စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 15, 2016

အစွဲကင်း

အစွဲကင်းရင် စိတ်မနာဘူး
~~~~~~~~~~~~~~~

ရုပ်ရှိရင် ရောဂါရှိတယ်။

စိတ်ရှိရင် ဝေဒနာရှိတယ်။

ရောဂါကို အမြစ်ပြတ်ရှင်းလို့ မရပါဘူး။

ရုပ်ရှိသမျှ ရောဂါအမြဲ ရှိနေမှာပဲ။

စိတ်ရှိသမျှ ဝေဒနာ အမြဲရှိနေမှာပဲ။

ဒါပေမဲ့ ကိုယ်သာနာစေ၊

စိတ်မနာအောင် ကျင့်ရမယ်တဲ့။

စိတ်မနာအောင် အစွဲကင်းဖို့ပါပဲ။

ငါ့ခြေထောက်က နာတယ်။

ငါ့ကျောက အောင့်တယ်ဆိုပြီး

အဲဒီ အစွဲကြောင့် မခံချင်ဘူး။

ပြောင်းချင် ပြင်ချင်တယ်။

မခံချင်တဲ့ စိတ်၊ ပျောက်ချင်တဲ့ စိတ်၊

ပြောင်းချင်တဲ့ စိတ်ကလေး 

အဲဒီ နာမ်သဘောတရားလေးကို

ဖြစ်တိုင်း ဖြစ်တိုင်း လိုက်သိသိပေးပါ။

~~~~~~~~~~~

(ရွှေဥမင်ဆရာတော် ဘုရားကြီး သြဝါဒ)

No comments:

Post a Comment