ဘုရားရှင်သည် သဗ္ဗညူဟုတ်ပါ၏လော
***************************
"" အရှင်နာဂသေနဘုရား.. ဘုရားရှင်သည် အလုံးစုံကို အကုန်အစင် သိမြင်နိုင်သော သဗ္ဗညူဟုတ်ပါ၏လော..""
•• မင်းမြတ်.. ဘုရားရှင်သည် သဗ္ဗညူ ဟုတ်မှန်ပေ၏။ ••
"" အရှင်ဘုရား.. ထိုသို့ဖြစ်ပါလျက် တပည့်ရဟန်းတို့အား သိက္ခာပုဒ်များကို အဘယ်ကြောင့် ကြိုတင်၍ ပညတ်တော်မမူပါသနည်း..""
•• မင်းမြတ်.. သင်မင်းမြတ်၌ ဆေးဝါးမျိုးစုံကို သိမြင်တတ်ကျွမ်းသော ဆေးဆရာတစ်ယောက် ရှိပါ၏လော..••
"" အရှင်ဘုရား ရှိပါပေ၏..""
•• မင်းမြတ်၊ ထိုဆေးဆရာသည် ဘူနာအား ဆေးတိုက်ချိန်ရောက်မှ ဆေးတိုက်ပါသလော.. သို့မဟုတ်.. ဆေးတိုက်ချိန်မရောက်မီက ကြိုတင်၍ ဆေးတိုက်ပါသလော ..••
"" အရှင်ဘုရား.. ဆေးတိုက်ချိန်ရောက်မှ ဆေးတိုက်ပါ၏။ ဆေးတိုက်ချိန် မရောက်မီက ကြိုတင်၍ ဆေးမတိုက်ပါ ဘုရား..""
•• မင်းမြတ် .. ဤအတူသာပင် ဘုရားရှင်သည် အလုံးစုံကို အကုန်အစင် သိမြင်နိုင်သော သဗ္ဗညူ ဖြစ်ပါသော်လည်း တပည့်ရဟန်းတို့အား သိက္ခာပုဒ် ပညတ်ရန် အခွင့်အခါ မကြုံလာသေးမီ သိက္ခာပုဒ်ကို ပညတ်တော်မမူပေ။ အခွင့်အခါ ကြုံလာမှ ပညတ်တော်မူပေ၏...••
"" အရှင်ဘုရား.. သင့်လျော်လှပါပေ၏။ ""
★ မိလိန္ဒပဥှာ ★
မာဏ၀ရေးသားပြုစုသည်။
No comments:
Post a Comment