သူတော်ကောင်း တို့ သည် မိမိအား ဆုံးမ အပြစ်
ပေးသူများကိုဝမ်းမြောက်ဝမ်းသာအရိုသေပြုတတ်
ကြပါတယ်။ အသိဉာဏ်နည်းတဲ့ သူမိုက်တွေက
တော့ မိမိအားဆိုဆုံးမသူများကိုခွေးကဲ့သို့သွားဖြဲ
ပြီးရန်ပြုလေ့ရှိပါတယ်။
.
" ပညာပြည့်ဝနှလုံးလှကြ၏" လို့ ရှေ့ပညာရှိများ
ဆိုကြသည်မဟုက် ပါလား။
xxxxxxxxxxxxxxxxxxxxxxx
. သံဃာ့မထေရ်ကြီးသည် ရဟန်းတော်များ
ဖက်သို့ မျက်နှာမူလျှက်။
။သံဃာတော် အရှင်သူမြတ် အပေါင်းတို့ ယ္ခု ဆွမ်း
စားရန် အချိန်နီးကပ်နေပြီ ။ဤ ရှင်ဥပဂုတ် မထေရ်
အား အဘယ် ရဟန်းဆွမ်း ကပ်လှူလိုသနည်း?။
.
. ခုခေတ်အလိုဆိုရင်တော့မထေရ်ကြိးက ဆွမ်း
လေးတောင်းမကပ်ခြင်ဘူးလို့ထင်ကြပါလိမ့်မယ်။
.
မဟုက်ပါဘူး မထေရ်ကြီးက ရှင်ဥပဂုတ်မထေရ် အား
လှူဒါန်းရတဲ့ကုသိုလ်ကောင်းမှု့ကိုပုထုဇဉ်သံဃာများ
ရစေလိုတာကြောင့် ခုလို့မိန့်ကြားတော်မူတာပါ။ ယ္ခု
လို သံဃာ့ အစည်းဝေးကို ရောက်လာကြတဲ့ သံဃာ
တွေထဲမှာတစ်ချို့က မြေလျှိုးမိုးပျံနိုင်တဲ့ လောကီဈာန်
လောက်သာ ရသေးတဲ့ ပုထုဇဉ် ရဟန်းတွေလဲ ပါကြ
ပါတယ်။အဲဒိလိုသာမာန်ပုထုဇဉ်ရဟန်းတွေအတွက်
ကုသိုလ် ရအောင်မထေရ်ကြီး က မိန့်လိုက်တာပါ။
.
. မထေရ်ကြီး စကားသံ အဆုံးမှာ ပရိတ်သတ်ထဲမှ
သံဃာတစ်ပါးရဲ့ အသံထွက်ပေါ်လာပါတယ်။
.
. အားလုံးသော ပရိတ်သတ်ကြီးရဲ့ အကြည့်တွေ
စုပြုံလို့ ပေါ့။
.
။ အရှင် ဘုရားတပည့်တော် အား ဆွမ်းကပ်ခွင်းပေး
သနားတော်မူပါဘုရား ။ တပည့်တော်ဟိုး ရှေ့ဘဝ
တုန်းက သူဋ္ဌေးသားဖြစ်ခဲ့ ပါတယ်ဘုရား ။ တပည့်
တော် ရဲ့ မိတ်ဆွေ သူဋ္ဌေးလေးယောက် ရဟန်းပြု
သွားတဲ့အခါ မိတ်ဆွေ ဆိုတဲ့ ချစ်ခြင်းသံယောဇဉ်
ကြောင့်တပည်တော့ ဆွမ်းလှူဒါန်းခဲ့ပါတယ်ဘုရား။
အဲဒိကောင်းမူ့ကြောင့်တပည့်တော်ဆွမ်းလေးသပိတ်
ရပါတယ်ဘုရား။ တပည့်တော်အတွက် သပိတ်တစ်
လုံး ချန်ပြီး ကျန်သုံးလုံးကို လှူလိုပါတယ်ဘုရား။
.
. ရှင်ဥပဂုတ်မထေရ် က အလှူမခံပါဘူး။တိုင်း
သူပြည်သားတွေ ကို ချီးမြောက်လိုတာကြောင့်ကိုယ်
တိုင်ဆွမ်းခံကြွဖို့ ဆုံးဖြတ်ပြီးသားပါ။ ဒါပင်မဲ့ လှူဒါန်း
တဲ့သူရှိတော့ အလှူမခံလို့လဲ မကောင်းပြန်ဘူး ။
အကြောင်းပြချက် ပေးပြီး ပယ်မှရတော့မှာပေါ့။
.
။မှန်လှပါအရှင်ဘုရား ....အရှင်မြတ် ၏ ဆွမ်းသည်
ရှေ့ဘဝက သဒ္ဓါကြောင့် လှူတာမဟုက်ဘဲ အချစ်
ဆိုတဲ့ သံယောဇဉ်ကြောင့်လှူတဲ့ကောင်းမူ ၏အကျိုး
ဖြစ်နေတယ်။ တပည့်တော်ကတော့ အစ အလယ်
အဆုံး သဒ္ဓါလို့ လှူတဲ့ ဆွမ်း ကို အလှူခံမယ်လို့ ဆုံး
ဖြတ်ထားတယ်ဘုရား ဒါကြောင့် အရှင်ဘုရားရဲ့ဆွမ်း
ကို အလှူမခံရပါစေနဲ့ ဘုရား။
.
. ဟူး တော်ပါသေးရဲ့တစ်ယောက်တော့ ကြံဖန်ပြီ
ပယ်လို့ ရပြီ။မတတ်နိုင်ဘူးလေကိုယ်ကတိုင်းသူပြည်
ုသားများစွာတို့ တစ်ဆွမ်းတစ်ခွက်ဝိုင်းလှူတဲ့ကုသိုလ်
ကုသိုလ်ရစေချင်တာကို နောက်မို့ ဒိဆွမ်းကို အလှူခံ
ရင် သူတို့ ဘယ်ကုသိုလ်ရတော့မှာလဲ?
.
. အလို ဆွမ်းအလှူရှင် နောက်တစ်ယောက်ပေါ်လာ
ပြန်ပါပကော။တတ်နိုင်ဘူးလေကြံဖန်ပယ်ရအုံးမှပေါ့.
xxxxxxxxxxxxxxxxxxxxxx
ဆက်ရန်..
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, January 2, 2016
ရှင်ဥပဂုတ်မာန်နတ်ကိုတားရန်ကြွလာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment