လောကီသရဏဂုံ (၄ ) မျိုး
••••••••••••••••
၁. ရတနာသုံးပါးအား မိမိကိုယ်နှင့်အသက်ကို စွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သော **အတ္တသန္နိယျာတနသရဏဂုံ
(( ဝေရဉ္စပုဏ္ဏားဆောက်တည်သော သရဏဂုံ))
၂. ရတနာသုံးပါးသည်သာလျှင် လဲလျောင်းမှီခိုရာဟု အားကိုးယုံကြည်ခြင်းဖြင့် ဆည်းကပ်သော **တပ္ပရာယနသရဏဂုံ
(( အာဠာဝကဘီလူး ဆောက်တည်သော သရဏဂုံ ))
၃. ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သော **သိဿဘာဝူပဂမနသရဏဂုံ
(( အရှင်မဟာကဿပမထေရ် ဆောက်တည်သော သရဏဂုံ ))
၎. ရတနာသုံးပါးတို့၌ ရှိခိုးမြတ်နိုးရိုသေခြင်းဖြင့် ဆည်းကပ်သော ...**ပဏိပါတသရဏဂုံ
(( ဗြဟ္မယုပုဏ္ဏား ဆောက်တည်သော သရဏဂုံ ))
✏ ဘဒ္ဒန္တဥာဏာဘိဝံသ
📘မှတ်ကျင့်သင့်ရာ သုတပဒေသာ
No comments:
Post a Comment