* " အကုသိုလ်၏ ရေသောက်မြစ် " *
မြတ်ဗုဒ္ဓက ~
" နတ်တို့အရှင်သိကြားမင်း ...
ရန်ငြိုးကင်းကုန်လျက် , ဒဏ်ကင်းကုန်လျက် , ရန်သူကင်းကုန်လျက် , စိတ်ဆင်းရဲခြင်းကင်းကုန်လျက် , အမျက်ထွက်ခြင်းကင်းကုန်လျက် , နေကြရပါစေဟု နတ် ,လူ ,အသူရာ ,နဂါး, ဂန္ဓဗ္ဗ နှင့် အခြားများးစွာသော ထိုသတ္တဝါ တို့အား တောင့်တခြင်း ဖြစ်၏။
ယင်းသို့တောင်းတခြင်း ဖြစ်သော်လည်း ထိုသတ္တဝါတို့သည်
ရန်ငြိုးရှိကုန်လျက် ,
ဒဏ်ရှိကုန်လျက် ,
ရန်သူရှိကုန်လျက် , စိတ်ဆင်းရဲခြင်းရှိကုန်လျက် ,
အမျက်ရှိကုန်လျက် ,
နေကြကုန်၏။
ဤသို့နေခြင်းသည် ' ဣဿာ ', 'မစ္ဆရိယ' ( မနာလိုခြင်း , ဝန်တိုခြင်း ) သံယောဇဉ် ကြောင့် ဖြစ်၏။ "
*********************
" ' ဣဿာ ' , ' မစ္ဆရိယ ' သည်
' ချစ်ခြင်း' , ' မုန်းခြင်း ' ဟူသော အခြေခံ ဖြစ်ရာ အကြောင်း ရှိ၏။
'ချစ်ခြင်း , မုန်းခြင်း ' ဖြစ်သော်
'ဣဿာ , မစ္ဆရိယ' ဖြစ်၏။
' ချစ်ခြင်း မုန်းခြင်း ' မရှိသော်
' ဣဿာ , မစ္ဆရိယ ' မဖြစ်။ "
***********************
" 'ချစ်ခြင်း ' , ' မုန်းခြင်း ' တို့သည် လိုချင်ခြင်း ' ဆန္ဒ ' ဟူသော
အခြေခံ ဖြစ်ရာ အကြောင်း ရှိ၏။
လိုချင်ခြင်း 'ဆန္ဒ ' ရှိသော်
'ချစ်ခြင်း , မုန်းခြင်း ' ဖြစ်၏။
လိုချင်ခြင်း ' ဆန္ဒ ' မရှိသော်
' ချစ်ခြင်း , မုန်းခြင်း ' မဖြစ် ။ "
************************
" လိုချင်ခြင်း ' ဆန္ဒ ' သည်
ကြံစည်ခြင်း 'ဝိတက် ' ( ကာမဝိတက် , ဗျာပါဒဝိတက် , ဝိဟိံသဝိတက် ) ဟူသော အခြေခံဖြစ်ရာ အကြောင်း ရှိ၏။
ကြံစည်ခြင်း ' ဝိတက် ' ရှိသော်
လိုချင်ခြင်း ' ဆန္ဒ ' ဖြစ်၏။
ကြံစည်ခြင်း ' ဝိတက် ' မရှိသော်
လိုချင်ခြင်း ' ဆန္ဒ ' မဖြစ် ။ "
************************
" ကြံစည်ခြင်း ' ဝိတက် ' သည်
သံသရာ ချဲ့ထွင်တတ်သည့် တရား 'ပပဉ္စသညာ ' အစု ( အဝိဇ္ဇာ , တဏှာ , မာန , ဒိဋ္ဌိ , သင်္ခါရ ) ဟူသော အခြေခံဖြစ်ရာ အကြောင်း ရှိ၏။
'သံသရာ ချဲ့ထွင်တတ်သည့် တရား အစု' ရှိသော် ကြံစည်ခြင်း' ဝိတက် ' ဖြစ်၏။
'သံသရာ ချဲ့ထွင်တတ်သည့် တရား အစု' မရှိသော် ကြံစည်ခြင်း 'ဝိတက်' မဖြစ် ။ "
~ ဟု ဟောတော်မူ ခဲ့ပါသည်။
( သက္ကပဉ္စသုတ် )
*******************************
No comments:
Post a Comment