စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 2, 2016

အ​တွေးအ​ခေါ်ညံ့သူအဖြစ်​ကင်း​ဝေးကြပါ​စေ..

အတွေးခေါ် ညံ့သူအဖြင့် သက်မှတ်ခံရခြင်းမှ ကင်းပါစေ"'
***********************

မပြောဘူးလို့နေတာပါပဲ ဒါပင်မဲ့ပြောသင့်လာပြီထင်
လိုပြောရပါတော့မယ်။ ခုနောက်ပိုင် facebookမှာဒီပုံလေး
ကို အောက်ကနေ ကို လိုချင်သလောက်ငွေ ပမာဏရေး
ပြီး share လိုက်ပါ ၇ ရက်အတွင်း ငွေတွေဝင်လာပါလိမ့်
မယ် ယုံယုံကြည်ကြည်နဲ့ လုပ်ပါ ။ တကယ် အကျိုးထူးပါ
တယ်ဆိုတဲ့ ပုံတွေကို ခဏ ခဏ share ကြတာတွေတွေ့
နေရ မြင်နေရပါတယ်။တစ်ချို့ဆိုရင် teg တောင်လုပ်ကြ
ပါသေးတယ်။
ဦးဇင်းတို့ ဗုဒ္ဓဘာသာဆိုတာ ကံ ကံ၏အကျိုးကို ယုံ
ကြည်တဲ့ဘာသာဖြစ်ပါတယ် ။ကောင်းတာလုပ်ရင်ကောင်း
ကျိုးရမယ် ။ မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်လို့
ဗုဒ္ဓက လမ်းညွှန်ပြခဲ့ပါတယ်။ မိမိ ဉာဏ်နဲ့ အရာရာကို စဉ်း
စားဆုံးဖြတ်ကြဖို့ ကိုယ်ပိုင် ဉာဏ်ပွင့်လင်းအောင်ဗုဒ္ဓသည်
လမ်းပြတော်မူခဲ့ပါတယ်။ အခြား ဘာသာတွေလိုရမ်းပြီးယုံ
ရမယ် လို မဆုံးမခဲ့ ပါဘူး ။ အကြောင်း အကျိုး ကို ဝေဖန်
သုံသပ်ကြဖို့သာ ဆုံးမ ခဲ့တာပါ။
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး အကြောင်းအကျိုးကိုနည်း
နည်းလေးမှ မစဉ်းစားကြဘဲ သူတစ်ပါပြောတာကို ရမ်းယုံ
တာမကောင်းပါဘူး။ အရှင်သာရိပုတ္တရာလောင်းလျာကို သူ
ဆရာ ဒိဋ္ဌိကြီးက ဘာမေးလဲဆိုတော့ လောက ပညာဉာဏ်
ရှိသူနဲ့ မရှိသူဘယ်သူကများလဲ တဲ့။ အဲဒိတော့ အရှင် သာ
ရိပုတ္တရာလောင်းလျာက ဘာဖြေခဲ့လိုဆိုတော့ ပညာဉာဏ်
နည်းသူတွေက များပါတယ်တဲ့။ ဟုက်ပါတယ် ပညာဉာဏ်
နည်းသူတွေက များပါတယ်။ အဲဒါကြောင့် ဘာ မဟုက်တဲ့
ပုံတွေကို အဟုက်မှတ်ပြီး share နေကြတာတွေ ခဏခဏ
တွေ့နေရတာပါ။ကြည့်လိုက်ရင်commentတွေကလဲအများ
ကြီး အော် အတွေခေါ် အားနည်းပြီး ပညာမွဲတဲ့သူတွေများ
လိုက်တာလို့ ပဲတွေးမိလိုက်ပါတယ်။
အဲဒိပဲတွေတင်ပြီး like ရအောင်လုပ်နေတဲ့သူတွေ
ကလဲ လိမ်းလည်နည်းတွေ သုံးပြီးအောင်မြင်မူ့ရအောင်
ကြိုးစားနေတဲ့ လူလိမ်တွေပါ။ ကိုယ်မသိတာကို အမှန်လို့
ထင်ပြီး ပြောရင်တော့ မုသာဝါဒကံမထိုက်ပါဘူး။ကိုယ်က
မဟုက်မှန်းသိရက်သားနဲ့ပြောရင်တော့ မုသာဝါဒကံ ပါပဲ။
ဝစီကပြောမှ မုသာဝါဒ ကံထိုက်ထာမဟုက်ပါ ဘူး ။ကိုယ်
အမူရာနဲ့ပြောလဲ မုသာဝါဒကံထိုက်ပါတယ်။ အသိဉာဏ်
အတွေးခေါ် ညံတဲ့ သူတွေရဲ့ထောက်ခံမူကို ရတဲ့အောင်
မြင်မူ့ဆိုတာအကျိုးမရှိပါဘူး ။ ယောမင်းကြီး ဦးဘိုလှိုင်
သည်သူ့အားပညာမရှိသောသူများချီးမွှမ်းမှာကိုကြောက်
လို့ ငတာကို ငွေပေးပြီး နူတ်ပိတ်ခဲ့ပါတယ်။ ပညာမဲ့သူ
ချီးမွှမ်းခြင်း ပညာမဲ့ သူများ ထောက်ခံ အားပေး ခြင်းကို
ပညာမဲ့သူများသာ နှစ်သက်သဘောကျလေ့ရှိပါတယ်။
facebook ဆိုတာအသုံးပြု့သူရဲ့အဆင့်အတန်း
အတွေးအခေါ် အရည်အသွေး အကျင့်စရိုက်ကို ဖော်ပြ
ပါတယ်။ ဒိလူဟာ ဘယ်အစားထဲကလဲ ဆိုတာသူ့ wall
ကိုဝင်ကြည့်ရင် သိနိုင်ပါသည် ။ ပညာမဲ့ ပညာတတ် ၊
အတွေးခေါ် ရှိမရှိ ၊ အမျိုးကောင်းသားလူယဉ်ကျေးလား
အရိုင်းအစိုင်းလာဆိုတာ ကို ခန့်မှန်းကြည့်လို့ရပါတယ်။
ရှေ့ပညာရှိများသည် စကား စကား ပြောပါများ စကား
ထဲကဇာတိပြ တရားတရားဟောပါများတရားထဲကပါဠိရလို့ ဆုံးမခဲ့ကြပါတယ်။ ဒါကြောင့် အဲဒိလိုပုံမျိုးတွေကို
Share လုပ်မယ်ဆိုရင် ကိုယ်အပေါ် မိမိ မိတ်ဆွေများက နူတ်က ထုက်မပြောပင်မဲ့အတွေးခေါ်နည်းသူအဖြစ်သူတို့စိတ်ထဲမှာသက်မှတ်ထားပါလိမ့်မယ်။ ဦးဇင်းရဲ့
င်္friend တွေထဲမှာကို အသိဉာဏ်အတွေးခေါ်အားနည်း
တဲ့သူတွေပါနေတာဝမ်းနည်းဖွယ်တွေ့
နေရပါတယ်။
အမှားကို သိလို အမှန်ပြင်တာ ပညာရှိသူတော်တွေအလုပ်ပါ ။ အမှားမှန်းသိရက်နဲ့ ဆက်မိုက်နေ
ခြင်းသည် လူဖျင်း လူညံ့တွေရဲ့ အလုပ်ဖြစ်ပါတယ်။ ဒါ
ကြောင့် အရင် မသိလို့ share မိကြရင် လဲထားပါတော့
ခုသိတဲ့အချိန်ကစပြီးပြင်လိုက်ကြပါ။ မိမိ ရဲ့ မိတ်ဆွေ
ခင်မင်ရသူများ ရှိရင်လဲအကြောင်း သင့်လျှင်လမ်းမှန်ကို ပြုပြင်ပေးပါ ။ ကောင်းရာကောင်းကြောင်းပြုပြင်
ပေးခြင်းသည် မိတ်ဆွေကောင်းတို့ အလုပ်ဖြစ်ပါတယ်
သူတော်ကောင်းအပေါင်းတို့။
ှ အားလုံးသောစာဖတ်ပရိတ်သတ်သူတော်ကောင်းဓမ္မ
မိတ်ဆွေအပေါင်းတို့သည်ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်း
သာခြင်းနှင့်ပြည့်စုံကြသည်ဖြစ်၍ကောင်းသောလိုအင်ဆန္ဒ
ဟူသမျှတို့သည် တောင်းတတိုင်း ပြည့်ဝကြကုန်သည်ဖြစ်
ကြပါစေ။......

No comments:

Post a Comment