လောကီသရဏဂုံ (၄ ) မျိုး
••••••••••••••••••••••••••
၁. ရတနာသုံးပါးအား မိမိကိုယ်နှင့်အသက်ကို စွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သော .....အတ္တသန္နိယျာတနသရဏဂုံ
(( ဝေရဉ္စပုဏ္ဏားဆောက်တည်သော သရဏဂုံ))
၂. ရတနာသုံးပါးသည်သာလျှင် လဲလျောင်းမှီခိုရာဟု အားကိုးယုံကြည်ခြင်းဖြင့် ဆည်းကပ်သော .....တပ္ပရာယနသရဏဂုံ
(( အာဠာဝကဘီလူး ဆောက်တည်သော သရဏဂုံ ))
၃. ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သော ......သိဿဘာဝူပဂမနသရဏဂုံ
(( အရှင်မဟာကဿပမထေရ် ဆောက်တည်သော သရဏဂုံ ))
၎. ရတနာသုံးပါးတို့၌ ရှိခိုးမြတ်နိုးရိုသေခြင်းဖြင့် ဆည်းကပ်သော .....ပဏိပါတသရဏဂုံ
(( ဗြဟ္မယုပုဏ္ဏား ဆောက်တည်သော သရဏဂုံ ))
✏ ဘဒ္ဒန္တဥာဏာဘိဝံသ
📘မှတ်ကျင့်သင့်ရာ သုတပဒေသာ
No comments:
Post a Comment