စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, February 18, 2016
အတ္ထက္ခာယီမိတ်​​ဆွေ
အတ္ထက္ခာယီ မိတ်​​ဆွေ
**********^^^^^***********
   အကျိုးစီးပွားကို ​ပြောကြားတတ်​​သော ​ကောင်း​သောစိတ်​နှလုံးရှိသည့်​ မိတ်​​ဆွေစစ်​ကို ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​ သိအပ်​၏..
၁..မ​ကောင်းမှုမှ တားမြစ်​တတ်​၏။
၂.  ​​ကောင်းမှု၌ သက်​၀င်​​စေ၏။ တိုက်​တွန်းတတ်​၏။
၃. ​မကြားဖူး​သော တရားစကားကို ​ပြောကြားတတ်​၏။
၎. ​နတ်​ပြည်​​ရောက်​​ကြောင်း ခရီးလမ်းကို ​ပြောကြားတတ်​၏။
   ဤ​လေးပါး​သော အ​ကြောင်းတို့ဖြင့်​  ချမ်းသာအတူ, ဆင်းရဲအတူဖြစ်​​သော ​ကောင်း​သော စိတ်​နှလုံးရှိသည့်​ မိတ်​​ဆွေစစ်​ကို သိအပ်​၏။
ဆောင်​ပုဒ်
°•°•°•°•°•°
        ❆ ဆရာ​တော်​ဦး​ဗုဓ်
   ဓမ္မမိတ်​​ဆွေသူ​တော်​စင်​များသည်​လည်း မိတ်​​ဆွေတုများနှင့်​ ​ဝေး၍ မိတ်​​ဆွေစစ်​များနှင့်​သာ ကြုံစုံကြရပြီး ​ကောင်းကျိုးချမ်းသာများ ပြည့်​ဝနိုင်​ကြပါ​စေ​သော်​၀်​။
No comments:
Post a Comment