မိတ်ဆွေစစ်
>>>**<<<
စိတ်ကောင်းနှလုံးကောင်းရှိသော မိတ်ဆွေ
****************************
၁. ကျေးဇူ့ပြုတတ်သော ကောင်းသောစိတ်နှလူံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
(( ဥပကာရ မိတ်ဆွေ..))
၂. ချမ်းသာအတူ ဆင်းရဲလည်း အတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
(( သမာနသုခဒုက္ခ မိတ်ဆွေ ))
၃. အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
(( အတ္ထက္ခာယီမိတ်ဆွေ ))
၎. အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
(( အနုကမ္ပက မိတ်ဆွေ ))
ဥပကာရ မိတ်ဆွေ
**************
ကျေးဇူ့ပြုတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏...
၁. မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂. မူးယစ်မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃. ကြောက်ရွံနေသော မိတ်ဆွေ၏ အားကိုးရာဖြစ်၏။
၎. ပြုဖွယ်ကိစ္စဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆတက်သော စည်းစိမ် အထောက်အပံ့ကို ပေးတတ်၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူ့ပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
ဆောင်ပုဒ်
•••••••••••
မေ့လျော့စောင့်လှာ
ဥစ္စာစောင့်ရှောက်
ဘေးရောက်ကိုးကွယ်
ပြုဖွယ်ရှိက
နှစ်ဆဥစ္စာ
ချေးပေးလှာသည် ... လေးဖြာ ဥပကာရတည်း..။
✏ ဆရာတော်ဦးဗုဓ်
No comments:
Post a Comment