ပရိတ်တော်ရွတ်ချိန်ကာလ
*******************
၁။ ရွတ်ကြ ဖတ်ကြ ၊ ပရိတ္တ ၊ ခပ်သိမ်းခါကာလ။
၂။ ပရိတ်တော်မြတ် ရွတ်ဆိုအပ် မှတ်ကြချိန်ကာလ။
၃။ မင်္ဂလ, မေတ္တ ၊ နှစ်ဝထိုသုတ် ၊ ပြုလုပ်မင်္ဂလာ ၊ အိမ်တက်ရာ မှန်စွာ ရွတ်ဆိုကြ။
၎။ အန္တရာယ်ဥပဒ် ဖြစ်တုံလတ် ရွတ်ပါ ရတန။
၅။ ရန်ငြိုးဖွဲ့ခါ ထိတ်လန့်ခါ ရွတ်ပါ သုတ်မေတ္တ။
၆။ မြွေကင်းထူပြော အန္တရာယ်တော ရွတ်လော့ သုတ်ခန္ဓ။
၇။ မင်းဘေးကြုံသော်၊ လွတ်ရန်မျှော် ၊ ရွတ်လော့ သုတ်မောရ။
၈။ မီးဘေးသင့်က မှန်မုချ ရွတ်ကြ သုတ်ဝဋ္ဋ။
၉။ စစ်ဘေး စစ်မီး တောက်လောင်ညီး ၊ အပြီး ရွတ်ကြ ဓဇဂ္ဂ။
၁၀။ နာနာဘာဝ ၊ နှောင့်ယှက်က ၊ ရွတ်ကြ အာဋာနာဋိယ။
၁၁။ မီးဖွားသန့်စင်၊ ခက်ခဲလျှင်၊ သုတ်အဂုင်္လိမာလ။
၁၂။ ရောဂါဝေဒနာ ဖြစ်သောခါ ရွတ်ပါ ဗောဇ္ဈင်္ဂ။
၁၃။ စန်း, လဂ်ဇာတာ၊ ညှိုးသောခါ ရွတ်ပါ ပုဗ္ဗဏှ။
၁၄။ ကာယသုခ စိတ်သုခ မုချရကုန်ကြ။
❆ မဏိဇောတ ❆
ဓမ္မမိတ်ဆွေ သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်လုံးသုံးပါးစုံ ချမ်းသာသုခ ပြည့်ဝကြပါစေ။
No comments:
Post a Comment