စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, February 3, 2016

အဒိန္နာဒါနသိက္ခာပုဒ်​.၁

အဒိန္နာဒါနသိက္ခာပုဒ်( ၁)
**************************
အဒိန္နာ၊ မပေးသောဥစ္စာကို။
အာဒါန၊ယူခြင်း။
အဓိပ္ပါယ် ပြန်​လိုက်သောအခါ ပိုင်ရှင် သည်
ကိုယ်နှုတ်နှစ်းပါး တစ်ပါးပါးဖြင့် မပေးသောဥစ္စာကို ယူခြင်းဟုဖြစ်သည်။
အိမ်ရှင်များအိပ်မောကျနေချိန် တက်ခိုးမှခိုးခြင်းမြောက်သည်မဟုတ်။
တရားသူကြီးများ ဥပဒေအရာရှိများသည်
လာဘ်စားပြီးငွေများမှတရားနိုင်ပေးခြင်းသည်လည်းခိုးယူခြင်းပင်ဖြစ်သည်။
ပေတဝတ္ထု ပါဠိ တော်တွင် တရားသူကြီးပြိတ္တာဟူ၍
ထူးထူးခြားခြားရှိသည်။ ထိုပြိတ္တာသည်
အိုးပမာဏလောက်ကြီးမားသောမိမိ၏
ဝှေးစေ့ကြီးကျုထမ်းနေရသည်။ဠင်းတများ
ကျီးငှက်များက သူ၏ဝှေးစေ့ကြီးကိုလိုက်လံကိုက်ဖောက်စားသောက်နေကြသောကြောင့် သက်သက်သာသာနေရသည်မရှိဘဲ
ပြေးလွှားအော်ဟစ်၍သာနေရသည်။
သူသည်အတိတ်ဘဝက တရားသူကြီးဖြစ်စဉ်
အခါက အမှုသည်များထံမှမတရားလာဘ်စားခဲ့ဖူးသော အကုသိုလ်ကြောင့် ယခုလို
ဒုက္ခ ကိုခံစားနေရခြင်းဖြစ်သည်။
တရားသူကြီးများ လာဘ်စားခြင်း၊ဈေးသည်များအလေးခိုးခြင်း၊စပါး၊ပဲကုန်သည်များသည်
မိမိကဝယ်သောအခါတစ်တင်းကျော်ဆန့်သောတင်းတောင်းဖြင့်ချိန်ယူပြီးမိမိကပြန်ရောင်းသောအခါတစ်တင်းမပြည့်သောတောင်းဖြင့် ချိန်ရောင်းခြင်းသည် လည်း
ခိုးယူခြင်းပင်ဖြစ်သည်။ ခိုးနည်းမျာကိုတင်ပြရင်ရေး၍ကုန်နိုင်ဘွယ်မရှိ။အချုပ်အားဖြင့်
မသမာမှုမျိုးစုံကြောင့်ရသောဥစ္စာကြေးငွေမှန်သမျှကိုခိုးယူခြင်းဟုမှတ်ရမည်။
  ခိုးမှုတည်းဟူသော အဒိန္နာဒါနကံမြောက်ဖို့အတွက်အဂါင်္ငါးချက်ရှိသည်။ခိုးမှုကံမြောက်
မမြောက်သိနိုင်ရန် ဤအဂါင်္ငါးချက်ဖြင့်စိစစ်ရမည်။

ယင်းကား...
- သူတစ်ပါး ဥစ္စာဖြစ်ခြင်း
- သူတစ်ပါး ဥစ္စာဟုသိခြင်း
- ခိုးယူ လိုသောစိတ်ရှိခြင်း
- ခိုးယူမှုဖြစ်သော ကိုယ်မှု၊နှုတ်မှု၊လုံလတစ်ခုခုကိုပြု ခြင်း
- ခိုးယူမှုအောင်မြင်ခြင်းတို့ဖြစ်ပေသည်။
 

No comments:

Post a Comment