စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, February 3, 2016

ပဋိသ​န္ဓေမ​နေရ​တော့​ကြောင်းကိုယ်​တိုင်​သိနိုင်​သ​လော..

ပဋိသ​န္ဓေ မ​နေရ​တော့​ကြောင်း ကိုယ်​တိုင်​သိနိုင်​သ​လော..
🔹〰🔹〰🔹〰🔹〰🔹〰🔹

   "" အရှင်​နာဂ​သေနဘုရား.. ပဋိသ​န္ဓေ မ​နေရ​တော့​သော ပုဂ္ဂိုလ်​သည်​ ငါ ပဋိသ​န္ဓေ ​နေရ​တော့မည်​ မဟုတ်​ဟု သိနိုင်​ပါသ​လော..""
   •• မင်းမြတ်​.. သိနိုင်​​ပေ၏။ ••

   ""အရှင်​ဘုရား အဘယ်​သို့ သိနိုင်​ပါသနည်း..""
•• မင်းမြတ်​..  ပဋိသ​န္ဓေ​နေရခြင်း၏ အ​ကြောင်းဖြစ်​​သော အဝိဇ္ဇာနှင့်​ တဏှာ ကင်းပြတ်​ခြင်း​ကြောင့်​ ထိုသူသည်​ ငါ ပဋိသ​န္ဓေ ​နေရ​တော့မည်​မဟုတ်​ဟု သိနိုင်​​ပေ၏။ ••
     ""အရှင်​ဘုရား ဥပမာပြ​တော်​မူပါဦး ။""

   •••• မင်းမြတ်​ လယ်​သမားသည်​ လယ်​ကို ထွန်​ယက်​စိုက်​ပျိုးမှ စပါးကျီပြည့်​​အောင်​ စပါးများရ​ပေရာ၏။  ထိုလယ်​​သမားသည်​ ထွန်​ယက်​စိုက်​ပျိုးမှု မပြုဘဲ ​နေရာ၏။ ကျီမှာ ထည့်​ထား​သောစပါးတို့ကိုလည်း စား​သောက် ​ပေးကမ်း သုံးစွဲ၍ ကုန်​​လေရာ၏။  ထိုအခါ ထိုလယ်​သမားသည်​ ငါ့ကျီ၌ စပါးပြည့်​​တော့မည်​ မဟုတ်​ဟု သိနိုင်​ပါသ​လော..••
    "" အရှင်​မင်းမြတ်​ သိနိုင်​ပါ၏။

  ••• မင်းမြတ်​ ဤအတူသာပင်​ ပဋိသ​န္ဓေ ​နေရခြင်း၏ အ​ကြောင်းဖြစ်​​သော အဝိဇ္ဇာနှင့်​ တဏှာကင်းပြတ်​ခြင်း​ကြောင့်​ ထိုသူသည်​ ငါ ပဋိသ​န္ဓေ​နေရ​တော့မည်​မဟုတ်​ဟု သိနိုင်​၏။
   "" အရှင်​ဘုရား သင့်​​လျော်​လှပါ​ပေ၏ ""

[[ပဋိသ​န္ဓေ​နေရန်​ မရှိ​သော ပုဂ္ဂိုလ်​ကား ရဟန္တာဖြစ်​၏။]]

                ❆ မိလိန္ဒပဥှာ ❆
                    မာဏဝပြုစုသည်​။

No comments:

Post a Comment