စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 8, 2016

သံသရာဟူသည်​ အဘယ်​နည်း..

သံသရာဟူသည်​ အဘယ်​နည်း..
**********************

   "" အရှင်​နာဂ​သေနဘုရား.. သံသရာဟူသည်​ အဘယ်​​ပါနည်း..""
   •• မင်းမြတ်​.. ဤအရပ်​ ဤဘုံ၌ ​မွေးဖွား၍ ​သေဆုံးပြီးလျှင်​ အခြားအရပ်​ အခြားဘုံ၌ ​မွေးဖွား၍ ​သေဆုံး၏။ ထိုမှတစ်​ဖန်​ အခြားအရပ်​ အခြားဘုံ၌ ​မွေးဖွားပြန်​၏။ ဤသည်​ပင်​လျှင်​ သံသရာ​ပေတည်း..။ ••

   "" အရှင်​ဘုရား၊ ဥပမာပြု​တော်​မူပါဦး ""
   •• မင်းမြတ်​၊ ​ယောက်ျားတစ်​​ယောက်​သည်​ သရက်​သီးကို စားကာ သရက်​​စေ့ကို စိုက်​ပျိုးရာ၏။ ထိုသရက်​​စေ့မှ အပင်​​ပေါက်​ကာ အသီး သီးလာ၏။ ထိုအသီးမှည့်​ကို စားကာ အ​စေ့ကို စိုက်​ပျိုးပြန်​ရာ၏။ ထိုအ​စေ့မှ အပင်​​ပေါက်​ကာ အသီးသီးပြန်​ရာ၏။ ဤသို့ ဆက်​ကာဆက်​ကာ စိုက်​ပျိုးလတ်​​သော်​ သရက်​ပင်​တို့၏ အဆုံးကို မမြင်​နိုင်​​ပေ။
မင်းမြတ်​.. ဤအတူသာပင်​ ဘ၀မဆုံးနိုင်​​အောင်​ ကျင်​လည်​​နေခြင်းသည်​ သံသရာ​ပေတည်း..••

   "" သင့်​​လျှော်​ပါ၏ဘုရား ""

                 ❆ မိလိန္ဒပဥှာ ❆
           မာဏ၀​ရေးသားပြုစုသည်​။

No comments:

Post a Comment