နောင်တနိဂုံးသတ်
•••••••••••••••••••
ဤသို့လောက
လူ့ဘ၀၌
သကျရူပံ
မိန့်သံဂါထာ
ကျမ်းအလာတိုင်း
ငယ်ခါကလျှင်
မသင်ပညာ
ဥစ္စာမရ
သူ့ကိုချစ်ဖျက်
သူ့သက်သတ်စား
သူ့မယား၌
ပြစ်မှားတုံဘိ
ပစ္စည်းရှိလျက်
စိုးစိမလှ
မွေးမြူမိဘ
မပြုရနှင့်
ဆုံးမ မနာ
ပညာရှိထံ
နည်းခံမမှတ်
အမြတ်မကျင့်
ဤဆယ်ဆင့်ကား
ကြီးရင့်ဇရာ
အိုသောခါလျှင်
ပူဆာနောင်တ
ရတတ်စွတည်း..။..။
&& မဃဒေ၀. &&
No comments:
Post a Comment