ပါဏာတိပါတ၏သိက္ခာပုဒ်(၂ )
**************************
ပဉ္စာနန္တရိယကံထိုက်သောအမှား
•••••••••••••••••••
သေဆေးအထိုးခံရသူမှာ မိဘဖြစ်နေလျှင်
ထိုးခိုင်းသောသားသမီးများမှာ ပဉ္စာနန္တရိယ
ကံထိုက်သည်။အသတ်ခံရသူ၏ သီလ
သမာဓိ ပညာ အကြီးအသေးအလိုက် သတ်သူမှာလည်း အကုသိုလ် အကြီးအသေးကွာ
ခြားသွားသည်။ သီလ သမာဓိ ပညာကြီးမားသူကိုသတ်လျှင်အပြစ်ကြီး၍
သီလ သမာဓိ ပညာနည်းသူကိုသတ်လျှင်
အပြစ်သေးသည်ဟုမှတ်ရမည်။
ပါဏာတိပါတ၏ဆိုးကျိုးများကိုပြောပြပါမယ်
ပါဏာတိပါတ်၊သူ့သက်သတ်က
ချို့တတ်အဂါင်္ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ် အသတ်ခံရ
အနားများလျက် ခြွေရံပျက်၍
အသက်တိုလျ ပြစ်များစွသည်
ရှောင်ကအပြန် အကျိုးတည်း။
သူ့အသတ်ကိုသတ်သောသူများသည်
ဖြစ်ရာဘဝတွင် မိခင်ဝမ်းတွင်းကတည်းက
ကိုယ်လက်အင်္ဂါမပြည့်စုံခြင်း ၊ရုပ်ရည်မှာမွဲပြာနေတတ်ကခင်း၊ အားအင်းခြောက်ခန်းပြီးချိနဲ့နေခြင်း၊လေလံထိုင်းမှိုင်းခြင်း၊
အမြဲတမ်း ကြောက်ရွံ့နေခြင်း ၊သူတစ်ပါးသတ်ခြင်းကိုခံရခြင်း၊သူတစ်ပါးမသတ်လျှင်မိမိကိုယ်မိမိသတ်သေခြင်း၊အနာရောဂါ
များခြင်း၊အခြွေအရံနည်းခြင်း၊
အသက်တိုးခြင်းတို့ဖြစ်သည်။
No comments:
Post a Comment