ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း..
<><><><><><><><><><><><>
"" အရှင်ဘုရား ပဋိသန္ဓေ မနေရတော့သော ရဟန္တာပုဂ္ဂိုလ်သည် ဝေဒနာတစ်စုံတစ်ခုကို ခံစားရပါသေးသလော..""
®>> မင်းမြတ်.. အချို့သော ဝေဒနာကိုခံစားရ၏။ အချို့သောဝေဒနာကို မခံစားပေ.။<<®
"" အရှင်ဘုရား.. အဘယ်ဝေဒနာကို ခံစား၍ အဘယ်ဝေဒနာကို မခံစားရပါသနည်း..""
®>> မင်းမြတ်.. ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကို ခံစားရ၏။ စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို မခံစားရပေ..<<®
"" အရှင်ဘုရား.. ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကို အဘယ်သို့ ခံစားရ၍ စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို အဘယ်သို့ မခံစားရပါသနည်း..""
®>> မင်းမြတ်. ကိုယ်၌ဒုက္ခဝေဒနာ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သော ခန္ဓာငါးပါးနှင့် မကင်းသေးသောကြောင့် ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရ၏။
စိတ်၌ဖြစ်သော ဒုက္ခဝေဒနာ ဖြစ်ပေါ်ခြင်း၏ အကြောင်း မကောင်းသော ကိလေသာ တရားတို့ကို ပယ်ပြီးဖြစ်၍ ရဟန္တာပုဂ္ဂိုလ်သည် စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို မခံစားရပေ..<<®
"" အရှင်ဘုရား.. ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားနေရပါလျှက် အဘယ်ကြောင့် ပရိနိဗ္ဗာန် မစံပါသနည်း..""
®>> မင်းမြတ်.. ရဟန္တာပုဂ္ဂိုလ်တို့၌ ချစ်ခြင်း၊ မုန်းခြင်း မရှိတော့ပေ။ ရဟန္တာပုဂ္ဂိုလ်တို့သည် ပညာဖြင့် ဆင်ခြင်ကုန်၍ သေချိန်မကျသော ကိုယ်ခန္ဓာကို သေအောင် မပြုလုပ်ကြချေ။ သေရမည့်အခိျန်ကိုသာ စောင့်ဆိုင်း၍ နေကြကုန်၏..<<®
®>> မင်းမြတ် တရားစစ်သူကြီးဖြစ်ပေသော အရှင်သာရိပုတ္တရာသည် ..``` သေဆုံးခြင်းကို ငါမတောင့်တ။ အသက်မသေ တည်နေရခြင်းကိုလည်း ငါ မတောင်းတ..။ စင်စစ်သော်ကား အခစားအလုပ်သမားသည် လုပ်ခရမည့်အချိန်ကို စောင့်မျှော်၍ နေဘိသကဲ့သို့ သေဆုံးရမည့် အချိန်ကို စောင့်မျှော်၍ နေပါ၏။
***သေဆုံးခြင်းကို ငါမတောင်းတ..။ အသက်မသေ တည်နေရခြင်းကိုလည်း ငါ မတောင့်တ..။ စင်စစ်သော်ကား ဥာဏ်ပညာဖြင့် ကောင်းစွာ ယှဉ်စပ်၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သေဆုံးရမည့် အချိန်ကိုသာ ငါ စောင့်မျှော်၍ နေပါ၏...*** ဟု မိန့်ကြားတော်မူခဲ့ပေ၏။
"" သင့်လျော်လှပါပေ၏ ဘုရား..""
❆ မိလိန္ဒပဥှာ ❆
မာဏဝပြုစုသည်။
ဓမ္မမိတ်ဆွေ စာချစ်သူများအားလုံး ကျန်းမာချမ်းသာ ကောင်းကျိုးလိုရာ ပြည့်ဝကြပါစေသော်ဝ်။
No comments:
Post a Comment