စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, February 5, 2016

ရဟန်းများသည်​မိမိကိုယ်​ကိုချစ်​၍အသက်​ရှင်​​နေကြသ​လော

ရဟန်းများသည်​ မိမိကိုယ်​ကိုချစ်​၍ အသက်​ရှင်​​နေကြသ​လော
***************************
   "" အရှင်​နာဂ​သေနဘုရား ရဟန်းတို့သည်​ မိမိကိုယ်​ကို ချစ်​ပါသ​လော..""
   •• မင်းမြတ်​..  ရဟန်းတို့သည်​ မိမိကိုယ်​ကို မချစ်​​ပေ..••

   "" အရှင်​ဘုရား သို့ပါလျက်​ ရဟန်းတို့သည်​ အဘယ်​​ကြောင့်​ မိမိကိုယ်​ခန္ဓာ ဆက်​လက်​တည်​​နေ​စေရန်​ စားဝတ်​​နေမှု့ ပြု​သောအားဖြင့်​ ခင်​မင်​​နေကြပါကုန်​သနည်း။
မြတ်​နိုး​နေကြပါကုန်​သနည်း..""
   •• မင်းမြတ်​..  တစ်​ခါတစ်​ရံ သင်​မင်းမြတ်​သည်​ စစ်​တိုက်​စဉ်​ မြားထိမှန်​ဖူးပါသ​လော..••
   "" ထိမှန်​ဖူးပါ၏ ဘုရား..""
    •• မင်းမြတ်​.. ထိုမြှားထိမှန်​ထား​သော ဒဏ်​ရာကို လိမ်း​ဆေးဖြင့်​ လိမ်းပါသ​လော။ ဆီဖြင့်​ သုတ်​လူးပါသ​လော။ နူးညံ့​သော အ၀တ်​စဖြင့်​ ပတ်​တီးစည်း​ပေးပါသ​လော..••
   "" အရှင်​ဘုရား..  ​ဆေးလိမ်းပါ၏။ ဆီလူးပါ၏။ ပတ်​တီးစည်း​ပေးပါ၏။ ""
   •• မင်းမြတ်​.. အနာကို ချစ်​​သော​ကြောင့်​ ထိုသို့ပြုသ​လော..••
   "" အရှင်​ဘုရား.. အနာကို ချစ်​​သော​ကြောင့်​ ပြုခြင်းမဟုတ်​ပါ ဘုရား..""

   •• မင်းမြတ်​.. ဤအတူပင်​ ရဟန်းတို့သည်​ မိမိကိုယ်​ကို မချစ်​ကြ​ပေ။
မိမိကိုယ်​ကို လင်​မင်​မြတ်​နိုး၍ ကိုယ်​ခန္ဓာ ဆက်​လက်​တည်​ရှိ​နေ​စေရန်​ စားဝတ်​​နေမှု့များ ပြု​နေကြသည်​ မဟုတ်​​ပေ။. သာသနာ​တော်​မြတ်​ကြီးကို ချီး​မြှောက်​ပြုစုနိုင်​​စေရန်​သာ ကိုယ်​ကို ​ဆောင်​​နေကြ​ပေကုန်​၏။
  "" အရှင်​ဘုရား.. သင့်​​လျော်​လှပါ​ပေ၏ ""

                    ❆ မိလိန္ဒပဥှာ❆  
            မာဏ၀​ရေးသားပြုစုသည်​။            

No comments:

Post a Comment